“ရခိုင္ျပည္နယ္မွာ ေခါင္းျဖတ္သတ္သည့္လုပ္ရပ္ လူမဆန္” ဟု သမၼတ႐ံုး ေျပာ

0
84

စက္တင္ဘာ ၁၃
ယဥ္ေကႏြယ္

ရခိုင္ျပည္နယ္ရွိ ေျမပံုၿမိဳ႕နယ္ ကမ္းေထာင့္ႀကိးၿမိဳ႕မေစ်း လယ္လမ္းတြင္ အမ်ိဳးသား ႏွစ္ဦးသည္ စက္တင္ဘာလ ၁၀ ရက္ေန႔ ေခါင္းျဖတ္သတ္ခံခဲ့ရေၾကာင္း သိရသည္။

ထိုသို႔ လုပ္ေဆာင္ျခင္းသည္ လူမဆန္သည့္ အၾကမ္းဖက္လုပ္ရပ္မ်ိဳးျဖစ္ေၾကာင္း သမၼတရံုး၏ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ကေျပာသည္။

“ေခါင္းျဖတ္ၿပီးလုပ္တဲ့ လုပ္ရပ္ က တကယ့္ လူမဆန္တဲ့ အၾကမ္းဖက္လုပ္ရပ္ေပါ့။ကၽြန္ေတာ္တို႔ကေတာ့ မင္းမဲ့ စရိုက္လို႔ မေျပာဘူး။ဒါက အၾကမ္းဖက္ လုပ္ရပ္ျဖစ္တယ္။။ လူမဆန္စြာရက္စက္စြာ လုပ္တဲ့ အတြက္ အၾကမ္းဖက္လုပ္ရပ္ျဖစ္တယ္။ အခု ဒီဟာနဲ႔ ပတ္သက္လို႔ အခု ရခိုင္ျပည္နယ္မွာ ကၽြန္ေတာ္တို႔ အာဆာ ေပၚလာတယ္။ အာဆာၿပိးရင္ AA ေပၚလာတယ္ေပါ့ေနာ္။အဲ့ေတာ့ တိုက္ပြဲေတြကလည္း မၾကာမခဏ လိုလို ျဖစ္တယ္။ အထူးသျဖင့္ ရခိုင္မွာ အခုျဖစ္စဥ္ကိုု ၾကည့္လိုက္ရင္ အျပစ္မဲ့ အရပ္သားျပည္သူေတြ ေသေၾကတာ မ်ား လာတာ ဗံုးခြဲတာ မိုင္းခြဲတဲ့ ျဖစ္စဥ္ေၾကာင့္ ေသတာမ်ားတယ္”ဟု ဦးေဇာ္ေဌး ကေျပာသည္။

ယေန႔ ညေနပိုင္းက သမၼအိမ္ေတာ္ရွိ ရွင္းလင္းေဆာင္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ား၏ေမးျမန္းမႈ အေပၚ ဦးေဇာ္ေဌး မွ အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

တိုက္ပြဲမ်ား ျဖစ္ေနမည္ဆိုပါက တရားဥပေဒစိုးမိုးမႈ ၊ လံုျခံဳမႈ ၊တည္ၿငိမ္မႈ မ်ားအားနည္းသြားျခင္းသည္လည္း ထံုးစံအတိုင္းျဖစ္ေနေၾကာင္း ဦးေဇာ္ေဌး ကေျပာသည္။

ထို႔အတြက္ေၾကာင့္ ရခိုင္ျပည္နယ္ရွိ လႊတ္ေတာ္မွ ရခိုင္အမတ္မ်ားျဖစ္ေစ ျပည္ေထာင္စု လႊတ္ေေတာ္တြင္ရွိသည့္ ရခိုင္အမတ္မ်ား မွ ျဖစ္ေစ ပူးေပါင္းေဆာင္ရြက္ေစလိုေၾကာင္း ဦးေဇာ္ေဌး ကေျပာသည္။

လက္ရွိ အစိုးရ အေနျဖင့္ AA ႏွင့္ ပတ္သက္လို႔ ေဆြးေႏြးညွိႏႈိင္းမႈမ်ားလုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။

“AA နဲ႔ပတ္သက္လို႔ ကၽြန္ေတာ္တို႔ ေဆြးေႏြးညွိႏႈိင္းေနတယ္။ ေဆြးေႏြးညွိႏႈိင္းမႈေတြ လုပ္ေနတယ္။ အထူးသျဖင့္ ကၽြန္ေတာ္တို႔ အပစ္အခတ္တိုက္ခိုက္မႈ ရပ္စဲေရး အေနအထားတစ္ခုကို ေရာက္ဖို႕ ကၽြန္ေတာ္တို႔ ဦးစာေးပး ႀကိဳးပမ္းေနတယ္။ ၿပီးရင္ ကၽြန္ေတာ္တို႔ NCA လမ္းေၾကာင္းအရ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းအရ နိုင္ငံေရးေဆြးေႏြးပြဲစားပြဲ၀ိုင္း ေတြေရာက္ေအာင္ကၽြန္ေတာ္တို႔ ႀကိဳးပမ္းေနတယ္။ ဒါေတြကပဲ ကၽြန္ေတာ္တို႔ ေျဖရွင္းလို႔ရမယ္”ဟု ၎ ကေျပာသည္။

————————————————-

(Unicode)

“ရခိုင်ပြည်နယ်မှာ ခေါင်းဖြတ်သတ်သည့်လုပ်ရပ် လူမဆန်” ဟု သမ္မတရုံး ပြော

စက်တင်ဘာ ၁၃
ယဉ်ကေနွယ်

ရခိုင်ပြည်နယ်ရှိ မြေပုံမြို့နယ် ကမ်းထောင့်ကြိးမြို့မဈေး လယ်လမ်းတွင် အမျိုးသား နှစ်ဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့ ခေါင်းဖြတ်သတ်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်မျိုးဖြစ်ကြောင်း သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။

“ခေါင်းဖြတ်ပြီးလုပ်တဲ့ လုပ်ရပ် က တကယ့် လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ပေါ့။ကျွန်တော်တို့ကတော့ မင်းမဲ့ စရိုက်လို့ မပြောဘူး။ဒါက အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်။။ လူမဆန်စွာရက်စက်စွာ လုပ်တဲ့ အတွက် အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။ အခု ဒီဟာနဲ့ ပတ်သက်လို့ အခု ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ အာဆာ ပေါ်လာတယ်။ အာဆာပြိးရင် AA ပေါ်လာတယ်ပေါ့နော်။အဲ့တော့ တိုက်ပွဲတွေကလည်း မကြာမခဏ လိုလို ဖြစ်တယ်။ အထူးသဖြင့် ရခိုင်မှာ အခုဖြစ်စဉ်ကိုု ကြည့်လိုက်ရင် အပြစ်မဲ့ အရပ်သားပြည်သူတွေ သေကြေတာ များ လာတာ ဗုံးခွဲတာ မိုင်းခွဲတဲ့ ဖြစ်စဉ်ကြောင့် သေတာများတယ်”ဟု ဦးဇော်ဌေး ကပြောသည်။

ယနေ့ ညနေပိုင်းက သမ္မအိမ်တော်ရှိ ရှင်းလင်းဆောင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှု အပေါ် ဦးဇော်ဌေး မှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများ ဖြစ်နေမည်ဆိုပါက တရားဥပဒေစိုးမိုးမှု ၊ လုံခြုံမှု ၊တည်ငြိမ်မှု များအားနည်းသွားခြင်းသည်လည်း ထုံးစံအတိုင်းဖြစ်နေကြောင်း ဦးဇော်ဌေး ကပြောသည်။

ထို့အတွက်ကြောင့် ရခိုင်ပြည်နယ်ရှိ လွှတ်တော်မှ ရခိုင်အမတ်များဖြစ်စေ ပြည်ထောင်စု လွှတ်ေတော်တွင်ရှိသည့် ရခိုင်အမတ်များ မှ ဖြစ်စေ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဦးဇော်ဌေး ကပြောသည်။

လက်ရှိ အစိုးရ အနေဖြင့် AA နှင့် ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

“AA နဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းနေတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်။ အထူးသဖြင့် ကျွန်တော်တို့ အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး အနေအထားတစ်ခုကို ရောက်ဖို့ ကျွန်တော်တို့ ဦးစာေးပး ကြိုးပမ်းနေတယ်။ ပြီးရင် ကျွန်တော်တို့ NCA လမ်းကြောင်းအရ ငြိမ်းချမ်းရေး လမ်းကြောင်းအရ နိုင်ငံရေးဆွေးနွေးပွဲစားပွဲဝိုင်း တွေရောက်အောင်ကျွန်တော်တို့ ကြိုးပမ်းနေတယ်။ ဒါတွေကပဲ ကျွန်တော်တို့ ဖြေရှင်းလို့ရမယ်”ဟု ၎င်း ကပြောသည်။

Leave a Reply