ကုန္သည္စက္မႈအသင္းခ်ဳပ္၏ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္ ျပပြဲ က်င္းပမည္

0
45

စက္တင္ဘာ ၃
ေဝေဝၿဖိဳး

ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCC) ၏ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္အျဖစ္ “UMFCCI Centennial International Expo 2019″ကို က်င္းပျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း အဆိုပါအသင္းမွသိရသည္။

ယင္းျပပဲြကို ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္ရွိ Fortune Plaza (Myanmar Expo) တြင္ စက္တင္ဘာလ ၂၀ ရက္မွ စက္တင္ဘာလ ၂၂ ရက္အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံတို႔ရွိ ႏိုင္ငံတကာ ကုန္ပစၥည္းမ်ားအပါအဝင္ ျမန္မာႏိုင္ငံရွိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔မွ အရည္အေသြးမီေသာ ေဒသထြက္ကုန္ပစၥည္းမ်ား ပါဝင္ျပသမည္ျဖစ္သည္။

“ျမန္မာႏိုင္ငံရဲ႕ ကုန္အမွတ္တံဆိပ္ေတြထဲမွာ ကမာၻကို ေပါက္တာ ကုန္သည္အသင္းခ်ဳပ္ပဲ ရွိပါတယ္။ ဒီျပပြဲႀကီးက ျမန္မာႏုိင္ငံရဲ႕ တုိင္း/ျပည္နယ္က ေဒသထုတ္ကုန္မ်ားကို ႏုိင္ငံတြင္းကေနတဆင့္ ကမာၻကသိေအာင္ ခ်ျပျခင္းျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံတကာက စီးပြားေရးမိတ္ဖက္ေတြနဲ႔ အတူတကြ ပူးေပါင္းၿပီး ႏုိင္ငံ့အက်ိဳးစီးပြားတုိးတက္ဖို႔ ပါဝင္ ေဆာင္ရြက္သြားၾကမွာပါ။ ဒါကစီးပြားျဖစ္ လုပ္တာမဟုတ္ပါဘူး။ ျပည္တြင္း လုပ္ငန္းေတြ ဖြံ႔ၿဖိဳးတိုးတက္ႏိုင္ေအာင္ရယ္ ျပည္ပနဲ႔ ခ်ိတ္ဆက္ ႏိုင္ေအာင္ရယ္ ရည္ရြယ္တာျဖစ္ပါတယ္။” ဟု UMFCCI ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာသည္။

UMFCCI အေနျဖင့္ ႏိုင္ငံ၏ စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္ေစရန္အတြက္ ပုဂၢလိကက႑မွ ပံ့ပိုးကူညီလ်က္ရိွရာ ျပည္တြင္း၊ ျပည္ပ စီးပြားေရး လုပ္ငန္းရွင္မ်ား အခ်ိတ္ဆက္မိမိ လုပ္ကိုင္ႏိုင္ေစေရး၊ ႏိုင္ငံတကာေစ်းကြက္သို႔ ျမန္မာ့ထုတ္ကုန္ပစၥည္းမ်ား ထိုးေဖာက္ဝင္ေရာက္ ေရာင္းခ်ႏိုင္ေစေရး၊ ျပည္ပမွ အရည္အေသြးျမင့္ သြင္းကုန္ပစၥည္းမ်ား ျပည္တြင္း ေစ်းကြက္သို႔ ေရာက္ရွိလာႏိုင္ေရး အစရွိေသာ
ရည္ရြယ္ခ်က္ျဖင့္ ယင္းျပပဲြကို က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

အဆိုပါ ျပပြဲတြင္ ျမန္မာႏိုင္ငံရွိ လုပ္ငန္းရွင္မ်ားအပါအဝင္ နယ္သာလန္၊ ဂ်ာမနီ၊ ဂ်ပန္၊ ကိုရီးယား၊ တရုတ္၊ မေလးရွား၊ ထိုင္း၊ ဗီယက္ နမ္ႏွင့္ တရုတ္ (တိုင္ေပ) တို႔မွ ေမာ္ေတာ္ယာဥ္မ်ား၊ စက္ပစၥည္းမ်ား၊ လွ်ပ္စစ္ပစၥည္းမ်ား၊ ေဆာက္လုပ္ေရး လုပ္ငန္းသုံး ပစၥည္းမ်ား၊ အိမ္တြင္းအလွကုန္ဆင္လုပ္ငန္းမ်ား၊ အလွကုန္ပစၥည္းမ်ားႏွင့္ အဝတ္အထည္မ်ား၊ လက္ဝတ္ရတနာမ်ား၊ စားေသာက္ကုန္ပစၥည္းမ်ား၊ ယာဥ္အပိုပစၥည္းမ်ား ၊ သယ္ယူပို႔ေဆာင္ေရး၊ သတင္းအခ်က္အလက္ႏွင့္ နည္းပညာက႑တို႔ ပါဝင္မည္ျဖစ္သည္။

” ျပပဲြႀကီးက ျပည္တြင္းျပည္ပ လုပ္ငန္းရွင္မ်ားအတြက္ ရင္းနွီးျမွဳပ္နွံမႈနဲ႔ စီးပြားေရး အခြင့္အလမ္းေတြ အေကာင္းဆုံး ရရွိလာနုိင္မွာပါ။ ျမန္မာလုပ္ငန္းရွင္ေတြရဲ႕ ကိုယ့္ေဒသထြက္ကုုန္ေတြကို ဒီပြဲမွာ Highlight ျပသေစခ်င္လို႔ပါ၊ ျမန္မာႏုိင္ငံရဲ႕စီးပြားေရး အင္အားေတာင့္တင္း ခုိင္မာေစဖို႔ အဓိက ရည္ရြယ္တာပါ။”ဟု UMFCCI ၏ ျပပဲြက်င္းပေရးဗဟိုေကာ္မတီ တြဲဖက္အတြင္းေရးမွဴ း ဦးမ်ိဳးသန္႔က ေျပာသည္။

ျပည္တြင္းလုပ္ငန္းရွင္မ်ားအတြက္ ျပခန္းတစ္ခန္းကို
က်ပ္ ၁၅ သိန္းသတ္မွတ္ထားကာ ႏိုင္ငံျခား လုပ္ငန္းရွင္မ်ားအတြက္ အေမရိကန္ေဒၚလာ ၁၅၀၀ သတ္မွတ္ထားၿပီး လက္ရွိတြင္ ႏိုင္ငံျခားသား ျပခန္းေပါင္း အခန္း ၄၀ ေက်ာ္ ရွိသည္ဟုဆိုသည္။

ယင္းျပပဲြတြင္ ျပခန္းေပါင္း ၂၀၀ ေက်ာ္ျဖင့္ ျပသသြားမည္ ျဖစ္ၿပီး ကုန္သည္စက္မႈအသင္းခ်ဳပ္အေနျဖင့္ ျမန္မာႏိုင္ငံ ၏ ေဒသတြင္းထုတ္ကုန္ျပပဲြႏွင့္ ၿပိဳင္ပဲြမ်ားတြင္
ဆုရရွိေသာ SME လုပ္ငန္းရွင္မ်ားအတြက္ ျပခန္းမ်ားအား အခမ့ဲျပင္ ဆင္ေပးထားသည့္အျပင္ UMFCCI ၏ ညီေနာင္အသင္း ေပါင္း ၇၀ ေက်ာ္အတြက္လည္း ျပခန္းေပါင္း ၃၅ ခန္းကို အခမ့ဲ ပ့ံပိုးကူညီထားေၾကာင္းသိရသည္။

UMFCCI ကို ၁၉၁၉ ခုႏွစ္က စတင္တည္ေထာင္ ခ့ဲျခင္းျဖစ္ၿပီး လက္ရွိတြင္ ညီေနာင္အသင္းေပါင္း ၇၇ သင္း ရွိေၾကာင္း သိရသည္။

————————————————

(Unicode)

ကုန်သည်စက်မှုအသင်းချုပ်၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြပွဲ ကျင်းပမည်

စက်တင်ဘာ ၃
ဝေဝေဖြိုး

ကုန်သည်စက်မှုအသင်းချုပ် (UMFCC) ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် “UMFCCI Centennial International Expo 2019″ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအသင်းမှသိရသည်။

ယင်းပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza (Myanmar Expo) တွင် စက်တင်ဘာလ ၂၀ ရက်မှ စက်တင်ဘာလ ၂၂ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံတို့ရှိ နိုင်ငံတကာ ကုန်ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ အရည်အသွေးမီသော ဒေသထွက်ကုန်ပစ္စည်းများ ပါဝင်ပြသမည်ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ကုန်အမှတ်တံဆိပ်တွေထဲမှာ ကမ္ဘာကို ပေါက်တာ ကုန်သည်အသင်းချုပ်ပဲ ရှိပါတယ်။ ဒီပြပွဲကြီးက မြန်မာနိုင်ငံရဲ့ တိုင်း/ပြည်နယ်က ဒေသထုတ်ကုန်များကို နိုင်ငံတွင်းကနေတဆင့် ကမ္ဘာကသိအောင် ချပြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက စီးပွားရေးမိတ်ဖက်တွေနဲ့ အတူတကွ ပူးပေါင်းပြီး နိုင်ငံ့အကျိုးစီးပွားတိုးတက်ဖို့ ပါဝင် ဆောင်ရွက်သွားကြမှာပါ။ ဒါကစီးပွားဖြစ် လုပ်တာမဟုတ်ပါဘူး။ ပြည်တွင်း လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်နိုင်အောင်ရယ် ပြည်ပနဲ့ ချိတ်ဆက် နိုင်အောင်ရယ် ရည်ရွယ်တာဖြစ်ပါတယ်။” ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

UMFCCI အနေဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုးကူညီလျက်ရှိရာ ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အချိတ်ဆက်မိမိ လုပ်ကိုင်နိုင်စေရေး၊ နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ထုတ်ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက် ရောင်းချနိုင်စေရေး၊ ပြည်ပမှ အရည်အသွေးမြင့် သွင်းကုန်ပစ္စည်းများ ပြည်တွင်း ဈေးကွက်သို့ ရောက်ရှိလာနိုင်ရေး အစရှိသော
ရည်ရွယ်ချက်ဖြင့် ယင်းပြပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအပါအဝင် နယ်သာလန်၊ ဂျာမနီ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက် နမ်နှင့် တရုတ် (တိုင်ပေ) တို့မှ မော်တော်ယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ အိမ်တွင်းအလှကုန်ဆင်လုပ်ငန်းများ၊ အလှကုန်ပစ္စည်းများနှင့် အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍတို့ ပါဝင်မည်ဖြစ်သည်။

” ပြပွဲကြီးက ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး အခွင့်အလမ်းတွေ အကောင်းဆုံး ရရှိလာနိုင်မှာပါ။ မြန်မာလုပ်ငန်းရှင်တွေရဲ့ ကိုယ့်ဒေသထွက်ကုုန်တွေကို ဒီပွဲမှာ Highlight ပြသစေချင်လို့ပါ၊ မြန်မာနိုင်ငံရဲ့စီးပွားရေး အင်အားတောင့်တင်း ခိုင်မာစေဖို့ အဓိက ရည်ရွယ်တာပါ။”ဟု UMFCCI ၏ ပြပွဲကျင်းပရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူ း ဦးမျိုးသန့်က ပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များအတွက် ပြခန်းတစ်ခန်းကို
ကျပ် ၁၅ သိန်းသတ်မှတ်ထားကာ နိုင်ငံခြား လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀ သတ်မှတ်ထားပြီး လက်ရှိတွင် နိုင်ငံခြားသား ပြခန်းပေါင်း အခန်း ၄၀ ကျော် ရှိသည်ဟုဆိုသည်။

ယင်းပြပွဲတွင် ပြခန်းပေါင်း ၂၀၀ ကျော်ဖြင့် ပြသသွားမည် ဖြစ်ပြီး ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံ ၏ ဒေသတွင်းထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများတွင်
ဆုရရှိသော SME လုပ်ငန်းရှင်များအတွက် ပြခန်းများအား အခမဲ့ပြင် ဆင်ပေးထားသည့်အပြင် UMFCCI ၏ ညီနောင်အသင်း ပေါင်း ၇၀ ကျော်အတွက်လည်း ပြခန်းပေါင်း ၃၅ ခန်းကို အခမဲ့ ပံ့ပိုးကူညီထားကြောင်းသိရသည်။

UMFCCI ကို ၁၉၁၉ ခုနှစ်က စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ညီနောင်အသင်းပေါင်း ၇၇ သင်း ရှိကြောင်း သိရသည်။

Leave a Reply