“ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ကို အာဏာရပါတီက လိုသလိုသံုးရန္ မျဖစ္ေစဖို႔ ေ႐ြးေကာ္ဥပေဒကို ျပင္ရမည္” ဟု ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ေျပာ

0
10

စက္တင္ဘာ ၁၄
ယဥ္ေကႏြယ္

အာဏာရပါတီမ်ားအေနျဖင့္ ေရြးေကာက္ပြဲေကာ္မရွင္ကို လိုသလို သံုးကာ အသာစီးယူမႈမ်ား မျဖစ္ေစေရးအတြက္ ေရြးေကာ္ဥပေဒ အား ျပင္ဆင္ရမည္ျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ၏ ဥကၠဌျဖစ္သူ ဦးသန္းေဌး ကေျပာဆိုလိုက္သည္။

“အာဏာရတဲ့ ပါတီ က ေရြးေကာက္ပြဲေကာ္မရွင္ကို လိုသလို သံုးၿပီးအသာစီးယူ ၊အနုိင္ယူမႈေတြ ဖန္တီးခြင့္မရရွိေအာင္ ေရြးေကာက္ပြဲေကာ္မရွင္ ဥပေဒ ကို ျပင္ရပါမယ္”ဟု ဦးသန္းေဌး ကေျပာသည္။

ယေန႔ ေနျပည္ေတာ္ရွိ ပါတီ ရံုးခ်ဳပ္တြင္ က်င္းပျပဳလုပ္သည့္ ပါတီ ၏ ပဥၥမအႀကိမ္ေျမာက္ ဗဟို ေကာ္မတီ အစည္းအေ၀း ၏ အဖြင့္မိန္႔ခြန္းတြင္ ဦးသန္းေဌး မွ အထက္ပါအတိုင္း ထည့္သြင္းေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ထို႔ျပင္ ျပည္သူေရြးခ်ယ္သည့္ ကိုယ္စားလွယ္မ်ားႏွင့္ အစိုးရဖြဲ႔ၿပီး ျပည္သူ႔ေရးရာမ်ားကို စီမံခန္႔ခြဲေနသည့္ ဒီမိုကေရစီေခတ္တြင္ အရည္အခ်င္း မျပည့္မီသည့္ နိုင္ငံႏွင့္ လူမ်ိဳးကို သစၥာ မေစာင့္ သည့္ ျပည္သူမ်ားကို လွည့္မၾကည့္သည့္ ကိုယ္စားလွယ္မ်ားကို မဲဆႏၵရွင္မ်ား မွ တာ၀န္ရုပ္သိမ္းနိုင္သည့္ အခြင့္အာဏာကိုလည္း ျပည္သူမ်ားကိုလည္း မျဖစ္မေန အပ္ႏွင္းရမည္ ဟု ဦးသန္းေဌး ကေျပာသည္။

“ဒီထက္ပိုၿပီး အေလးထားေဆာင္ရြက္ရမည့္ ကိစၥ ကေတာ့ ျမန္မာနိုင္ငံရဲ႕ ေရြးေကာက္ပြဲ အစဥ္အဆက္ အသံုးျပဳခဲ့သည့္ နိုင္သူ အကုန္ယူ စနစ္အစား အခ်ိဳးက် ကိုယ္စားျပဳသည့္ စနစ္ကို မွ်တစြာ က်င့္သံုးနိုင္ေရး အတြက္ မျဖစ္မေန စီမံရပါမယ္” ဦးသန္းေဌး ကေျပာဆိုခဲ့သည္။

ထို႔အတူ နိုင္ငံေရး စကားေျပာသူတိုင္းသည္ ဒီမိုကေရစီ ဆိုသည့္ စကားလံုးအား သံုးၾကေသာ္လည္း ဒီမိုကေရစီ၏ လကၡဏာတစ္ရပ္ျဖစ္သည့္ အမ်ားစု၏ ဆႏၵကို အနည္းစုက လိုက္နာေဆာင္ရြက္ျခင္း၊ အနည္းစုရဲ႕ ဆႏၵကို အမ်ားစု က ေလးစားအသိအမွတ္ျပဳျခင္းလို႔ ဖြင့္ဆိုၾကေပမဲ့လည္း လက္ေတြ႔တြင္ နိုင္သူ အကုန္ယူစနစ္ေၾကာင့္ မဲတစ္မဲ အသာျဖင့္ အနိုင္ရသူကလည္း အဆံုးအျဖတ္အားလံုးကို အသာစီးယူ ဆံုးျဖတ္သည့္ အေလ့ အထ ျဖစ္ေနေၾကာင္း ဦးသန္းေဌး ကေထာက္ျပေျပာဆိုခဲ့သည္။

———————————————–

(Unicode)

“ရွေးကောက်ပွဲကော်မရှင်ကို အာဏာရပါတီက လိုသလိုသုံးရန် မဖြစ်စေဖို့ ရွေးကော်ဥပဒေကို ပြင်ရမည်” ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြော

စက်တင်ဘာ ၁၄
ယဉ်ကေနွယ်

အာဏာရပါတီများအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ကို လိုသလို သုံးကာ အသာစီးယူမှုများ မဖြစ်စေရေးအတွက် ရွေးကော်ဥပဒေ အား ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ ဥက္ကဌဖြစ်သူ ဦးသန်းဌေး ကပြောဆိုလိုက်သည်။

“အာဏာရတဲ့ ပါတီ က ရွေးကောက်ပွဲကော်မရှင်ကို လိုသလို သုံးပြီးအသာစီးယူ ၊အနိုင်ယူမှုတွေ ဖန်တီးခွင့်မရရှိအောင် ရွေးကောက်ပွဲကော်မရှင် ဥပဒေ ကို ပြင်ရပါမယ်”ဟု ဦးသန်းဌေး ကပြောသည်။

ယနေ့ နေပြည်တော်ရှိ ပါတီ ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ပါတီ ၏ ပဉ္စမအကြိမ်မြောက် ဗဟို ကော်မတီ အစည်းအဝေး ၏ အဖွင့်မိန့်ခွန်းတွင် ဦးသန်းဌေး မှ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်သူရွေးချယ်သည့် ကိုယ်စားလှယ်များနှင့် အစိုးရဖွဲ့ပြီး ပြည်သူ့ရေးရာများကို စီမံခန့်ခွဲနေသည့် ဒီမိုကရေစီခေတ်တွင် အရည်အချင်း မပြည့်မီသည့် နိုင်ငံနှင့် လူမျိုးကို သစ္စာ မစောင့် သည့် ပြည်သူများကို လှည့်မကြည့်သည့် ကိုယ်စားလှယ်များကို မဲဆန္ဒရှင်များ မှ တာဝန်ရုပ်သိမ်းနိုင်သည့် အခွင့်အာဏာကိုလည်း ပြည်သူများကိုလည်း မဖြစ်မနေ အပ်နှင်းရမည် ဟု ဦးသန်းဌေး ကပြောသည်။

“ဒီထက်ပိုပြီး အလေးထားဆောင်ရွက်ရမည့် ကိစ္စ ကတော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ အစဉ်အဆက် အသုံးပြုခဲ့သည့် နိုင်သူ အကုန်ယူ စနစ်အစား အချိုးကျ ကိုယ်စားပြုသည့် စနစ်ကို မျှတစွာ ကျင့်သုံးနိုင်ရေး အတွက် မဖြစ်မနေ စီမံရပါမယ်” ဦးသန်းဌေး ကပြောဆိုခဲ့သည်။

ထို့အတူ နိုင်ငံရေး စကားပြောသူတိုင်းသည် ဒီမိုကရေစီ ဆိုသည့် စကားလုံးအား သုံးကြသော်လည်း ဒီမိုကရေစီ၏ လက္ခဏာတစ်ရပ်ဖြစ်သည့် အများစု၏ ဆန္ဒကို အနည်းစုက လိုက်နာဆောင်ရွက်ခြင်း၊ အနည်းစုရဲ့ ဆန္ဒကို အများစု က လေးစားအသိအမှတ်ပြုခြင်းလို့ ဖွင့်ဆိုကြပေမဲ့လည်း လက်တွေ့တွင် နိုင်သူ အကုန်ယူစနစ်ကြောင့် မဲတစ်မဲ အသာဖြင့် အနိုင်ရသူကလည်း အဆုံးအဖြတ်အားလုံးကို အသာစီးယူ ဆုံးဖြတ်သည့် အလေ့ အထ ဖြစ်နေကြောင်း ဦးသန်းဌေး ကထောက်ပြပြောဆိုခဲ့သည်။

Leave a Reply