KGG အထည်ချုပ်စက်ရုံအလုပ်သမားများ သပိတ်စခန်းဖွင့်လှစ်မှု ရှစ်ရက်ရှိပြီဖြစ်သော်လည်း ပြေလည်မှု မရသေး

0
186

ရန်ကုန် ဇန်နဝါရီ ၂၄ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၂ တွင် တည်ရှိသော KGG အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် တောင်းဆိုချက်များရရှိရန်အတွက် သပိတ်စခန်းဖွင့်ဆန္ဒပြနေသည်မှာ ယနေ့တွင် ရှစ်ရက်မြောက်နေ့ပြီဖြစ်သော်လည်း ပြေလည်မှု မရသေးကြောင်း သိရသည်။

တရုတ်နိုင်ငံသားပိုင် KGG အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် အလုပ်ရှင်ဖက်မှ သဘောတူစာချုပ် ကိုဖောက်ဖျက်သည်ဟုဆိုကာ အခွင့်အရေးများရရှိရေးအတွက် ဇန်နဝါရီ ၁၇ ရက်မှ စတင်ကာ သပိတ်စခန်းဖွင့် တောင်းဆိုနေခြင်းဖြစ်သည်။

“ တောင်းဆိုချက်က ၁၃ ချက်ရှိတယ်။ အဲဒီ ၁၃ ချက်မရ မချင်း သပိတ်စခန်းကို ရုတ်သိမ်းသွားမှာ မဟုတ်ဘူး။ အခုချိန်ထိတော့ ညှိနှိုင်းမှုက အဆင်မပြေသေးဘူး” ဟု KGG အထည်ချုပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားခေါင်းဆောင် မဝင်းဝင်းမော် က ပြောသည်။

သပိတ်စခန်းတွင် ဆန္ဒပြတောင်းဆိုနေသော အလုပ်သမားများမှာ နှစ်ရာခန့်ရှိနေပြီး အလုပ်ခွင်မဝင်ရောက်ဘဲ ဆန္ဒပြနေသူများလည်း ရှိကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

တောင်းဆိုသည့် အချက်၁၃ ချက်တွင် အလုပ်သမားများကို ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံခြင်းများ၊ အလုပ်သမားများကို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခြင်းများ၊ လူမှုဖူလုံရေးကြေးကောက်ယူသော်လည်း အကျိုး ခံစားခွင့်မရှိခြင်းများ၊ ရာထထူးချခြင်းပါဝင်သည်ဟု ၄င်းတို့ပြောပြချက် အရသိရသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ- လက်ဆင်း

Leave a Reply