ေျမာက္ကိုရီးယားကိုလာေရာက္ဖို႔ ထရမ့္ကို ကင္ဂ်ံဳအြန္ဖိတ္ေခၚ

0
88

စက္တင္ဘာ ၁၆
ႏိုင္ငံတကာသတင္း

ေျမာက္ကိုရီးယားႏိုင္ငံၿမိဳ႕ေတာ္ျပံဳယမ္းကိုလာေရာက္ဖို႔ အေမရိကန္သမၼတေဒၚနယ္ ထရမ့္ကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအြန္က ၾသဂုတ္တုန္းကေပးပို႔လိုက္တဲ့စာမွာ ဖိတ္ၾကားလိုက္တယ္ဆိုၿပီး သံတမန္သတင္းရင္းျမစ္ေတြကိုကိုးကားလို႔ ေတာင္ကိုရီးယားသတင္းစာတစ္ေစာင္က တနလၤာေန႔မွာေဖာ္ျပပါတယ္။

ႏွစ္ႏိုင္ငံၾကားႏ်ဴကလီးယားဖ်က္သိမ္းေရးေဆြးေႏြးမႈေတြၾကန္႔ၾကာေနခ်ိန္မွာ ေျမာက္ကိုရီးယားက တာတိုပစ္ဒံုးက်ည္ေတြမပစ္လႊတ္ခင္တစ္ပတ္ေန႔စြဲပါ၀င္ၿပီး ၿပီးခဲ့တဲ့လက ကင္ဆီက ထရမ့္ရခဲ့တဲ့ဒုတိယေျမာက္စာမွာပါ၀င္ခဲ့တာပါ။

ထရမ့္ဆီ ၾသဂုတ္တတိယတစ္ပတ္မွာေရာက္သြားတဲ့စာမွာ ထရမ့္နဲ႔ေနာက္တစ္ႀကိမ္ေတြ႕ခ်င္တယ္လို႔ ကင္ကေျပာတယ္ဆိုၿပီး သတင္းရင္းျမစ္တစ္ေယာက္ကေျပာတယ္လို႔ ဂၽြန္ဂန္းအီဘိုသတင္းစာကေဖာ္ျပပါတယ္။

အိမ္ျဖဴေတာ္၊ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနဲ႔ ကုလသမဂၢဆိုင္ရာေျမာက္ကိုရီးယားကိုယ္စားလွယ္အဖြဲ႔တို႔က ဒီျဖစ္ရပ္အတြက္ တစံုတရာမွတ္ခ်က္မျပဳေသးဘူးလို႔ ႐ိုက္တာသတင္းေအဂ်င္စီကေဖာ္ျပပါတယ္။

၂၀၁၈ ခုႏွစ္၊ ဇြန္ကေန အခုအခ်ိန္အထိ ထရမ့္နဲ႔ကင္တို႔ ၃ ႀကိမ္ေတြ႕ဆံုၿပီး ေျမာက္ကိုရီးယားရဲ႕ဒံုးက်ည္နဲ႔ ႏ်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္တဲ့အၾကပ္အတည္းေတြကိုေျဖ႐ွင္းဖို႔ေဆြးေႏြးခဲ့ၾကေပမဲ့ ထိထိေရာက္ေရာက္တိုးတက္လာတာေတာ့မ႐ွိေသးပါဘူး။

ကိုရီးယားႏွစ္ႏိုင္ငံၾကားစစ္မဲ့ဇုန္မွာ ဇြန္က ေခါင္းေဆာင္ႏွစ္ေယာက္ေတြ႕ဆံုခဲ့ၿပီး ေဖေဖာ္ဝါရီက ဗီယက္နမ္ႏိုင္ငံၿမိဳ႕ေတာ္ဟႏြိဳင္းမွာ မေအာင္ျမင္ခဲ့တဲ့ေတြ႕ဆံုမႈေနာက္ပိုင္း တစ္ဆို႔ေနတဲ့လုပ္ငန္းအဆင့္ၫွိႏႈိင္းေဆြးေႏြးမႈေတြျပန္စဖို႔ သေဘာတူခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္က တာတိုပစ္ဒံုးက်ည္ေတြကေတာ့ ေျမာက္ကိုရီးယားဘက္က ေဆြးေႏြးမႈေတြလုပ္ခ်င္တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဒုတိယ၀န္ႀကီးခ်ိဳဆြန္းဟြီကေျပာခဲ့ၿပီးေနာက္ ပစ္လႊတ္ခဲ့တာပါ။

အခုႏွစ္ကုန္ပိုင္းမွာ ကင္နဲ႔ေတြ႕ခ်င္တဲ့ဆႏၵ႐ွိတယ္လို႔ေတာ့ ထရမ့္က ပစ္လႊတ္မႈေနာက္ပိုင္းမွာေျပာပါတယ္။

ကင္ဆီက အသံုးအႏႈန္းလွလွေတြပါတဲ့စာတစ္ေစာင္ရခဲ့တယ္လို႔ ၾသဂုတ္ ၉ ရက္မွာထရမ့္ကေျပာၿပီး ေနာက္တစ္ႀကိမ္ကင္နဲ႔သူေတြ႕ႏိုင္တယ္လို႔လည္း ေျပာပါတယ္။

Source-Reuters
#ဥကၠာ
#TheFifthWaveNews
Photo-Yonhap

——————————————–

(Unicode)

မြောက်ကိုရီးယားကိုလာရောက်ဖို့ ထရမ့်ကို ကင်ဂျုံအွန်ဖိတ်ခေါ်

စက်တင်ဘာ ၁၆
နိုင်ငံတကာသတင်း

မြောက်ကိုရီးယားနိုင်ငံမြို့တော်ပြုံယမ်းကိုလာရောက်ဖို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သြဂုတ်တုန်းကပေးပို့လိုက်တဲ့စာမှာ ဖိတ်ကြားလိုက်တယ်ဆိုပြီး သံတမန်သတင်းရင်းမြစ်တွေကိုကိုးကားလို့ တောင်ကိုရီးယားသတင်းစာတစ်စောင်က တနင်္လာနေ့မှာဖော်ပြပါတယ်။

နှစ်နိုင်ငံကြားနျူကလီးယားဖျက်သိမ်းရေးဆွေးနွေးမှုတွေကြန့်ကြာနေချိန်မှာ မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်တွေမပစ်လွှတ်ခင်တစ်ပတ်နေ့စွဲပါဝင်ပြီး ပြီးခဲ့တဲ့လက ကင်ဆီက ထရမ့်ရခဲ့တဲ့ဒုတိယမြောက်စာမှာပါဝင်ခဲ့တာပါ။

ထရမ့်ဆီ သြဂုတ်တတိယတစ်ပတ်မှာရောက်သွားတဲ့စာမှာ ထရမ့်နဲ့နောက်တစ်ကြိမ်တွေ့ချင်တယ်လို့ ကင်ကပြောတယ်ဆိုပြီး သတင်းရင်းမြစ်တစ်ယောက်ကပြောတယ်လို့ ဂျွန်ဂန်းအီဘိုသတင်းစာကဖော်ပြပါတယ်။

အိမ်ဖြူတော်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ကုလသမဂ္ဂဆိုင်ရာမြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တို့က ဒီဖြစ်ရပ်အတွက် တစုံတရာမှတ်ချက်မပြုသေးဘူးလို့ ရိုက်တာသတင်းအေဂျင်စီကဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်ကနေ အခုအချိန်အထိ ထရမ့်နဲ့ကင်တို့ ၃ ကြိမ်တွေ့ဆုံပြီး မြောက်ကိုရီးယားရဲ့ဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်တဲ့အကြပ်အတည်းတွေကိုဖြေရှင်းဖို့ဆွေးနွေးခဲ့ကြပေမဲ့ ထိထိရောက်ရောက်တိုးတက်လာတာတော့မရှိသေးပါဘူး။

ကိုရီးယားနှစ်နိုင်ငံကြားစစ်မဲ့ဇုန်မှာ ဇွန်က ခေါင်းဆောင်နှစ်ယောက်တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီက ဗီယက်နမ်နိုင်ငံမြို့တော်ဟနွိုင်းမှာ မအောင်မြင်ခဲ့တဲ့တွေ့ဆုံမှုနောက်ပိုင်း တစ်ဆို့နေတဲ့လုပ်ငန်းအဆင့်ညှိနှိုင်းဆွေးနွေးမှုတွေပြန်စဖို့ သဘောတူခဲ့ကြပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က တာတိုပစ်ဒုံးကျည်တွေကတော့ မြောက်ကိုရီးယားဘက်က ဆွေးနွေးမှုတွေလုပ်ချင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဒုတိယဝန်ကြီးချိုဆွန်းဟွီကပြောခဲ့ပြီးနောက် ပစ်လွှတ်ခဲ့တာပါ။

အခုနှစ်ကုန်ပိုင်းမှာ ကင်နဲ့တွေ့ချင်တဲ့ဆန္ဒရှိတယ်လို့တော့ ထရမ့်က ပစ်လွှတ်မှုနောက်ပိုင်းမှာပြောပါတယ်။

ကင်ဆီက အသုံးအနှုန်းလှလှတွေပါတဲ့စာတစ်စောင်ရခဲ့တယ်လို့ သြဂုတ် ၉ ရက်မှာထရမ့်ကပြောပြီး နောက်တစ်ကြိမ်ကင်နဲ့သူတွေ့နိုင်တယ်လို့လည်း ပြောပါတယ်။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo-Yonhap

Leave a Reply