ဗစ္တိုးရီးယားေလး မွ တရားခြင္တြင္ တိက်စြာ ထြက္ဆိုနိုင္ခဲ့

0
4

စက္တင္ဘာ ၁၁
ယဥ္ေကႏြယ္

ယေန႔ ၆ ႀကိမ္ေျမာက္ရံုးခ်ိန္း တြင္ ဗစ္တိုးရီးယားေလးကို video conferencing ျဖင့္ ရံုးေတာ္မွ စစ္ေဆးေမးျမန္းမႈမ်ားလုပ္ေဆာင္ခဲ့သည္။

ထိုသို႔ လုပ္ေဆာင္ရာတြင္ ဗစ္တိုးရီးယားေလးမွ တရားခြင္တြင္ စစ္ေဆးေမးျမန္းမႈအား ထြက္ဆိုရာတြင္ ၎ ၏ မိဘမ်ားကို ေျပာျပမႈထက္ တိက်စြာ ထြက္ဆိုနိုင္ခဲ့ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေနေဒၚရြက္နုေအာင္က ေျပာသည္။

“ကေလးရဲ႕ ထြက္ဆိုခ်က္က မိဘေတြ ဆီေျပာတာထက္ကို ပိုတိက်ေသးတယ္။ ဆရာမ ႏွင္းနု က သူ႔ရဲ႕ ဖင္ဖုကို ေရေဆးေပးတယ္။ ဘယ္ေနရာ အစ ကေလးက လက္နဲ႔ ကိုင္ျပတယ္။ အဲ့ေလာက္အထိ ကို ကေလးက ဥာဏ္ေကာင္းတယ္။ဖင္ဖုက ဘယ္ေနရာလဲ။ ဖင္ဖုဆို နွစ္မ်ိဳး သူသိတယ္။ ရႈးရႈးေပါက္တဲ့ ဖင္ဖု ဆိုတာ လည္း သူေျပာျပတယ္။ကၽြန္မတို႔ က ဒီေနရာ မွာ ကေလးေလး ကိုကိုညီညီဆိုတဲ့ အသံုးအနႈန္းကိုေတာ့ မသံုးဘူး။ကိုကို အငယ္လို႔ေျပာတယ္။ ကိုကို အငယ္က သူ႔ရဲ႕ ဘက္ကို ထုတယ္ေပါ့။ကိုကို အႀကီး ကေတာ့ သူ႔ရဲ႕ ဖင္ဖုကို ဆိပ္တယ္ေပါ့ ။ အဲ့လိုမ်ိဳးကေလးေလး ကေျပာတယ္”ဟု ေဒၚရြက္နုေအာင္ ကေျပာသည္။

ဗစ္တိုးရီးယားေလးကို ယေန႔ စစ္ေဆးေမးျမန္းရာတြင္ တက္ၾကြရႊင္လန္းစြာျဖင့္ ေမးခြန္းအားလံုးကို မွန္ကန္စြာေျဖဆိုနိုင္ခဲ့ေၾကာင္း ေဒၚရြက္နုေအာင္က ေျပာသည္။

“ျပည္သူတစ္ရပ္လံုးရဲ႕ ပို႔တဲ့ ေမတၱာေၾကာင့္ ကေလးေလးဟာ ဒီေန႔မွာဆိုရင္ ပံုမွန္ထက္ကို ရႊင္ရႊင္လန္းလန္း တက္တက္ၾကြၾကြျဖစ္ပါတယ္။ အမွန္အတိုင္းေျပာရင္ ကၽြန္မတို႔က အရမ္းစိုးရိမ္ေနတယ္။ သမီးေလးက အရမ္းငယ္ေတာ့ တစခုခုဆိုဆို တရားခြင္မွာ နားလည္ မလည္ေတာ့ ေျပာခ်င္ရာေတြ ေျပာ မေျပာခ်င္ဘူးဆိုလည္း ကၽြန္မတို႔ ဘာမွ မတတ္နိုင္ဘူး။ေလ။ ရံုးေတာ္ကလည္း ဘာမွ တတ္နိုင္မွာ မဟုတ္ဘူးေလ။ ဒါေပမဲ့ ဒီေန႔ အခါ မွာ တစ္နိုင္ငံလံုးမွာ ရွိတဲ့ ျပည္သူေတြက သမီးေလးကို ပို႔တဲ့ ေမတၱာေၾကာင့္ သမီးေလးကို တကယ့္ကို မႀကံဳဖူးေအာင္ တက္တက္ၾကြၾကြရႊင္ရႊင္လန္းလန္းနဲ႔ ေမးတဲ့ ေမးခြန္းကို ေျဖနိုင္သြားပါတယ္”ဟု ၎ကေျပာသည္။

ထို႔ျပင္ သံသယ တရားခံဟု ယူဆထားသည့္ တရားခံယာဥ္ေမာင္ေအာင္ႀကီး၏ ဓာတ္ပံု (CCTV မွတ္တမ္းမွ Print ထုတ္ထားသည့္ ) အားျပသရာတြင္ ကေလးငယ္ေလးမွ သိရွိျခင္း မရွိေၾကာင္း ေျဖဆိုခဲ့သည္။

video conferencing စနစ္သည္ ကေလးငယ္ေလး၏ မ်က္ႏွာအား တစ္ခုခုျဖင့္ လုပ္ေဆာင္ျခင္း မျပဳရန္ စစ္ေဆးျခင္း စြပ္စြဲခံရသူ၏ မ်က္ႏွာအား ကေလးငယ္ကို video ျဖင့္ ျပသျခင္းျဖစ္ၿပိး အဆိုပါ နည္းကို နိုင္ငံတကာတြင္ က်င့္သံုးလ်က္ရွိေသာ္လည္း ျမန္မာနိုင္ငံတြင္ ရွားပါးနည္းလုပ္ေဆာင္မႈမ်ိဳးျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ စစ္ေဆးမႈမ်ား မလုပ္လုပ္မီ ၂ ရက္အလိုတြင္ ကေလးငယ္ေလးအား တရားရံုးျဖင့္ ရင္းႏွီးမႈရရွိေစရန္အတြက္ ၎ ၏ သူငယ္ခ်င္းမ်ားျဖင့္ တရားရံုးသို႔ လာေရာက္ေဆာ့ကစားေစခဲ့ေၾကာင္း သိရသည္။

လာမည့္ ၇ ႀကိမ္ေျမာက္ ရံုးခ်ိန္းကိုေတာ့ စက္တင္ဘာလ ၂၅ ရက္ေန႔ တြင္ ျပဳလုပ္သြားမည္ျဖစ္ၿပီး ယင္းေန႔ တြင္ ေက်ာင္းမွ ၀န္ထမ္းမ်ားကို စစ္ေဆးမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမလ ၁၆ ရက္ေန႔ က ေနျပည္ေတာ္ရွိ Wisdom Hill ေက်ာင္းတြင္ ျဖစ္ပြားခဲ့သည့္ အမႈကိစၥႏွင့္ ပတ္သက္ၿပိး တရားခံဟု ယူဆသူယာဥ္ေမာင္းေအာင္ႀကီးကို ပုဒ္မ ၃၇၆ ျဖင့္ ဒကၡိဏသီရိခရိုင္တရားရံုး တြင္ တရားစြဲဆိုထားရာ ဇူလိုင္လ ၁၅ ရက္ေန႔တြင္ ရံုးထုတ္စစ္ေဆးမႈမ်ား စတင္လုပ္ေဆာင္ခဲ့သည္။

—————————————-

(Unicode)

ဗစ်တိုးရီးယားလေး မှ တရားခွင်တွင် တိကျစွာ ထွက်ဆိုနိုင်ခဲ့

စက်တင်ဘာ ၁၁
ယဉ်ကေနွယ်

ယနေ့ ၆ ကြိမ်မြောက်ရုံးချိန်း တွင် ဗစ်တိုးရီးယားလေးကို video conferencing ဖြင့် ရုံးတော်မှ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်ရာတွင် ဗစ်တိုးရီးယားလေးမှ တရားခွင်တွင် စစ်ဆေးမေးမြန်းမှုအား ထွက်ဆိုရာတွင် ၎င်း ၏ မိဘများကို ပြောပြမှုထက် တိကျစွာ ထွက်ဆိုနိုင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်က ပြောသည်။

“ကလေးရဲ့ ထွက်ဆိုချက်က မိဘတွေ ဆီပြောတာထက်ကို ပိုတိကျသေးတယ်။ ဆရာမ နှင်းနု က သူ့ရဲ့ ဖင်ဖုကို ရေဆေးပေးတယ်။ ဘယ်နေရာ အစ ကလေးက လက်နဲ့ ကိုင်ပြတယ်။ အဲ့လောက်အထိ ကို ကလေးက ဉာဏ်ကောင်းတယ်။ဖင်ဖုက ဘယ်နေရာလဲ။ ဖင်ဖုဆို နှစ်မျိုး သူသိတယ်။ ရှုးရှုးပေါက်တဲ့ ဖင်ဖု ဆိုတာ လည်း သူပြောပြတယ်။ကျွန်မတို့ က ဒီနေရာ မှာ ကလေးလေး ကိုကိုညီညီဆိုတဲ့ အသုံးအနှုန်းကိုတော့ မသုံးဘူး။ကိုကို အငယ်လို့ပြောတယ်။ ကိုကို အငယ်က သူ့ရဲ့ ဘက်ကို ထုတယ်ပေါ့။ကိုကို အကြီး ကတော့ သူ့ရဲ့ ဖင်ဖုကို ဆိပ်တယ်ပေါ့ ။ အဲ့လိုမျိုးကလေးလေး ကပြောတယ်”ဟု ဒေါ်ရွက်နုအောင် ကပြောသည်။

ဗစ်တိုးရီးယားလေးကို ယနေ့ စစ်ဆေးမေးမြန်းရာတွင် တက်ကြွရွှင်လန်းစွာဖြင့် မေးခွန်းအားလုံးကို မှန်ကန်စွာဖြေဆိုနိုင်ခဲ့ကြောင်း ဒေါ်ရွက်နုအောင်က ပြောသည်။

“ပြည်သူတစ်ရပ်လုံးရဲ့ ပို့တဲ့ မေတ္တာကြောင့် ကလေးလေးဟာ ဒီနေ့မှာဆိုရင် ပုံမှန်ထက်ကို ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွဖြစ်ပါတယ်။ အမှန်အတိုင်းပြောရင် ကျွန်မတို့က အရမ်းစိုးရိမ်နေတယ်။ သမီးလေးက အရမ်းငယ်တော့ တစခုခုဆိုဆို တရားခွင်မှာ နားလည် မလည်တော့ ပြောချင်ရာတွေ ပြော မပြောချင်ဘူးဆိုလည်း ကျွန်မတို့ ဘာမှ မတတ်နိုင်ဘူး။လေ။ ရုံးတော်ကလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီနေ့ အခါ မှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေက သမီးလေးကို ပို့တဲ့ မေတ္တာကြောင့် သမီးလေးကို တကယ့်ကို မကြုံဖူးအောင် တက်တက်ကြွကြွရွှင်ရွှင်လန်းလန်းနဲ့ မေးတဲ့ မေးခွန်းကို ဖြေနိုင်သွားပါတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် သံသယ တရားခံဟု ယူဆထားသည့် တရားခံယာဉ်မောင်အောင်ကြီး၏ ဓာတ်ပုံ (CCTV မှတ်တမ်းမှ Print ထုတ်ထားသည့် ) အားပြသရာတွင် ကလေးငယ်လေးမှ သိရှိခြင်း မရှိကြောင်း ဖြေဆိုခဲ့သည်။

video conferencing စနစ်သည် ကလေးငယ်လေး၏ မျက်နှာအား တစ်ခုခုဖြင့် လုပ်ဆောင်ခြင်း မပြုရန် စစ်ဆေးခြင်း စွပ်စွဲခံရသူ၏ မျက်နှာအား ကလေးငယ်ကို video ဖြင့် ပြသခြင်းဖြစ်ပြိး အဆိုပါ နည်းကို နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ရှားပါးနည်းလုပ်ဆောင်မှုမျိုးဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးမှုများ မလုပ်လုပ်မီ ၂ ရက်အလိုတွင် ကလေးငယ်လေးအား တရားရုံးဖြင့် ရင်းနှီးမှုရရှိစေရန်အတွက် ၎င်း ၏ သူငယ်ချင်းများဖြင့် တရားရုံးသို့ လာရောက်ဆော့ကစားစေခဲ့ကြောင်း သိရသည်။

လာမည့် ၇ ကြိမ်မြောက် ရုံးချိန်းကိုတော့ စက်တင်ဘာလ ၂၅ ရက်နေ့ တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနေ့ တွင် ကျောင်းမှ ဝန်ထမ်းများကို စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မေလ ၁၆ ရက်နေ့ က နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် ဖြစ်ပွားခဲ့သည့် အမှုကိစ္စနှင့် ပတ်သက်ပြိး တရားခံဟု ယူဆသူယာဉ်မောင်းအောင်ကြီးကို ပုဒ်မ ၃၇၆ ဖြင့် ဒက္ခိဏသီရိခရိုင်တရားရုံး တွင် တရားစွဲဆိုထားရာ ဇူလိုင်လ ၁၅ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့သည်။

Leave a Reply