“ဒီမိုကေရစီႀကီး က နားလည္ရခက္္ေန” ဟု ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္ ေျပာ

0
64

စက္တင္ဘာ ၄
ယဥ္ေကႏြယ္

မိတၱီလာမဲဆနၵနယ္မွ ကိုယ္စားလွယ္ ေဒါက္တာေမာင္သင္း အပါအဝင္ ျပည္ေထာင္စုလြတ္ေတာ္ကိုယ္စားလွယ္ ၁၄၅ ဦးတင္ျပထားသည့္ ဖြဲ့စည္းပံုအေျခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ဥပေဒမူၾကမ္းအား ၄၅ ဦးပါဝင္သည့္ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီတြင္ ထည့္သြင္းသြားမည္ျဖစ္ေၾကာင္း ယေန႔ က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝး တြင္ နာယက ဦးတီခြန္ျမတ္ က ေၾကညာခဲ့သည္။

ထိုသို႔ ထည့္သြင္းႏိုင္ရန္ အတြက္ စက္ခလုပ္ႏွိပ္၍ မဲခြဲဆံုးျဖတ္ရာ ေထာက္ခံဆနၵမဲ ၃၇၆ မဲ ကန္႔ကြက္ဆနၵမဲ၂၀၃ မဲ ျဖစ္ရာ ေထာက္ခံဆနၵမဲ မ်ားသည့္ အတြက္ ယင္းေကာ္မတီ တြင္ထည့္သြင္းရန္ အတည္ျပဳလိုက္ျခင္းျဖစ္သည္။

ယင္းသို႔ေဆာင္ရြက္ျခင္းသည္ ဖြဲ့စည္းပံု ဥပေဒ လႊတ္ေတာ္ဆိုင္ရာဥပေဒ နည္းဥပေဒမ်ားႏွင့္ညီျခင္း မညီျခင္းကန္႔ကြက္ျခင္း မကန္႔ကြက္ျခင္းမ်ားသည္ နာယက တစ္ဦး၏ ေဆာင္ရြက္ျခင္းမဟုတ္ပဲ လႊတ္ေတာ္၏ အဆံုးအျဖတ္သာျဖစ္ေၾကာင္း ဦးတီခြန္ျမတ္က အသိေပးေျပာၾကားခဲ့သည္။

ထိုသို႔ ထည့္သြင္းရန္ ေလ့လာ စီစစ္ေရး ပူးေပါင္းေကာ္မတီ၏ အစီရင္ခံ တင္ကတည္းက ကန္႔ကြက္ေနသည့္ ၾကားမွ ယခုကဲ့သို႔ မဲခြဲကာ အတည္ျပဳသြားျခင္းသည္ ဒီမိုကေရစီကို နားလည္ရခက္ေနသည္ဟု ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္ကေျပာသည္။

“၄၅ ဦးထဲ ထည့္မယ္ဆိုၿပိေးတာ့ အစီရင္ခံစာ တင္လာတယ္။ ဒါကို ကၽြန္ေတာ္တို႔က ကန္႔ကြက္ခဲ့တယ္။ေနာက္ၿပီေးတာ့ ဒီအစီရင္ခံစာ နဲ႔ ပတ္သက္လို႔လည္း အားလံုးေပါ့ ။ အားလံုး၀ိုင္းေဆြးေႏြးၾကၿပီး ဘယ္လိုပဲေထာက္ျပေဆြးေႏြးသြားသည္ျဖစ္ေစေပါ့။ ေနာက္ဆံုးေတာ့လည္းထံုးစံအတိုင္းပဲ မဲခြဲၿပီးေတာ့ ပဲ အတည္ျပဳသြားတာျဖစ္ပါတယ္။ အဲ့ေတာ့ ေျပာရမယ္ဆိုရင္ေတာ့ ဒီမိုကေရစီ ဒီမိုကေရစီ ဆိုၿပီးေတာ့ ဒီမိုကေရစီႀကီးက နားလည္ရခက္ေနတယ္”ဟု ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္ က သတင္းမီဒီယာမ်ား၏ေမးျမန္းမႈ အေပၚ ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

ယခုကဲ့သုိ႔ လုပ္ေဆာင္ျခင္းသည္ ဖြဲ႔စည္းပံု အေျခခံမွ ဆင့္ပြားလာသည့္ ဥပေဒမ်ားကို ကိုယ္တြယ္၍ လုပ္ခ်င္တာ လုပ္ေနသည့္ သေဘာျဖစ္ေနေၾကာင္းလည္း ျပည္ခိုင္ၿဖိဳးပါတီ မွ ေပ်ာ္ဘြယ္မဲဆႏၵနယ္၏ ကိုယ္စားလွယ္ဦးေသာင္းေအး ကေျပာသည္။

“ဖြဲ႔စည္းပံု အေျခခံဥပေဒ ကို ျပင္ဆင္ရင္ သူျပဌားန္းထားတဲ့ ဥပေဒ နဲ႔ျပင္ ပံု လြဲလို႔ က်န္တာ လုပ္တာ ဥပေဒနဲ႔ မညီ ဘူး။ ဒါကို ဘယ္လို စဥ္းစားၿပီးေတာ့ ဖြဲ႔စည္းပံု အေျခခံဥပေဒ က ေဆန ဆင့္ပြားလာတဲ့ ဥပေဒကို ကို ကိုင္တြယ္ၿပီးေတာ့ လုပ္ခ်င္တာလုပ္ေနတဲ့ သေဘာမ်ိဳးလို႔ ျမင္ တယ္။ ဒီလုပ္ငန္းစဥ္ကို ေျပာမယ္ဆိုရင္ေတာ့ ေျပာေနက စကားအတိုင္း ေျပာရမယ္ဆိုရင္ေတာ့ ဥပေဒ အျပင္ေရာက္သြားၿပီ ဥပေဒ နဲ႔ မညီဘူးလို႔ ပဲ ေျပာခ်င္ပါတယ္”ဟု ဦးေသာင္းေအး ကေျပာသည္။

ေဒါက္တာေမာင္သင္းအပါအဝင္ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၅ ဦးကဖြဲ႔စည္းပံု အေျခခံဥပေဒပုဒ္မ ၄၃၃ ၄၃၅ ႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာနည္းဥပေဒ ၁၃၃ျပင္ဆင္သည့္ ဥပေဒမူၾကမ္းကို နာယက မွ မတ္လ ၂၉ ရက္ေန႔က က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝး တြင္ အသိေပးခဲ့ျခင္းျဖစ္သည္။

ယင္းဥပေဒၾကမ္းကို စိစစ္ေရးပူးေပါင္းေကာ္မတီမွ ၄၅ ဦးပူးေပါင္းေကာ္မတီတြင္ တေပါင္းတည္းသြင္းသြင္းရန္ အၾကံျပဳထားသည့္ အေပၚ လႊတ္ေတာ္ကိုယ္စားလွယ္ ၃၃ ဦး ေဆြးေႏြးခဲ့ရာ ကန္႔ကြက္သည့္ ဘက္မွ ေဆြးေႏြးမႈမ်ား မ်ားျပား ခဲ့သည္။

ေဒါက္တာေမာင္သင္း တို႔တင္သြင္းထားသည့္ ဥပေဒမူၾကမ္းတြင္ သမၼတ လုပ္ပိုင္ခြင့္ ႏွင့္ သက္ဆိုင္သည့္ အခ်က္ႏွစ္ခ်က္ပါဝင္ၿပီး ျပင္ဆင္ခ်က္ အခ်က္ေလးခ်က္ တင္သြင္းထားေၾကာင္း သိရသည္။

ယခင္ ေက်ာင္းကုန္းမဲဆနၵနယ္မွ ကိုယ္စားလွယ္ ဦးသိန္းထြန္း ဦးေဆာင္၍ တင္သြင္းခဲ့ ပုဒ္မ ၂၆၁ ( သက္ဆိုင္ရာ ျပည္နယ္ႏွင့္ တိုင္း ေဒသႀကီး လႊတ္ေတာ္မ်ားမွ ဝန္ႀကီးခ်ဳပ္ခန္႔အပ္ေရး) ဥပေဒမူၾကမ္းကိုလည္း ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီတြင္ ထည့္သြင္းခဲ့သည့္ အတြက္ ကန္႔ကြက္မႈမ်ားလည္း ျဖစ္ေပၚခဲ့သည္။

————————————————-

ဒီမိုကရေစီကြီး က နားလည်ရခက်နေ ဟု ဗိုလ်မှူးချုပ်မောင်မောင် ပြော

စက်တင်ဘာ ၄

ယဉ်ကေနွယ်

မိတ္တီလာမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတင်ပြထားသည့် ဖွဲ့စည်းပုံအခြေံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ၄၅ ဦးပါဝင်သည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် နာယက ဦးတီခွန်မြတ် က ကြေညာခဲ့သည်။

ထိုသို့ ထည့်သွင်းနိုင်ရန် အတွက် စက်ခလုပ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၃၇၆ မဲ ကန့်ကွက်ဆန္ဒမဲ၂၀၃ မဲ ဖြစ်ရာ ထောက်ခံဆန္ဒမဲ များသည့် အတွက် ယင်းကော်မတီ တွင်ထည့်သွင်းရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယင်းသို့ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံ ဥပဒေ လွှတ်တော်ဆိုင်ရာဥပဒေ နည်းဥပဒေများနှင့်ညီခြင်း မညီခြင်းကန့်ကွက်ခြင်း မကန့်ကွက်ခြင်းများသည် နာယက တစ်ဦး၏ ဆောင်ရွက်ခြင်းမဟုတ်ပဲ လွှတ်တော်၏ အဆုံးအဖြတ်သာဖြစ်ကြောင်း ဦးတီခွန်မြတ်က အသိပေးပြောကြားခဲ့သည်။

ထိုသို့ ထည့်သွင်းရန် လေ့လာ စီစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံ တင်ကတည်းက ကန့်ကွက်နေသည့် ကြားမှ ယခုကဲ့သို့ မဲခွဲကာ အတည်ပြုသွားခြင်းသည် ဒီမိုကရေစီကို နားလည်ရခက်နေသည်ဟု ဗိုလ်မှူးချုပ် မောင်မောင်ကပြောသည်။

“၄၅ ဦးထဲ ထည့်မယ်ဆိုပြိေးတာ့ အစီရင်ခံစာ တင်လာတယ်။ ဒါကို ကျွန်တော်တို့က ကန့်ကွက်ခဲ့တယ်။နောက်ပြီေးတာ့ ဒီအစီရင်ခံစာ နဲ့ ပတ်သက်လို့လည်း အားလုံးပေါ့ ။ အားလုံးဝိုင်းဆွေးနွေးကြပြီး ဘယ်လိုပဲထောက်ပြဆွေးနွေးသွားသည်ဖြစ်စေပေါ့။ နောက်ဆုံးတော့လည်းထုံးစံအတိုင်းပဲ မဲခွဲပြီးတော့ ပဲ အတည်ပြုသွားတာဖြစ်ပါတယ်။ အဲ့တော့ ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီ ဒီမိုကရေစီ ဆိုပြီးတော့ ဒီမိုကရေစီကြီးက နားလည်ရခက်နေတယ်”ဟု ဗိုလ်မှူးချုပ်မောင်မောင် က သတင်းမီဒီယာများ၏မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံမှ ဆင့်ပွားလာသည့် ဥပဒေများကို ကိုယ်တွယ်၍ လုပ်ချင်တာ လုပ်နေသည့် သဘောဖြစ်နေကြောင်းလည်း ပြည်ခိုင်ဖြိုးပါတီ မှ ပျော်ဘွယ်မဲဆန္ဒနယ်၏ ကိုယ်စားလှယ်ဦးသောင်းအေး ကပြောသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရင် သူပြဌားန်းထားတဲ့ ဥပဒေ နဲ့ပြင် ပုံ လွဲလို့ ကျန်တာ လုပ်တာ ဥပဒေနဲ့ မညီ ဘူး။ ဒါကို ဘယ်လို စဉ်းစားပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ က ဆေန ဆင့်ပွားလာတဲ့ ဥပဒေကို ကို ကိုင်တွယ်ပြီးတော့ လုပ်ချင်တာလုပ်နေတဲ့ သဘောမျိုးလို့ မြင် တယ်။ ဒီလုပ်ငန်းစဉ်ကို ပြောမယ်ဆိုရင်တော့ ပြောနေက စကားအတိုင်း ပြောရမယ်ဆိုရင်တော့ ဥပဒေ အပြင်ရောက်သွားပြီ ဥပဒေ နဲ့ မညီဘူးလို့ ပဲ ပြောချင်ပါတယ်”ဟု ဦးသောင်းအေး ကပြောသည်။

ဒေါက်တာမောင်သင်းအပါအဝင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးကဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၃ ၄၃၅ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၃ပြင်ဆင်သည့် ဥပဒေမူကြမ်းကို နာယက မှ မတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် အသိပေးခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေကြမ်းကို စိစစ်ရေးပူးပေါင်းကော်မတီမှ ၄၅ ဦးပူးပေါင်းကော်မတီတွင် တပေါင်းတည်းသွင်းသွင်းရန် အကြံပြုထားသည့် အပေါ် လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦး ဆွေးနွေးခဲ့ရာ ကန့်ကွက်သည့် ဘက်မှ ဆွေးနွေးမှုများ များပြား ခဲ့သည်။

ဒေါက်တာမောင်သင်း တို့တင်သွင်းထားသည့် ဥပဒေမူကြမ်းတွင် သမ္မတ လုပ်ပိုင်ခွင့် နှင့် သက်ဆိုင်သည့် အချက်နှစ်ချက်ပါဝင်ပြီး ပြင်ဆင်ချက် အချက်လေးချက် တင်သွင်းထားကြောင်း သိရသည်။

ယခင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသိန်းထွန်း ဦးဆောင်၍ တင်သွင်းခဲ့ ပုဒ်မ ၂၆၁ ( သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီး လွှတ်တော်များမှ ဝန်ကြီးချုပ်ခန့်အပ်ရေး) ဥပဒေမူကြမ်းကိုလည်း ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ထည့်သွင်းခဲ့သည့် အတွက် ကန့်ကွက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

Leave a Reply