ျမန္မာ-ထိုင္း နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ား ထပ္မံဖြင့္လွစ္နိုင္ရန္ လုပ္ေဆာင္မည္

0
25

စက္တင္ဘာ ၁၂
ေဝေဝၿဖိဳး

ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံၾကားရွိ နယ္ စပ္ကုန္သြယ္ေရး ဂိတ္ေပါင္း၂၀ ရွိေသာ္လည္း တရားဝင္ ၅ ဂိတ္သာဖြင့္လွစ္ထားႏိုင္သျဖင့္က်န္ ၁၅ ဂိတ္ကို တရားဝင္ ထပ္မံ ဖြင့္လွစ္ႏိုင္ရန္ ႀကိဳးပမ္းလုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းစီးပြားေရးသံမွဴးႀကီး Mr.Thanawut Naigowit က ေျပာသည္။

ယခုလ ၁၁ ရက္က ရန္ကုန္ၿမိဳ႕႐ွိ Pullman Yangon CenterPoint Hotel ၌ ျပဳလုပ္သည့္ Thai Myanmar Business Matching in logistic 2019 တြင္ ၎ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ခုက ေစ့စပ္ညွိႏိႈင္းေဆြးေႏြးေနတဲ့ အဆင့္မွာပဲ ရွိေသးတယ္။ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံၾကားထဲမွာနယ္စပ္ဂိတ္ေပါင္း၂၀ ရွိတယ္။တရားဝင္ ဖြင့္လွစ္ထားတဲ့ နယ္စပ္ဂိတ္က ၅ ခု ရွိပါတယ္။ၾကားထဲမွာေသးေသး ေလးေတြက ၁၅ ခု ရွိပါတယ္။ အဲ့ဒီ ၁၅ ခုကို မၾကာခင္ အခ်ိန္အတြင္းမွာ တရားဝင္ ျဖစ္လာဖို႕အေရး နဲ႔ အရင္ကထက္ ကုန္သြယ္စီးဆင္းမႈ လြယ္ကူ ျမန္ဆန္လာေရးကို ႀကိဳးပမ္းေနပါတယ္”ဟု ၎က ေျပာသည္။

ႏွစ္ႏိုင္ငံၾကား နယ္စပ္ျဖတ္ေက်ာ္ ကုန္သြယ္ေရး ဂိတ္ေပါင္း၂၀ ဂိတ္ရွိေသာ္လည္း အဓိက အသံုးအမ်ား ဆံုးဂိတ္ ၂ ခုသာ ရွိေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံမွ နာမည္ႀကီး ကုမၸဏီ မ်ားႏွင့္ ျမန္မာ့စီးပြားေရးလုပ္ငန္းရွင္ တို႔ ေတြ႕ဆံုကာ အက်ိဳးတူစီးပြားေရး လုပ္ငန္းမ်ား ေဆြးေႏြးႏိုင္မည့္ျပပြဲမ်ား က်င္းပေပးျခင္းျဖင့္ ယင္းနယ္စပ္ဂိတ္မ်ားမွ တစ္ဆင့္ ႏွစ္ႏိုင္ငံကုန္သြယ္မႈဆိုင္ရာ အဝင္အထြက္သည္ ယခင္ကထက္ ပိုမိုအဆင္ေျပ ေခ်ာေမြ႕လာႏိုင္ဖြယ္ ရွိသည္ဟုဆိုသည္။

ႏွစ္ႏိုင္ငံကုန္သြယ္ေရးက႑တြင္ ေထာက္ပံ့ပို႔ေဆာင္ ေရးပိုမိုဖြံ႔ၿဖိဳးလာပါက မၾကာခင္ကာလအတြင္း တစ္ႏွစ္လွ်င္ ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၁၀ ဘီလီယံသို႔ ေရာက္ရွိမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

၁ နွစ္လ်ွင္ ျမန္မာ-ထိုင္း ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ ၇ ဘီလီယံ ခန္႔ရွိၿပီး အဓိကကုန္သြယ္မႈ ၈၀ ရာခိုင္နႈန္းကို နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္းသိရသည္။

“ထိုင္းနဲ႔ ျမန္မာက အိမ္နီးက်င္း ႏိုင္ငံလည္းျဖစ္တယ္ ၊ ၿပီးခဲ့တဲ့ မတ္လမွာလည္း နယ္စပ္ေက်ာ္ သယ္ယူပို႔ေဆာင္ေရးကို ေလာေလာလတ္လတ္ပဲ လက္မွတ္ထိုးထားတာဆိုေတာ့ ေနာက္ၾကရင္ ထိုင္းနဲ႔ျမန္မာေလေၾကာင္း၊ ေရေၾကာင္းအျပင္ ကုန္းလမ္းအေနနဲ႔ လဲ အမ်ားႀကီး သယ္ယူပို႔ေဆာင္ ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ၿပီးထိုးထားတဲ့ သေဘာတူညီခ်က္အရဆိုရင္ ထိုု္င္းႏိုင္ငံ ေမာ္ေတာ္ယာဥ္ က ျမန္မာႏိုင္ငံမွာ႐ွိတဲ့ သီလဝါကို တိုက္႐ုိက္ေရာက္မွာ၊ ျမန္မာျပည္က ကားေတြကလည္း ထိုင္းႏိုင္ငံ ေလဆိပ္ကို သြားႏိုင္ေတာ့မွာ ျဖစ္တဲ့အတြက္ ဒိအခ်ိန္ဟာ ဒီလို လုပ္ႏိုင္ဖို႔အတြက္ Logistics service ပူးေပါင္းေဆာင္ရြက္မွ ရမွာဆိုေတာ့ ဒီအခ်ိန္ကို အခ်ိန္ကိုက္ Business Matching ကို လုပ္ေပးတဲ့အတြက္ တစ္ဦးနဲ႔ တစ္ဦး နီးနီးကပ္ ေဆာင္ရြက္ရတယ္ဆိုေတာ့ နားလည္မူေတြ ရလာမယ္ ၊ ေ႐ွ႕ဆက္ပူေပါင္းေဆာင္ရြက္ႏိုင္ၿပီး ထိထိေရာက္ေရာက္ အက်ိဳး႐ွိမယ္လို႔ ထင္ပါတယ္။”ဟု ျမန္မာႏိုင္ငံ အျပည္ျပည္ဆိုင္ရာ ကုန္စည္ပို႔ေဆာင္ေရး ဝန္ေဆာင္မူ လုပ္ငန္း႐ွင္မ်ား အသင္း မွ ဥကၠ႒ ေဒၚေအးေအး ကေျပာသည္။

ယင္း ေဆြးေႏြးပြဲတြင္ ေရေျကာင္းကုန္စည္ပို႔ေဆာင္ေရး ၊ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရး ၊ ကုန္ပစၥည္း သိုေလွာင္ျခင္း ၊ ျဖန္႔ျဖဴးေရးႏွင့္ IT နည္းပညာ information ကုမၸဏီမ်ား အပါအဝင္ ထိုင္းနာမည္ႀကီး Logistics ကုမၸဏီေပါင္း ၁၅ ခု ပါဝင္ျပသ ေဆြးေႏြးခဲ့သည္။

————————————-

(Unicode)

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ထပ်မံဖွင့်လှစ်နိုင်ရန် လုပ်ဆောင်မည်

စက်တင်ဘာ ၁၁
ဝေဝေဖြိုး

မြန်မာ-ထိုင်းနှစ်နိုင်ငံကြားရှိ နယ် စပ်ကုန်သွယ်ရေး ဂိတ်ပေါင်း၂၀ ရှိသော်လည်း တရားဝင် ၅ ဂိတ်သာဖွင့်လှစ်ထားနိုင်သဖြင့်ကျန် ၁၅ ဂိတ်ကို တရားဝင် ထပ်မံ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံမှူးကြီး Mr.Thanawut Naigowit က ပြောသည်။

ယခုလ ၁၁ ရက်က ရန်ကုန်မြို့ရှိ Pullman Yangon CenterPoint Hotel ၌ ပြုလုပ်သည့် Thai Myanmar Business Matching in logistic 2019 တွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ခုက စေ့စပ်ညှိနှိုင်းဆွေးနွေးနေတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ မြန်မာ-ထိုင်းနှစ်နိုင်ငံကြားထဲမှာနယ်စပ်ဂိတ်ပေါင်း၂၀ ရှိတယ်။တရားဝင် ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်က ၅ ခု ရှိပါတယ်။ကြားထဲမှာသေးသေး လေးတွေက ၁၅ ခု ရှိပါတယ်။ အဲ့ဒီ ၁၅ ခုကို မကြာခင် အချိန်အတွင်းမှာ တရားဝင် ဖြစ်လာဖို့အရေး နဲ့ အရင်ကထက် ကုန်သွယ်စီးဆင်းမှု လွယ်ကူ မြန်ဆန်လာရေးကို ကြိုးပမ်းနေပါတယ်”ဟု ၎င်းက ပြောသည်။

နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ဂိတ်ပေါင်း၂၀ ဂိတ်ရှိသော်လည်း အဓိက အသုံးအများ ဆုံးဂိတ် ၂ ခုသာ ရှိကြောင်းသိရသည်။

ထိုင်းနိုင်ငံမှ နာမည်ကြီး ကုမ္ပဏီ များနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင် တို့ တွေ့ဆုံကာ အကျိုးတူစီးပွားရေး လုပ်ငန်းများ ဆွေးနွေးနိုင်မည့်ပြပွဲများ ကျင်းပပေးခြင်းဖြင့် ယင်းနယ်စပ်ဂိတ်များမှ တစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ အဝင်အထွက်သည် ယခင်ကထက် ပိုမိုအဆင်ပြေ ချောမွေ့လာနိုင်ဖွယ် ရှိသည်ဟုဆိုသည်။

နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍတွင် ထောက်ပံ့ပို့ဆောင် ရေးပိုမိုဖွံ့ဖြိုးလာပါက မကြာခင်ကာလအတွင်း တစ်နှစ်လျှင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံသို့ ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၁ နှစ်လျှင် မြန်မာ-ထိုင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ခန့်ရှိပြီး အဓိကကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

“ထိုင်းနဲ့ မြန်မာက အိမ်နီးကျင်း နိုင်ငံလည်းဖြစ်တယ် ၊ ပြီးခဲ့တဲ့ မတ်လမှာလည်း နယ်စပ်ကျော် သယ်ယူပို့ဆောင်ရေးကို လောလောလတ်လတ်ပဲ လက်မှတ်ထိုးထားတာဆိုတော့ နောက်ကြရင် ထိုင်းနဲ့မြန်မာလေကြောင်း၊ ရေကြောင်းအပြင် ကုန်းလမ်းအနေနဲ့ လဲ အများကြီး သယ်ယူပို့ဆောင် နိုင်တော့မှာ ဖြစ်ပါတယ်။ နောက်ပြီးထိုးထားတဲ့ သဘောတူညီချက်အရဆိုရင် ထိုု်င်းနိုင်ငံ မော်တော်ယာဉ် က မြန်မာနိုင်ငံမှာရှိတဲ့ သီလဝါကို တိုက်ရိုက်ရောက်မှာ၊ မြန်မာပြည်က ကားတွေကလည်း ထိုင်းနိုင်ငံ လေဆိပ်ကို သွားနိုင်တော့မှာ ဖြစ်တဲ့အတွက် ဒိအချိန်ဟာ ဒီလို လုပ်နိုင်ဖို့အတွက် Logistics service ပူးပေါင်းဆောင်ရွက်မှ ရမှာဆိုတော့ ဒီအချိန်ကို အချိန်ကိုက် Business Matching ကို လုပ်ပေးတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး နီးနီးကပ် ဆောင်ရွက်ရတယ်ဆိုတော့ နားလည်မူတွေ ရလာမယ် ၊ ရှေ့ဆက်ပူပေါင်းဆောင်ရွက်နိုင်ပြီး ထိထိရောက်ရောက် အကျိုးရှိမယ်လို့ ထင်ပါတယ်။”ဟု မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မူ လုပ်ငန်းရှင်များ အသင်း မှ ဥက္ကဋ္ဌ ဒေါ်အေးအေး ကပြောသည်။

ယင်း ဆွေးနွေးပွဲတွင် ရေကြောင်းကုန်စည်ပို့ဆောင်ရေး ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ၊ ကုန်ပစ္စည်း သိုလှောင်ခြင်း ၊ ဖြန့်ဖြူးရေးနှင့် IT နည်းပညာ information ကုမ္ပဏီများ အပါအဝင် ထိုင်းနာမည်ကြီး Logistics ကုမ္ပဏီပေါင်း ၁၅ ခု ပါဝင်ပြသ ဆွေးနွေးခဲ့သည်။

Leave a Reply