ေမာ္ေတာ္ယာဥ္ျဖင့္ ေစ်းေရာင္းခ်ေနသူမ်ားကို ဖမ္းဆီးအေရးယူမည္

0
61

စက္တင္ဘာ ၄
ေဝေဝၿဖိဳး

ရန္ကုန္ၿမိဳ႕တြင္း၌ ခြင့္ျပဳခ်က္လိုင္စင္မရွိဘဲ ေမာ္ေတာ္ ယာဥ္ျဖင့္ ေစ်းေရာင္းခ်ေနသူမ်ားကို ဖမ္းဆီးအေရးယူမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ စီမံေရးရာ ဌာနမွဴး ဦးေက်ာ္မင္းကေျပာသည္။

“ေမာ္ေတာ္ယာဥ္နဲ႔ လွည့္လည္ ေရာင္းခ်မႈ လိုင္စင္ကို ၿမိဳ႕တြင္း ၆ ၿမိဳ႕နယ္မွာ မေပးပါဘူး၊ ၿမိဳ႕တြင္း ၆ ၿမိဳ႕နယ္မွာေပးရင္ ဒီလိုင္စင္ယူၿပီးေတာ့ လမ္းေဘးေစ်းသည္လို ေရာင္းမွာစိုးလို႔ျဖစ္ပါတယ္။ လက္ရွိ ေရာင္းခ်ေနတာေတြရွိပါတယ္၊ ဆက္လက္ၿပီး အေရးယူေဆာင္ရြက္လ်က္ ရွိပါတယ္၊ သူတို႔ကိုေတြ႕ရင္ ဥပေဒ႐ုံးကို ေခၚမယ္၊ ဥပေဒ႐ုံးကတစ္ဆင့္ တရား႐ုံးကို တင္ျပမယ္၊ မလိုက္နိုင္ဘူး ကားေမာင္းေျပးရင္ေတာ့ တစ္မ်ိဳးတစ္ဖုံျဖစ္ပါတယ္၊ ၿမိဳ႕တြင္းေျခာက္ၿမိဳ႕နယ္မွာ ခြင့္မျပဳပါဘူး၊ က်န္တဲ့ ျပင္ပၿမိဳ႕နယ္ေတြမွာ ခြင့္ျပဳပါတယ္၊ ခြင့္ျပဳတဲ့အခါမွာလည္း ေရာင္းခ်င္သလို ေရာင္းလို႔မရပါဘူး၊ သတ္မွတ္ထားတဲ့ ယာဥ္ရပ္နားခြင့္ရွိတဲ့ ေနရာမွာသာ ေရာင္းခ်ရမွာ ျဖစ္ပါတယ္။ တစ္ေနကုန္ ေရာင္းခ်လို႔မရပါဘူး၊ က်န္တဲ့ယာဥ္ေတြကို ပိတ္ဆို႔ေရာင္းခ်လို႔ မရပါဘူး” ဟု ၎ကေျပာသည္။

ေမာ္ေတာ္ယာဥ္ျဖင့္ ေစ်းလွည့္လည္ ေရာင္းခ်ျခင္းမ်ားအတြက္ လုပ္ငန္းလိုင္စင္မ်ား ထုတ္ေပးေနေသာ္လည္း လိုင္စင္မဲ့ လုပ္ကိုင္ေနမႈမ်ား ေတြ႕ျမင္ေနရၿပီး ထိုသို႔ ေစ်းေရာင္းခ်ျခင္းကို ၿမိဳ႕တြင္း ၆ ၿမိဳ႕နယ္တြင္ ခြင့္ျပဳထား ျခင္းမရွိေၾကာင္း၎ကဆိုသည္။

ထိုသို ့ ခြင့္ျပဳခ်က္လိုင္စင္ မရွိဘဲ ေမာ္ေတာ္ယာဥ္ျဖင့္ ေစ်းေရာင္းခ်ပါက ပထမအႀကိမ္ က်ဴးလြန္လွ်င္ ဒဏ္ေငြ က်ပ္တစ္ေသာင္းမွ တစ္သိန္းအထိ ခ်မွတ္ႏိုင္ၿပီး ဆက္လက္ေဖာက္ဖ်က္က်ဴးလြန္ပါက ေထာင္ဒဏ္ တစ္လအထိခ်မွတ္ႏုိင္ေၾကာင္း သိရသည္။

“ဒီအတိုင္း ရပ္နားေရာင္းခ်လို႔ မရပါဘူး။ ေနာက္တစ္ခါ မိမိရဲ႕ယာဥ္မွာ ထိုင္ခံုေတြ တြဲၿပီးေတာ့ အစားအေသာက္ ေရာင္းခ်တဲ့ ပံုစံမ်ိဳး လုပ္လို႔ မရပါဘူး။ မလုပ္ေတာ့ဘူးဆိုရင္ ဒီလိုင္စင္ကတ္ျပားကို ဌာနကိုျပန္အပ္ႏွံရမွာ ျဖစ္တဲ့အျပင္ ကြၽန္ေတာ္တို႔ရဲ႕ လိုင္စင္အျပင္ ကုန္းလမ္းပို႔ေဆာင္ေရး လိုင္စင္မ်ားနဲ႔ နည္းဥပေဒကိုလည္း လိုက္နာရမွာျဖစ္ပါတယ္”ဟု ဦးေက်ာ္မင္းကေျပာသည္။

ထို႔ျပင္ လုပ္ငန္းလိုင္စင္ ရွိေသာ္လည္း လုပ္ငန္းလိုင္စင္တြင္ ပါသည့္စည္းကမ္းခ်က္မ်ားကို မလိုက္နာပါက ျပစ္ဒဏ္ ၃မ်ိဳးအနက္ တစ္ရပ္ရပ္ကို ခ်မွတ္နိုင္ၿပီး ယင္းျပစ္ဒဏ္မ်ားမွာ ဒဏ္ေငြရိုက္ျခင္း၊ လိုင္စင္အား ၁ လမွ ၃ လကာလ အကန႔္အသတ္ျဖင့္ ပယ္ဖ်က္ျခင္းႏွင့္ လိုင္စင္ကို အၿပီးပယ္ဖ်က္ျခင္း တို႔ျဖင့္ အေရးယူနိုင္သည္ဟုဆိုသည္။

ေမာ္ေတာ္ယာဥ္ျဖင့္ လွည့္လည္ေရာင္းခ်လို သူမ်ားအေနျဖင့္ မွတ္ပုံတင္ေလၽွာက္ထားမည္ဆိုပါက ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးဥပေဒမွ ထုတ္ျပန္ထား သည့္ (င) လိုင္စင္ရွိရမည္ျဖစ္ၿပီး အုံနာဘုတ္ မူရင္းမိတၱဴျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီတြင္ ေလၽွာက္ထားရမည္ျဖစ္သည္။

“ရန္ကုန္လိုင္စင္ကိုပဲ ေပးပါတယ္၊ ဝွီးတက္မူရင္း၊ မိတၱဴနဲ႔ ေလၽွာက္ထားရပါမယ္။ သန္းေခါင္စာရင္း၊ သက္ဆိုင္ရာ ျပည္တြင္းအခြန္ဦးစီးဌာနမွာ အခြန္ထမ္းေဆာင္ ေနေၾကာင္း အခ်က္ေတြရယ္၊ လိုင္စင္ပါ စည္းကမ္းခ်က္ေတြ လိုက္နာပါ့မယ္။ ဘာပစၥည္းေတြ ေရာင္းခ်မယ္ဆိုတဲ့ အခ်က္ေတြကို တြဲၿပီး ေလၽွာက္ထားရင္ လိုင္စင္ခြင့္ျပဳေပးမွာ ျဖစ္ပါတယ္”ဟု ၎ကဆိုသည္။

လက္ရွိအခ်ိန္တြင္ ေမာ္ေတာ္ယာဥ္ျဖင့္ ေစ်းေရာင္းခ်ခြင့္ လိုင္စင္ ၁၇၀ ေက်ာ္ထုတ္ေပးထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက သတင္းထုတ္ျပန္ထားသည္။

—————————————–

(Unicode)

မော်တော်ယာဉ်ဖြင့် ဈေးရောင်းချနေသူများကို ဖမ်းဆီးအရေးယူမည်

စက်တင်ဘာ ၄
ဝေဝေဖြိုး

ရန်ကုန်မြို့တွင်း၌ ခွင့်ပြုချက်လိုင်စင်မရှိဘဲ မော်တော် ယာဉ်ဖြင့် ဈေးရောင်းချနေသူများကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာ ဌာနမှူး ဦးကျော်မင်းကပြောသည်။

“မော်တော်ယာဉ်နဲ့ လှည့်လည် ရောင်းချမှု လိုင်စင်ကို မြို့တွင်း ၆ မြို့နယ်မှာ မပေးပါဘူး၊ မြို့တွင်း ၆ မြို့နယ်မှာပေးရင် ဒီလိုင်စင်ယူပြီးတော့ လမ်းဘေးဈေးသည်လို ရောင်းမှာစိုးလို့ဖြစ်ပါတယ်။ လက်ရှိ ရောင်းချနေတာတွေရှိပါတယ်၊ ဆက်လက်ပြီး အရေးယူဆောင်ရွက်လျက် ရှိပါတယ်၊ သူတို့ကိုတွေ့ရင် ဥပဒေရုံးကို ခေါ်မယ်၊ ဥပဒေရုံးကတစ်ဆင့် တရားရုံးကို တင်ပြမယ်၊ မလိုက်နိုင်ဘူး ကားမောင်းပြေးရင်တော့ တစ်မျိုးတစ်ဖုံဖြစ်ပါတယ်၊ မြို့တွင်းခြောက်မြို့နယ်မှာ ခွင့်မပြုပါဘူး၊ ကျန်တဲ့ ပြင်ပမြို့နယ်တွေမှာ ခွင့်ပြုပါတယ်၊ ခွင့်ပြုတဲ့အခါမှာလည်း ရောင်းချင်သလို ရောင်းလို့မရပါဘူး၊ သတ်မှတ်ထားတဲ့ ယာဉ်ရပ်နားခွင့်ရှိတဲ့ နေရာမှာသာ ရောင်းချရမှာ ဖြစ်ပါတယ်။ တစ်နေကုန် ရောင်းချလို့မရပါဘူး၊ ကျန်တဲ့ယာဉ်တွေကို ပိတ်ဆို့ရောင်းချလို့ မရပါဘူး” ဟု ၎င်းကပြောသည်။

မော်တော်ယာဉ်ဖြင့် ဈေးလှည့်လည် ရောင်းချခြင်းများအတွက် လုပ်ငန်းလိုင်စင်များ ထုတ်ပေးနေသော်လည်း လိုင်စင်မဲ့ လုပ်ကိုင်နေမှုများ တွေ့မြင်နေရပြီး ထိုသို့ ဈေးရောင်းချခြင်းကို မြို့တွင်း ၆ မြို့နယ်တွင် ခွင့်ပြုထား ခြင်းမရှိကြောင်း၎င်းကဆိုသည်။

ထိုသို့ ခွင့်ပြုချက်လိုင်စင် မရှိဘဲ မော်တော်ယာဉ်ဖြင့် ဈေးရောင်းချပါက ပထမအကြိမ် ကျူးလွန်လျှင် ဒဏ်ငွေ ကျပ်တစ်သောင်းမှ တစ်သိန်းအထိ ချမှတ်နိုင်ပြီး ဆက်လက်ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် တစ်လအထိချမှတ်နိုင်ကြောင်း သိရသည်။

“ဒီအတိုင်း ရပ်နားရောင်းချလို့ မရပါဘူး။ နောက်တစ်ခါ မိမိရဲ့ယာဉ်မှာ ထိုင်ခုံတွေ တွဲပြီးတော့ အစားအသောက် ရောင်းချတဲ့ ပုံစံမျိုး လုပ်လို့ မရပါဘူး။ မလုပ်တော့ဘူးဆိုရင် ဒီလိုင်စင်ကတ်ပြားကို ဌာနကိုပြန်အပ်နှံရမှာ ဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ လိုင်စင်အပြင် ကုန်းလမ်းပို့ဆောင်ရေး လိုင်စင်များနဲ့ နည်းဥပဒေကိုလည်း လိုက်နာရမှာဖြစ်ပါတယ်”ဟု ဦးကျော်မင်းကပြောသည်။

ထို့ပြင် လုပ်ငန်းလိုင်စင် ရှိသော်လည်း လုပ်ငန်းလိုင်စင်တွင် ပါသည့်စည်းကမ်းချက်များကို မလိုက်နာပါက ပြစ်ဒဏ် ၃မျိုးအနက် တစ်ရပ်ရပ်ကို ချမှတ်နိုင်ပြီး ယင်းပြစ်ဒဏ်များမှာ ဒဏ်ငွေရိုက်ခြင်း၊ လိုင်စင်အား ၁ လမှ ၃ လကာလ အကန့်အသတ်ဖြင့် ပယ်ဖျက်ခြင်းနှင့် လိုင်စင်ကို အပြီးပယ်ဖျက်ခြင်း တို့ဖြင့် အရေးယူနိုင်သည်ဟုဆိုသည်။

မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချလို သူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားမည်ဆိုပါက ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဥပဒေမှ ထုတ်ပြန်ထား သည့် (င) လိုင်စင်ရှိရမည်ဖြစ်ပြီး အုံနာဘုတ် မူရင်းမိတ္တူဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် လျှောက်ထားရမည်ဖြစ်သည်။

“ရန်ကုန်လိုင်စင်ကိုပဲ ပေးပါတယ်၊ ဝှီးတက်မူရင်း၊ မိတ္တူနဲ့ လျှောက်ထားရပါမယ်။ သန်းခေါင်စာရင်း၊ သက်ဆိုင်ရာ ပြည်တွင်းအခွန်ဦးစီးဌာနမှာ အခွန်ထမ်းဆောင် နေကြောင်း အချက်တွေရယ်၊ လိုင်စင်ပါ စည်းကမ်းချက်တွေ လိုက်နာပါ့မယ်။ ဘာပစ္စည်းတွေ ရောင်းချမယ်ဆိုတဲ့ အချက်တွေကို တွဲပြီး လျှောက်ထားရင် လိုင်စင်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် မော်တော်ယာဉ်ဖြင့် ဈေးရောင်းချခွင့် လိုင်စင် ၁၇၀ ကျော်ထုတ်ပေးထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

Leave a Reply