စစ္ကိုင္းတြင္ အတူေနဦးဇင္းႏွစ္ပါး စကားမ်ားရာမွ ဓါးထိုးမႈျဖစ္ပြား

0
112

စက္တင္ဘာ ၁၃
ႏိုင္လင္းဦး

စစ္ကိုင္းၿမိဳ႕ မီးရထားရပ္ကြက္ ေတေဇာတာရံုေက်ာင္းတိုက္တြင္ စက္တင္ဘာလ ၁၃ ရက္ေန႔ (ေတာ္သလင္းလျပည့္ ဂရုဓမၼအခါေတာ္ေန႔) နံနက္ ၆ နာရီအခ်ိန္ခန္႔ က အတူေနဦးဇင္းႏွစ္ပါး စကားမ်ားရာမွ ဓါးထိုးမႈျဖစ္ပြားခဲ့ေၾကာင္း စစ္ကိုင္းၿမိဳ႕မရဲစခန္း က သိရသည္။

ျဖစ္စဥ္မွာ ဦးဇင္းဂႏၶမာအား တစ္ေက်ာင္းတည္းေန အတူသီတင္း သုံးေဖာ္ျဖစ္သည့္ ဦးဇင္းနႏၵသီဟ က ဓားနဲ႔ထိုးလိုက္ျခင္းျဖစ္ေၾကာင္း ကနဦးသိရသည္ ။

ဦးဇင္းဂႏၶမာ ၏ ေအာ္သံျဖစ္သည့္ “မင္းကို ငါဘာလုပ္လို႔တုန္း´´ ဟု ေအာ္သံၾကားရသည့္အတြက္ ေတေဇာတာရံုေက်ာင္းတိုက္အေရွ႕တြင္ ေျမႀကီးေပၚလဲက်ေနေသာ ဦးဇင္းဂႏၶမာ အား ဦးဇင္းနႏၵသီဟ က ဓားနဲ႔ထိုးေနသည္ကို ေတြ႕ျမင္ေၾကာင္း ကနဦး တိုင္ခ်က္တြင္ ေဖာ္ျပထားသည္ ။

ဓါးျဖင့္ ထိုးခံရသည့္အတြက္ ဦးဇင္းဂႏၶမာ တြင္ ခါး ဘယ္ဘက္ျခမ္း ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ခါး ယာဘက္ျခမ္း ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ခါး အလယ္ထိုးသြင္းဒဏ္ရာ(၁)ခ်က္ ရရွိၿပီး စစ္ကိုင္းေဆးရံု ကတဆင့္ မႏၲေလးျပည္သူ႕ေဆးရံုႀကီးသို႔ လႊဲေျပာင္းေပးခဲ့ရသည္ ။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူ ဦးဇင္း နႏၵသီဟ အား စစ္ကိုင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၁၂၀၇/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ – ၃၂၆ ျဖင့္အမႈဖြင့္ၿပီး ရဟန္းသိကၡာခ် ကာ လူဝတ္လဲကာ ဖမ္းဆီးထားေၾကာင္း သိရသည္ ။

————————————————

(Unicode)

စစ်ကိုင်းတွင် အတူနေဦးဇင်းနှစ်ပါး စကားများရာမှ ဓါးထိုးမှုဖြစ်ပွား

စက်တင်ဘာ ၁၃
နိုင်လင်းဦး

စစ်ကိုင်းမြို့ မီးရထားရပ်ကွက် တေဇောတာရုံကျောင်းတိုက်တွင် စက်တင်ဘာလ ၁၃ ရက်နေ့ (တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့) နံနက် ၆ နာရီအချိန်ခန့် က အတူနေဦးဇင်းနှစ်ပါး စကားများရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်း က သိရသည်။

ဖြစ်စဉ်မှာ ဦးဇင်းဂန္ဓမာအား တစ်ကျောင်းတည်းနေ အတူသီတင်း သုံးဖော်ဖြစ်သည့် ဦးဇင်းနန္ဒသီဟ က ဓားနဲ့ထိုးလိုက်ခြင်းဖြစ်ကြောင်း ကနဦးသိရသည် ။

ဦးဇင်းဂန္ဓမာ ၏ အော်သံဖြစ်သည့် “မင်းကို ငါဘာလုပ်လို့တုန်း´´ ဟု အော်သံကြားရသည့်အတွက် တေဇောတာရုံကျောင်းတိုက်အရှေ့တွင် မြေကြီးပေါ်လဲကျနေသော ဦးဇင်းဂန္ဓမာ အား ဦးဇင်းနန္ဒသီဟ က ဓားနဲ့ထိုးနေသည်ကို တွေ့မြင်ကြောင်း ကနဦး တိုင်ချက်တွင် ဖော်ပြထားသည် ။

ဓါးဖြင့် ထိုးခံရသည့်အတွက် ဦးဇင်းဂန္ဓမာ တွင် ခါး ဘယ်ဘက်ခြမ်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ခါး ယာဘက်ခြမ်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ခါး အလယ်ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိပြီး စစ်ကိုင်းဆေးရုံ ကတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ရသည် ။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ ဦးဇင်း နန္ဒသီဟ အား စစ်ကိုင်းမြို့မရဲစခန်းတွင် (ပ)၁၂၀၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၂၆ ဖြင့်အမှုဖွင့်ပြီး ရဟန်းသိက္ခာချ ကာ လူဝတ်လဲကာ ဖမ်းဆီးထားကြောင်း သိရသည် ။

Leave a Reply