အႀကီးစားဒံုးက်ည္ပစ္ေလာင္ခ်ာ စမ္းသပ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားအတည္ျပဳ

0
3

စက္တင္ဘာ ၁၁
ႏိုင္ငံတကာသတင္း

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအြန္က အဂၤါေန႔မွာ အႀကီးစားဒံုးက်ည္အမ်ားႀကီးပစ္ႏိုင္တဲ့ေလာင္ခ်ာစမ္းသပ္တာကို ၾကည့္႐ွဳစစ္ေဆးခဲ့တယ္လို႔ ဗုဒၶဟူးေန႔မွာ ေျမာက္ကိုရီးယားအစိုးရပိုင္KCNAသတင္းေအဂ်င္စီကေဖာ္ျပပါတယ္။

အဂၤါေန႔မွာ ေျမာက္ကိုရီးယားက တာတိုပစ္ဒံုးက်ည္ေတြပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားဘက္က ေျပာထားတာပါ။

အလားတူဒံုးက်ည္ပစ္ေလာင္ခ်ာေတြကိုအရင္က ၾကည့္႐ွဳစစ္ေဆးခဲ့တဲ့ကင္က တိုက္ခိုက္ေရးမွာသံုးႏိုင္တဲ့စြမ္းရည္႐ွိလာၿပီလို႔ အတည္ျပဳေျပာဆိုခဲ့ၿပီး လုပ္ဖို႔က်န္ေနတာက လႈပ္႐ွားေနတုန္းစမ္းသပ္ပစ္လႊတ္ဖို႔ျဖစ္တယ္လို႔ ကင္ကေျပာပါတယ္။

ေနာက္ဆံုးေပၚအမ်ိဳးသားကာကြယ္ေရးနည္းလမ္းေတြရဖို႔ သူ႔ညီမကင္ယိုဂၽြန္းအပါအ၀င္ အရာ႐ွိေတြကို ေနာက္ထပ္တာ၀န္ေတြနဲ႔နည္းလမ္းကိုလည္း ကင္က ၫႊန္ၾကားခဲ့တယ္လို႔ KCNAကေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယားရဲ႕လက္နက္စမ္းသပ္မႈေတြဟာ နည္းပညာဖြံ႔ၿဖိဳးမႈေတြ႐ွိဖို႔နဲ႔ ကာကြယ္ေရးတည္ေဆာက္မႈအေသအခ်ာ႐ွိေနဖို႔ဆိုတဲ့ရည္ရြယ္ခ်က္ေတြေၾကာင့္ျဖစ္ႏိုင္တယ္လို႔ အကဲခတ္သူေတြကေျပာေပမဲ့ အဂၤါေန႔က စမ္းသပ္မႈကေတာ့ အေမရိကန္ကို သတင္းစကားေပးဖို႔ ခ်ိန္ကိုက္လုပ္တာျဖစ္ႏိုင္တယ္လို႔ သံုးသပ္ေနတာလည္း႐ွိေနပါတယ္။

တနလၤာေန႔မွာ ေျမာက္ကိုရီးယားဘက္က ေဆြးေႏြးမႈေတြျပန္လုပ္ဖို႔ဆႏၵ႐ွိေနတယ္လို႔ ထုတ္ေျပာခဲ့ၿပီးတဲ့ေနာက္ အဂၤါေန႔မနက္ပိုင္းမွာ ေျမာက္ကိုရီးယားက စမ္းသပ္မႈေတြလုပ္ခဲ့တာပါ။

အခုႏွစ္အတြင္း ၈ ႀကိမ္႐ွိေနၿပီျဖစ္တဲ့ ေျမာက္ကိုရီးယားဒံုးက်ည္ပစ္လႊတ္မႈေတြဟာ ကုလသမဂၢဆံုးျဖတ္ခ်က္ေတြကိုခ်ိဳးေဖာက္တာမ႐ွိဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ ထရမ့္ကေျပာခဲ့ေပမဲ့ အဂၤါေန႔မွာ ရာထူးကထုတ္ပယ္ခံခဲ့ရတဲ့အေမရိကန္အမ်ိဳးသားလံုျခံဳေရးအၾကံေပးပုဂၢိဳလ္ဂၽြန္ ေဘာ္တန္ကေတာ့ ကုလသမဂၢဆံုးျဖတ္ခ်က္ေတြကို ခ်ိဳးေဖာက္ေနတယ္လို႔ေျပာပါတယ္။

Source-Reuters
#ဥကၠာ
#TheFifthWaveNews
Photo-KCNA

———————————————

အကြီးစားဒုံးကျည်ပစ်လောင်ချာ စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားအတည်ပြု

စက်တင်ဘာ ၁၁
နိုင်ငံတကာသတင်း

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က အင်္ဂါနေ့မှာ အကြီးစားဒုံးကျည်အများကြီးပစ်နိုင်တဲ့လောင်ချာစမ်းသပ်တာကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ မြောက်ကိုရီးယားအစိုးရပိုင်KCNAသတင်းအေဂျင်စီကဖော်ပြပါတယ်။

အင်္ဂါနေ့မှာ မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်တွေပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ပြောထားတာပါ။

အလားတူဒုံးကျည်ပစ်လောင်ချာတွေကိုအရင်က ကြည့်ရှုစစ်ဆေးခဲ့တဲ့ကင်က တိုက်ခိုက်ရေးမှာသုံးနိုင်တဲ့စွမ်းရည်ရှိလာပြီလို့ အတည်ပြုပြောဆိုခဲ့ပြီး လုပ်ဖို့ကျန်နေတာက လှုပ်ရှားနေတုန်းစမ်းသပ်ပစ်လွှတ်ဖို့ဖြစ်တယ်လို့ ကင်ကပြောပါတယ်။

နောက်ဆုံးပေါ်အမျိုးသားကာကွယ်ရေးနည်းလမ်းတွေရဖို့ သူ့ညီမကင်ယိုဂျွန်းအပါအဝင် အရာရှိတွေကို နောက်ထပ်တာဝန်တွေနဲ့နည်းလမ်းကိုလည်း ကင်က ညွှန်ကြားခဲ့တယ်လို့ KCNAကဖော်ပြပါတယ်။

မြောက်ကိုရီးယားရဲ့လက်နက်စမ်းသပ်မှုတွေဟာ နည်းပညာဖွံ့ဖြိုးမှုတွေရှိဖို့နဲ့ ကာကွယ်ရေးတည်ဆောက်မှုအသေအချာရှိနေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေကြောင့်ဖြစ်နိုင်တယ်လို့ အကဲခတ်သူတွေကပြောပေမဲ့ အင်္ဂါနေ့က စမ်းသပ်မှုကတော့ အမေရိကန်ကို သတင်းစကားပေးဖို့ ချိန်ကိုက်လုပ်တာဖြစ်နိုင်တယ်လို့ သုံးသပ်နေတာလည်းရှိနေပါတယ်။

တနင်္လာနေ့မှာ မြောက်ကိုရီးယားဘက်က ဆွေးနွေးမှုတွေပြန်လုပ်ဖို့ဆန္ဒရှိနေတယ်လို့ ထုတ်ပြောခဲ့ပြီးတဲ့နောက် အင်္ဂါနေ့မနက်ပိုင်းမှာ မြောက်ကိုရီးယားက စမ်းသပ်မှုတွေလုပ်ခဲ့တာပါ။

အခုနှစ်အတွင်း ၈ ကြိမ်ရှိနေပြီဖြစ်တဲ့ မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မှုတွေဟာ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကိုချိုးဖောက်တာမရှိဘူးလို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောခဲ့ပေမဲ့ အင်္ဂါနေ့မှာ ရာထူးကထုတ်ပယ်ခံခဲ့ရတဲ့အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဂျွန် ဘော်တန်ကတော့ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတယ်လို့ပြောပါတယ်။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo-KCNA

Leave a Reply