ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ မႏၱေလးတြင္မိသည့္ AA အဖြဲ႔ဝင္မ်ားကို စစ္ေဆးေန

0
61

စက္တင္ဘာ ၁၄
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕တြင္ ဖမ္းဆီးရမိသည့္ AA လက္နက္ကိုင္အဖြဲ႕ဝင္မ်ား ႏွင့္ ပတ္သက္၍ စစ္ေဆးစဲျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာသည္ ။

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္ (၅) ရပ္ကြက္ရွိ လမ္း ၇၀၊ ဒႆနလမ္းရွိ ေနအိမ္တစ္ခုတြင္ အမ်ဳိးသား (၅) ဦးႏွင့္အတူ ေဖာက္ကြဲဖ်က္ဆီးရာတြင္အသံုးျပဳေသာပစၥည္းမ်ားႏွင့္ ဆက္သြယ္ေရးပစၥည္းမ်ားကို စက္တင္ဘာလ ၁၀ ရက္ေန႔ နံနက္ပိုင္းအခ်ိန္က ဖမ္းဆီးရမိခဲ့ရာ ၄င္းတို႔ (၅) ဦး အနက္ AA လက္နက္ကိုင္အဖြဲ႕မွ တပ္ၾကပ္ႀကီး တစ္ဦးႏွင့္ တပ္သား တစ္ဦးပါဝင္ေၾကာင္း သိရသည္ ။

“မိတာကေတာ့ မိတယ္။ အခ်ိန္မီ မိတယ္။ ဒီပစၥည္းေတြနဲ႔ မိတယ္။ ဒီဟာေတြကို ပို႔ေနတာ ဒါကေတာ့ ေသခ်ာသြားၿပီေပါ့ေနာ္ ။ AA တပ္ၾကပ္ႀကီးတစ္ေယာက္ပါတယ္။ တပ္သား တစ္ေယာက္ပါတယ္။ က်န္တာကေတာ့ ကူညီတဲ့သူေတြေပါ့။ ဆက္စပ္တဲ့သူေတြေပါ့။ စစ္ေဆးစဲပါပဲ။´´ ဟု မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာသည္ ။

ဖမ္းဆီးရမိသည့္ ေဖာက္ကြဲဖ်က္ဆီးရာတြင္အသံုးျပဳေသာပစၥည္းမ်ားႏွင့္ ဆက္သြယ္ေရးပစၥည္းမ်ား သည္ မည္သည့္လမ္းေၾကာင္းမွ ဝင္ေရာက္ၿပီး ဘယ္ကို ဆက္သြားမည္ကို သိရွိလို၍ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း ၄င္းက ဆက္ေျပာသည္ ။

သိမ္းဆည္းရမိသည့္ ပစၥည္းမ်ားမွာ THLIRAYA XT-ITTE. Satellite Phone (အသစ္) အလံုး (၄၀)၊ မွန္ေျပာင္း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ္းတုံးဟုယူဆရေသာ အထုပ္(၂၈)ထုပ္၊ ဒီတိုနီတာ ၁၀၀ ထုပ္ပါ (၁၀) ခု၊ ဖေယာင္းေခ်ာင္း (၃၅) ေခ်ာင္း၊ စကၠဴျဖဴ ၁၅ လိပ္ပါ (၃)ထုပ္၊ ယမ္းျဖဴဟုယူဆရေသာ (ဆာလာအိတ္ျဖင့္ထည့္လ်က္) ၅ အိတ္ႏွင့္ စကၠဴညိဳ (၁) ထုပ္တို႔ျဖစ္သည္။

ဖမ္းဆီးရမိသည့္သူမ်ားကို အၾကမ္းဖက္ဥပေဒျဖင့္ အမႈဖြင့္ထားၿပီး တရားရံုးတင္ပို႔ႏိုင္ေရးေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္ ။

———————————————

(Unicode)

ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ မန္တလေးတွင်မိသည့် AA အဖွဲ့ဝင်များကို စစ်ဆေးနေ

စက်တင်ဘာ ၁၄
နိုင်လင်းဦး

မန္တလေးမြို့တွင် ဖမ်းဆီးရမိသည့် AA လက်နက်ကိုင်အဖွဲ့ဝင်များ နှင့် ပတ်သက်၍ စစ်ဆေးစဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။

ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်ရှိ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၅) ဦးနှင့်အတူ ဖောက်ကွဲဖျက်ဆီးရာတွင်အသုံးပြုသောပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့ရာ ၎င်းတို့ (၅) ဦး အနက် AA လက်နက်ကိုင်အဖွဲ့မှ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သား တစ်ဦးပါဝင်ကြောင်း သိရသည် ။

“မိတာကတော့ မိတယ်။ အချိန်မီ မိတယ်။ ဒီပစ္စည်းတွေနဲ့ မိတယ်။ ဒီဟာတွေကို ပို့နေတာ ဒါကတော့ သေချာသွားပြီပေါ့နော် ။ AA တပ်ကြပ်ကြီးတစ်ယောက်ပါတယ်။ တပ်သား တစ်ယောက်ပါတယ်။ ကျန်တာကတော့ ကူညီတဲ့သူတွေပေါ့။ ဆက်စပ်တဲ့သူတွေပေါ့။ စစ်ဆေးစဲပါပဲ။´´ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။

ဖမ်းဆီးရမိသည့် ဖောက်ကွဲဖျက်ဆီးရာတွင်အသုံးပြုသောပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ သည် မည်သည့်လမ်းကြောင်းမှ ဝင်ရောက်ပြီး ဘယ်ကို ဆက်သွားမည်ကို သိရှိလို၍ စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည် ။

သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ဖြစ်သည်။

ဖမ်းဆီးရမိသည့်သူများကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားပြီး တရားရုံးတင်ပို့နိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

Leave a Reply