တ႐ုတ္ကုန္စည္တခ်ိဳ႕ကို စည္းၾကပ္ခြန္တိုးေကာက္တာအခ်ိန္ေနာက္ဆုတ္ဖို႔ အေမရိကန္သေဘာတူ

0
10

စက္တင္ဘာ ၁၂
ႏိုင္ငံတကာသတင္း

ဆႏၵေကာင္းမြန္တဲ့သေကၤတတစ္ခုအေနနဲ႔ တ႐ုတ္သြင္းကုန္အေမရိကန္ေဒၚလာဘီလီယံ ၂၅၀ ဖိုးေလာက္ကို စည္းၾကပ္ခြန္တိုးေကာက္မယ့္ေန႔ကို ေအာက္တိုဘာ ၁ ရက္ကေန ေအာက္တိုဘာ ၁၅ ရက္ဆီ အခ်ိန္ေနာက္ဆုတ္လိုက္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ ထရမ့္က ဗုဒၶဟူးေန႔မွာေျပာပါတယ္။

“ေဒၚလာဘီလီယံ ၂၅၀ တန္ဖိုး႐ွိတဲ့ကုန္စည္ေတြကို ေအာက္တိုဘာ ၁ ရက္မွာ ၂၀ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္းအထိအခြန္တိုးေကာက္ဖို႔႐ွိတာကို ေအာက္တိုဘာ ၁၅ ရက္အထိေနာက္ဆုတ္ဖို႔ ကၽြန္ေတာ္တို႔သေဘာတူခဲ့ၿပီးပါၿပီ။ ဒါေကာင္းတဲ့သေဘာျဖစ္ပါတယ္။” လို႔ ထရမ့္က တြစ္တာမွာေျပာပါတယ္။

တ႐ုတ္ဒုတိယအႀကီးအကဲလ်ဴဟီရဲ႕ေတာင္းဆိုခ်က္နဲ႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတည္ေထာင္တာ ႏွစ္ ၇၀ ျပည့္က်င္းပေနတာေၾကာင့္ ေနာက္ဆုတ္ခဲ့တာလို႔ ထရမ့္ကေျပာပါတယ္။

စည္းၾကပ္ခြန္ေတြေကာက္ဖို႔႐ွိေနတဲ့အထဲက အေမရိကန္ကုန္ပစၥည္းတခ်ိဳ႕ကို သက္သာခြင့္ေပးဖို႔ တ႐ုတ္ႏိုင္ငံက ဗုဒၶဟူးေန႔အေစာပိုင္းမွာေၾကညာခဲ့ၿပီးတဲ့ေနာက္ ထရမ့္က တံု႔ျပန္ေၾကညာခဲ့တာပါ။

လာမယ့္လမွာ ႏွစ္ႏိုင္ငံကုန္သြယ္ေရးေဆြးေႏြးမႈလုပ္ဖို႔႐ွိေနလို႔ အခုလုပ္ရပ္ဟာ ရင္ၾကားေစ့တဲ့သေဘာေဆာင္တယ္လို႔ ႐ွဳျမင္ေနတာလည္း႐ွိပါတယ္။

လက္ေတြ႕အသံုးက်ၿပီး ေအာင္ျမင္မႈ႐ွိတဲ့သေဘာတူညီခ်က္ျဖစ္လာဖို႔အေရးႀကီးတဲ့ စိုက္ပ်ိဳးေရးပစၥည္းတခ်ိဳ႕ေတာ့ သက္သာခြင့္ေပးတဲ့အထဲမွာမပါပါဘူး။

စက္တင္ဘာ ၁၇ ရက္မွာ တ႐ုတ္ရဲ႕စည္းၾကပ္ခြန္သက္သာခြင့္ေပးတာ စအသက္၀င္မွာျဖစ္ၿပီး တစ္ႏွစ္ေနာက္ဆုတ္ေပးလိုက္တယ္လို႔ တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီရဲ႕ အေကာက္ခြန္၊ စည္းၾကပ္ခြန္ေကာ္မ႐ွင္က ထုတ္ျပန္ပါတယ္။

တ႐ုတ္သက္သာခြင့္ေပးတဲ့အထဲမွာ ပင္လယ္စာထုတ္ကုန္ေတြနဲ႔ ကင္ဆာေပ်ာက္ေဆးေတြပါ၀င္ပါတယ္။

ေအာက္တိုဘာအေစာပိုင္း ဝါ႐ွင္တန္မွာ ႏွစ္ဖက္ေတြ႕ဆံုမယ္လို႔ ကုန္သြယ္ေရးၫွိႏႈိင္းသူေတြကေျပာပါတယ္။

Source-Agencies
#ဥကၠာ
#TheFifthWaveNews
Photo-White House

———————————————–

(Unicode)

တရုတ်ကုန်စည်တချို့ကို စည်းကြပ်ခွန်တိုးကောက်တာအချိန်နောက်ဆုတ်ဖို့ အမေရိကန်သဘောတူ

စက်တင်ဘာ ၁၂
နိုင်ငံတကာသတင်း

ဆန္ဒကောင်းမွန်တဲ့သင်္ကေတတစ်ခုအနေနဲ့ တရုတ်သွင်းကုန်အမေရိကန်ဒေါ်လာဘီလီယံ ၂၅၀ ဖိုးလောက်ကို စည်းကြပ်ခွန်တိုးကောက်မယ့်နေ့ကို အောက်တိုဘာ ၁ ရက်ကနေ အောက်တိုဘာ ၁၅ ရက်ဆီ အချိန်နောက်ဆုတ်လိုက်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။

“ဒေါ်လာဘီလီယံ ၂၅၀ တန်ဖိုးရှိတဲ့ကုန်စည်တွေကို အောက်တိုဘာ ၁ ရက်မှာ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိအခွန်တိုးကောက်ဖို့ရှိတာကို အောက်တိုဘာ ၁၅ ရက်အထိနောက်ဆုတ်ဖို့ ကျွန်တော်တို့သဘောတူခဲ့ပြီးပါပြီ။ ဒါကောင်းတဲ့သဘောဖြစ်ပါတယ်။” လို့ ထရမ့်က တွစ်တာမှာပြောပါတယ်။

တရုတ်ဒုတိယအကြီးအကဲလျူဟီရဲ့တောင်းဆိုချက်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်တာ နှစ် ၇၀ ပြည့်ကျင်းပနေတာကြောင့် နောက်ဆုတ်ခဲ့တာလို့ ထရမ့်ကပြောပါတယ်။

စည်းကြပ်ခွန်တွေကောက်ဖို့ရှိနေတဲ့အထဲက အမေရိကန်ကုန်ပစ္စည်းတချို့ကို သက်သာခွင့်ပေးဖို့ တရုတ်နိုင်ငံက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာကြေညာခဲ့ပြီးတဲ့နောက် ထရမ့်က တုံ့ပြန်ကြေညာခဲ့တာပါ။

လာမယ့်လမှာ နှစ်နိုင်ငံကုန်သွယ်ရေးဆွေးနွေးမှုလုပ်ဖို့ရှိနေလို့ အခုလုပ်ရပ်ဟာ ရင်ကြားစေ့တဲ့သဘောဆောင်တယ်လို့ ရှုမြင်နေတာလည်းရှိပါတယ်။

လက်တွေ့အသုံးကျပြီး အောင်မြင်မှုရှိတဲ့သဘောတူညီချက်ဖြစ်လာဖို့အရေးကြီးတဲ့ စိုက်ပျိုးရေးပစ္စည်းတချို့တော့ သက်သာခွင့်ပေးတဲ့အထဲမှာမပါပါဘူး။

စက်တင်ဘာ ၁၇ ရက်မှာ တရုတ်ရဲ့စည်းကြပ်ခွန်သက်သာခွင့်ပေးတာ စအသက်ဝင်မှာဖြစ်ပြီး တစ်နှစ်နောက်ဆုတ်ပေးလိုက်တယ်လို့ တရုတ်နိုင်ငံတော်ကောင်စီရဲ့ အကောက်ခွန်၊ စည်းကြပ်ခွန်ကော်မရှင်က ထုတ်ပြန်ပါတယ်။

တရုတ်သက်သာခွင့်ပေးတဲ့အထဲမှာ ပင်လယ်စာထုတ်ကုန်တွေနဲ့ ကင်ဆာပျောက်ဆေးတွေပါဝင်ပါတယ်။

အောက်တိုဘာအစောပိုင်း ဝါရှင်တန်မှာ နှစ်ဖက်တွေ့ဆုံမယ်လို့ ကုန်သွယ်ရေးညှိနှိုင်းသူတွေကပြောပါတယ်။

Source-Agencies
#ဥက္ကာ
#TheFifthWaveNews
Photo-White House

Leave a Reply