ေသဒဏ္က်ခံေနရေသာ ဝင္းႏွင့္ေဇာ္ အားတပ္မ ေတာ္ညႇိႏွိုင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ)က သြားေရာက္ အားေပးစကား ေျပာၾကား

0
54

စက္တင္ဘာ ၃
ပဥၥမလိႈင္း

ျမန္မာ့တပ္မေတာ္မွ ညႇိႏွိုင္းကြပ္ကဲေရးမွူး (ၾကည္း၊ ေရ၊ ေလ)ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး သည္ ထိုင္းနိုင္ငံ၊ Koh Taoကၽြန္း(လိပ္ကၽြန္း) ၌ ၂ဝ၁၄ ခုႏွစ္၊ စက္တင္ဘာလ အတြင္း ျဖစ္ပြားခဲ့သည့္ ၿဗိတိန္နိုင္ငံသားႏွစ္ဦး အသတ္ခံခဲ့ရေသာ ျဖစ္စဥ္တြင္ က်ဴးလြန္ေၾကာင္း စြပ္စြဲခ်က္ျဖင့္ ေသဒဏ္ခ်မွတ္ျခင္း ခံထားရသူ ျမန္မာအလုပ္သမား ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတို့အား ထိုင္းနိုင္ငံ၊ ႏြန္ဌာဘူရီခရိုင္၊ ဘန္ခြမ္ဗဟို အက်ဥ္းေထာင္ ( Bang Kwang Central Prison)၌ သြားေရာက္ ေတြ႕ဆုံ၍ ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံေတာ္ အစိုးရအေနျဖင့္ ထိုင္းဘုရင္မင္းျမတ္ထံသို့ အယူခံဝင္နိုင္ ေရးအတြက္ ကူညီေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္းႏွင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီး ခ်ဳပ္ကလည္း ထိုင္းနိုင္ငံရွိ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံကာ ကူညီေဆာင္ရြက္ေပးရန္ ေျပာၾကား ထားရွိေၾကာင္းတို့ျဖင့္ အားေပးစကား ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထိုသို့ေတြ႕ဆုံစဥ္ ဘန္ခြမ္ဗဟို အက်ဥ္းေထာင္၏ ညႊန္ၾကားေရးမွူးျဖစ္သူ Mr. Sophoon Yimpreecha က အက်ဥ္းသား ႏွစ္ဦးကို ေကာင္းမြန္စြာ ထိန္းသိမ္းထားရွိသည့္ အေျခအေနမ်ားအား ရွင္းလင္း ေဆြးေႏြးခဲ့သည္။

အဆိုပါ အက်ဥ္းသားႏွစ္ဦးျဖစ္သည့္ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတို့၏ က်န္းမာေရး အေျခအေနမွာ ေကာင္းမြန္မွုရွိေၾကာင္းႏွင့္ အက်ဥ္းေထာင္မွ ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း ေကာင္းမြန္စြာ လိုက္နာကာ ေနထိုင္လ်က္ရွိေၾကာင္း သိရသည္။

ဆက္လက္၍ ၎က ဘန္ခြမ္ဗဟို အက်ဥ္းေထာင္အတြင္းရွိ အက်ဥ္းသားမ်ား ထားရွိသည့္ အေဆာင္မ်ား၊ အက်ဥ္းသားမ်ားအား ထိန္းသိမ္းထားရွိမွု အေျခအေနမ်ားႏွင့္ ေကၽြးေမြးမွု အေျခအေနတို့အား လွည့္လည္ ရွင္းလင္းျပသ ခဲ့ေၾကာင္း သိရသည္။

#တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

——————————————-

(Unicode)

သေဒဏ်ကျခံနေရသော ဝင်းနှင့်ဇော် အားတပ်မ တော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)က သွားရောက် အားပေးစကား ပြောကြား

စက်တင်ဘာ ၃
ပဉ္စမလှိုင်း

မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမြထွန်းဦး သည် ထိုင်းနိုင်ငံ၊ Koh Taoကျွန်း(လိပ်ကျွန်း) ၌ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရသော ဖြစ်စဉ်တွင် ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် သေဒဏ်ချမှတ်ခြင်း ခံထားရသူ မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ထိုင်းနိုင်ငံ၊ နွန်ဌာဘူရီခရိုင်၊ ဘန်ခွမ်ဗဟို အကျဉ်းထောင် ( Bang Kwang Central Prison)၌ သွားရောက် တွေ့ဆုံ၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ အယူခံဝင်နိုင် ရေးအတွက် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ကလည်း ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကူညီဆောင်ရွက်ပေးရန် ပြောကြား ထားရှိကြောင်းတို့ဖြင့် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ဘန်ခွမ်ဗဟို အကျဉ်းထောင်၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Sophoon Yimpreecha က အကျဉ်းသား နှစ်ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသည့် အခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အကျဉ်းသားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်မှုရှိကြောင်းနှင့် အကျဉ်းထောင်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကောင်းမွန်စွာ လိုက်နာကာ နေထိုင်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ၎င်းက ဘန်ခွမ်ဗဟို အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ ထားရှိသည့် အဆောင်များ၊ အကျဉ်းသားများအား ထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် ကျွေးမွေးမှု အခြေအနေတို့အား လှည့်လည် ရှင်းလင်းပြသ ခဲ့ကြောင်း သိရသည်။

#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Leave a Reply