တပ္မေတာ္ ဂုဏ္သိကၡာက်ဆင္းေအာင္ေျပာဆိုတယ္ ဆိုၿပီး ျမဝတီမင္းႀကီးေက်ာင္းတိုက္ဆရာေတာ္ကို တရားရံုးဦးတိုက္ေလွ်ာက္

0
3

စက္တင္ဘာ ၁၁
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ျမဝတီမင္းႀကီးေက်ာင္းတိုက္ ဆရာေတာ္ ဦးအရိယာဝံသာဘိဝံသ အား တပ္မေတာ္ ဂုဏ္သိကၡာက်ဆင္းေအာင္ေျပာဆိုသည္ဟုဆိုကာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္ထားေၾကာင္း သိရသည္။

အဆိုပါ ဦးတိုက္ေလွ်ာက္ထားသူမွာ တပ္မေတာ္အရာရွိတစ္ဦးျဖစ္ၿပီး တရားရံုးက စစ္ေဆးမႈမ်ားျပဳလုပ္ရန္ ရဲတပ္ဖြဲ႕သို႔ ခ်ထားေပးခဲ့ေၾကာင္း သိရသည္ ။

“သူတို႔က ကေယာင္ေျခာက္ျခားျဖစ္ၿပီးေတာ့ မလုပ္သင့္တာလုပ္ေနတာထင္တာပါပဲ ။ အရင္ကလည္း မလုပ္သင့္တာေတြ လုပ္တာပါပဲ ။ စစ္တပ္ဆိုတာ စီးပြားေရးေတြ ႏိုင္ငံေရးေတြ လုပ္ရမွာမဟုတ္ပဲ ။ ေနာက္ၿပီးေတာ့ လႊတ္ေတာ္ထဲမွာ ဘာဥပေဒအရ ခြင့္ျပဳတယ္ေျပာေျပာ ျပည္သူ႔ဆႏၵမပါပဲနဲ႔ ဝင္ထိုင္ေနတာေတြက အႏိုင္က်င့္တာတစ္မ်ိဳးပဲ။´´ ဟု ျမဝတီမင္းႀကီးေက်ာင္းတိုက္ ဆရာေတာ္ ဦးအရိယာဝံသာဘိဝံသ က ေျပာသည္ ။

တိုင္းျပည္မပ်က္စီးေရးအတြက္ ေဝဖန္ေထာက္ျပေနျခင္းျဖစ္ေၾကာင္း ႏွင့္ ေနာက္ထပ္ ေဝဖန္ေထာက္ျပမႈမ်ားကိုလည္း ဆက္လုပ္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ဦးအရိယာဝံသာဘိဝံသ က ဆက္လက္ ေျပာသည္ ။

သတင္းဌာနတစ္ခုက ေမးျမန္းသည့္ ကိစၥႏွင့္ ပတ္သက္၍ ျပန္လည္ေျဖၾကားထားသည့္ ကိစၥႏွင့္ ပတ္သက္၍ တရားရံုးဦးတိုက္ေလွ်ာက္ထားျခင္းျဖစ္ေၾကာင္း သိရသည္ ။

—————————————

(Unicode)

တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင်ပြောဆိုတယ် ဆိုပြီး မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ကို တရားရုံးဦးတိုက်လျှောက်ထား

စက်တင်ဘာ ၁၁
နိုင်လင်းဦး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ အား တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင်ပြောဆိုသည်ဟုဆိုကာ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားကြောင်း သိရသည်။

အဆိုပါ ဦးတိုက်လျှောက်ထားသူမှာ တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး တရားရုံးက စစ်ဆေးမှုများပြုလုပ်ရန် ရဲတပ်ဖွဲ့သို့ ချထားပေးခဲ့ကြောင်း သိရသည် ။

“သူတို့က ကယောင်ခြောက်ခြားဖြစ်ပြီးတော့ မလုပ်သင့်တာလုပ်နေတာထင်တာပါပဲ ။ အရင်ကလည်း မလုပ်သင့်တာတွေ လုပ်တာပါပဲ ။ စစ်တပ်ဆိုတာ စီးပွားရေးတွေ နိုင်ငံရေးတွေ လုပ်ရမှာမဟုတ်ပဲ ။ နောက်ပြီးတော့ လွှတ်တော်ထဲမှာ ဘာဥပဒေအရ ခွင့်ပြုတယ်ပြောပြော ပြည်သူ့ဆန္ဒမပါပဲနဲ့ ဝင်ထိုင်နေတာတွေက အနိုင်ကျင့်တာတစ်မျိုးပဲ။´´ ဟု မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ က ပြောသည် ။

တိုင်းပြည်မပျက်စီးရေးအတွက် ဝေဖန်ထောက်ပြနေခြင်းဖြစ်ကြောင်း နှင့် နောက်ထပ် ဝေဖန်ထောက်ပြမှုများကိုလည်း ဆက်လုပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးအရိယာဝံသာဘိဝံသ က ဆက်လက် ပြောသည် ။

သတင်းဌာနတစ်ခုက မေးမြန်းသည့် ကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားထားသည့် ကိစ္စနှင့် ပတ်သက်၍ တရားရုံးဦးတိုက်လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည် ။

Leave a Reply