ယီမင္ကစစ္ရာဇ၀တ္မႈေတြအတြက္ ကမာၻ႔အေနာက္ျခမ္းအင္အားႀကီးႏိုင္ငံေတြတာ၀န္ခံရႏိုင္တယ္လို႔ ကုလသမဂၢသတိေပး

0
43

စက္တင္ဘာ ၄
ႏိုင္ငံတကာသတင္း

ယီမင္ႏိုင္ငံက ပဋိပကၡေတြကိုေထာက္ပံ့ေနလို႔ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္နဲ႔ အီရန္ႏိုင္ငံတို႔ဟာ စစ္ရာဇ၀တ္မႈေတြအတြက္ တာ၀န္ခံရႏိုင္တယ္လို႔ ကုလသမဂၢကၽြမ္းက်င္သူေတြက သတိေပးပါတယ္။

ယီမင္က စစ္ရာဇ၀တ္မႈေတြကို အေထာက္အပံ့ေပးေနတာနဲ႔ကူညီေနတာေတြအတြက္အတြက္ အဲဒီႏိုင္ငံေတြတာ၀န္ခံရႏိုင္တယ္လို႔ အစီရင္ခံစာသစ္တစ္ေစာင္မွာသတိေပးေနတာပါ။

အေနာက္ႏိုင္ငံေတြက ယီမင္အစိုးရကိုေထာက္ခံတဲ့ေဆာ္ဒီဦးေဆာင္တဲ့ၫႊန္႔ေပါင္းတပ္ဖြဲ႔ေတြကို လက္နက္ေတြနဲ႔ေထာက္ပံ့ပို႔ေဆာင္ေရးကိစၥေတြမွာ အကူအညီေပးေနၿပီး အီရန္ကေတာ့ ဟူသီသူပုန္ေတြကို ေနာက္ခံေပးထားတာပါ။

ႏွစ္ဖက္စလံုးက ေနာက္ဆက္တြဲခံရႏိုင္တဲ့ျပစ္ဒဏ္ေတြကို ဆက္ၿပီးခ်ိဳးေဖာက္ေနဦးမယ္လို႔ ယီမင္အေရးႏိုင္ငံတကာႏွင့္ေဒသတြင္းထင္႐ွားေသာကၽြမ္းက်င္သူမ်ားအဖြဲ႔ကေျပာပါတယ္။

အဖြဲ႔ရဲ႕အစီရင္ခံစာမွာ အရပ္သားအေဆာက္အအံုေတြ၊ ခြဲျခားမထားတဲ့ဗံုးႀကဲမႈေတြ၊ လက္ေျဖာင့္ပစ္ခတ္မႈေတြ၊ ေျမႁမွဳပ္မိုင္းေတြနဲ႔ အျငင္းပြားဖြယ္သတ္ျဖတ္မႈ၊ ထိန္းသိမ္းမႈ၊ ႏွိပ္စက္မႈ၊ လိင္ပိုင္းဆိုင္ရာျပစ္မႈေတြနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြရပိုင္ခြင့္ခ်ိဳးေဖာက္မႈေတြ႐ွိေနတယ္လို႔ ေဖာ္ျပပါတယ္။

ေလးႏွစ္ၾကာေနတဲ့ယီမင္ျပည္တြင္းစစ္ေၾကာင့္ အရပ္သားအေယာက္ ၇၂၉၀ ေသဆံုးခဲ့ၿပီး လူဦးေရ ၂၄ သန္း႐ွိတဲ့ယီမင္ႏိုင္ငံက လူ ၈၀ ရာခိုင္ႏႈန္းဟာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြနဲ႔ အကာအကြယ္ေတြလိုအပ္ေနတယ္လို႔ ကုလသမဂၢကေျပာပါတယ္။

ယီမင္အေရးႏိုင္ငံတကာႏွင့္ေဒသတြင္းထင္႐ွားေသာကၽြမ္းက်င္သူမ်ားအဖြဲ႔က ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီကိုတင္မယ့္ ဒုတိယေျမာက္အစီရင္ခံစာအတြက္ စစ္ေဘးသင့္သူနဲ႔မ်က္ျမင္သက္ေသ စုစုေပါင္းလူ ၆၀၀ ေလာက္ကိုေတြ႕ဆံုေမးျမန္းခဲ့ၿပီး အမ်ားျမင္ေတြ႕ႏိုင္တာေတြကိုလည္း စစ္ေဆးခဲ့ပါတယ္။

စစ္ပြဲကာလမွာ အစာငတ္ေအာင္ထားတာကိုလည္း နည္းလမ္းတစ္ခုအေနနဲ႔ ႏွစ္ဖက္စလံုးက အသံုးျပဳခဲ့ၾကပါတယ္။
အရပ္သားေတြကို က်ဴးလြန္ေနတဲ့ျပစ္မႈေတြအားလံုး ခ်က္ခ်င္းရပ္ဖို႔နဲ႔ တျခားႏိုင္ငံေတြဘက္ကလည္း ႏွစ္ဖက္စလံုးကို လက္နက္ေတြမေပးဖို႔ အစီရင္ခံစာမွာတိုက္တြန္းပါတယ္။
ၫႊန္႔ေပါင္းတပ္ဖြဲ႔ေရာ၊ ယီမင္အစိုးရေရာသာမက ဟူသီေတြဘက္ကလည္း အစီရင္ခံစာနဲ႔ပတ္သက္လို႔ တစံုတရာမတုန္႔ျပန္ေသးပါဘူး။

အရင္တုန္းကေတာ့ စစ္ရာဇ၀တ္မႈေျမာက္တဲ့လုပ္ရပ္ေတြက်ဴးလြန္တာမ႐ွိဘူးလို႔ ျငင္းဆိုထားပါတယ္။

Source-BBC
#ဥကၠာ
#TheFifthWaveNews
Photo- Stiri pe surse

———————————————-

ယီမင်ကစစ်ရာဇဝတ်မှုတွေအတွက် ကမ္ဘာ့အနောက်ခြမ်းအင်အားကြီးနိုင်ငံတွေတာဝန်ခံရနိုင်တယ်လို့ ကုလသမဂ္ဂသတိပေး

စက်တင်ဘာ ၄
နိုင်ငံတကာသတင်း

ယီမင်နိုင်ငံက ပဋိပက္ခတွေကိုထောက်ပံ့နေလို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ အီရန်နိုင်ငံတို့ဟာ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံရနိုင်တယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက သတိပေးပါတယ်။

ယီမင်က စစ်ရာဇဝတ်မှုတွေကို အထောက်အပံ့ပေးနေတာနဲ့ကူညီနေတာတွေအတွက်အတွက် အဲဒီနိုင်ငံတွေတာဝန်ခံရနိုင်တယ်လို့ အစီရင်ခံစာသစ်တစ်စောင်မှာသတိပေးနေတာပါ။

အနောက်နိုင်ငံတွေက ယီမင်အစိုးရကိုထောက်ခံတဲ့ဆော်ဒီဦးဆောင်တဲ့ညွှန့်ပေါင်းတပ်ဖွဲ့တွေကို လက်နက်တွေနဲ့ထောက်ပံ့ပို့ဆောင်ရေးကိစ္စတွေမှာ အကူအညီပေးနေပြီး အီရန်ကတော့ ဟူသီသူပုန်တွေကို နောက်ခံပေးထားတာပါ။

နှစ်ဖက်စလုံးက နောက်ဆက်တွဲခံရနိုင်တဲ့ပြစ်ဒဏ်တွေကို ဆက်ပြီးချိုးဖောက်နေဦးမယ်လို့ ယီမင်အရေးနိုင်ငံတကာနှင့်ဒေသတွင်းထင်ရှားသောကျွမ်းကျင်သူများအဖွဲ့ကပြောပါတယ်။

အဖွဲ့ရဲ့အစီရင်ခံစာမှာ အရပ်သားအဆောက်အအုံတွေ၊ ခွဲခြားမထားတဲ့ဗုံးကြဲမှုတွေ၊ လက်ဖြောင့်ပစ်ခတ်မှုတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ အငြင်းပွားဖွယ်သတ်ဖြတ်မှု၊ ထိန်းသိမ်းမှု၊ နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာပြစ်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရပိုင်ခွင့်ချိုးဖောက်မှုတွေရှိနေတယ်လို့ ဖော်ပြပါတယ်။

လေးနှစ်ကြာနေတဲ့ယီမင်ပြည်တွင်းစစ်ကြောင့် အရပ်သားအယောက် ၇၂၉၀ သေဆုံးခဲ့ပြီး လူဦးရေ ၂၄ သန်းရှိတဲ့ယီမင်နိုင်ငံက လူ ၈၀ ရာခိုင်နှုန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေနဲ့ အကာအကွယ်တွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

ယီမင်အရေးနိုင်ငံတကာနှင့်ဒေသတွင်းထင်ရှားသောကျွမ်းကျင်သူများအဖွဲ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကိုတင်မယ့် ဒုတိယမြောက်အစီရင်ခံစာအတွက် စစ်ဘေးသင့်သူနဲ့မျက်မြင်သက်သေ စုစုပေါင်းလူ ၆၀၀ လောက်ကိုတွေ့ဆုံမေးမြန်းခဲ့ပြီး အများမြင်တွေ့နိုင်တာတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။

စစ်ပွဲကာလမှာ အစာငတ်အောင်ထားတာကိုလည်း နည်းလမ်းတစ်ခုအနေနဲ့ နှစ်ဖက်စလုံးက အသုံးပြုခဲ့ကြပါတယ်။
အရပ်သားတွေကို ကျူးလွန်နေတဲ့ပြစ်မှုတွေအားလုံး ချက်ချင်းရပ်ဖို့နဲ့ တခြားနိုင်ငံတွေဘက်ကလည်း နှစ်ဖက်စလုံးကို လက်နက်တွေမပေးဖို့ အစီရင်ခံစာမှာတိုက်တွန်းပါတယ်။
ညွှန့်ပေါင်းတပ်ဖွဲ့ရော၊ ယီမင်အစိုးရရောသာမက ဟူသီတွေဘက်ကလည်း အစီရင်ခံစာနဲ့ပတ်သက်လို့ တစုံတရာမတုန့်ပြန်သေးပါဘူး။

အရင်တုန်းကတော့ စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်တွေကျူးလွန်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo- Stiri pe surse

Leave a Reply