ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ကြက္မ်ားကို ၅ ဧကသာခြင့္ျပဳေပးေတာ့မည္

0
86

စက္တင္ဘာ ၁၆
ယဥ္ေကႏြယ္

မိုးရာသီကုန္ျပန္ဖြင့္မည့္ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ကြက္ႀကီးမ်ားကို ၅ဧကသာခြင့္ျပဳရန္ စီစဥ္ ေန ျပီျဖစ္ ေႀကာင္း ျမန္မာ့ေက်ာက္ မ်က္ရ တနာ ေရာင္းဝယ္ေရးလုပ္ငန္း အေထြေထြ မန္ေနဂ်ာ ဦးမင္းသူ ကေျပာသည္။

“အခုသြားမယ့္ဟာသည္ ၅ ဧကပဲ၊ သူ႔ဟာသူ ၅ ဧက ရိွရိွ၊ ၁၀ ဧက ရိွရိွ၊ ၂၀ ပဲရိွရိွ အခုသက္တမ္း က်န္ တဲ့ ဟာကိုေျပာတာေနာ္။အသစ္ကိုမေျပာေသးဘူး။ သက္တမ္းက်န္ တာကို အဲ့အတိုင္း သြားဖို႔ စီစဥ္ေနၿပီ။ အခု ဧက ၅၀ လက္ရိွ ရိွေနတယ္။ ခင္ဗ်ားရဲ႕ အႀကိဳက္ဆံုးေနရာ ၅ ဧကပဲ ေရြး၊ အဲ့ဒီေနရာ ကို ေျမပံုနဲ႔ ေထာက္၊ တိုင္ ၄ တိုင္ စိုက္ၿပီးရင္ အဲဒီေနရာပဲတူး။ သြားဖို႔ အခုစီစဥ္ေနၿပီ။ က်န္တဲ့ သက္ တမ္း ကို အဲဒီအတိုင္းပဲ သြား ေတာ့မွာ” ဟု ဦးမင္းသူ ကေျပာသည္။

ယေန႔ ေနျပည္ေတာ္ ရွိ မဏိရတနာေက်ာက္စိမ္းခန္းမတြင္ က်င္းပျပဳလုပ္သည့္ ၂၀၁၉ခုနွစ္ နွစ္လယ္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲတြင္ မီဒီယာမ်ား၏ေမးျမန္းမႈကို ဦးမင္းသူမွ အထက္ပါအတိုင္း ျပန္လည္ ေျဖႀကားခဲ့ျခင္း ျဖစ္သည္။

အခ်ိဳ႕လုပ္ကြက္မ်ားသည္ ၂၀၂၀- ၂၀၂၁ ခုနွစ္တို႕တြင္ သက္တမ္းကုန္မည္ျဖစ္သည့္ အတြက္ သက္တမ္းက်န္သည့္လုပ္ကြက္မ်ားကို ၅ဧကျဖတ္ရန္ စီစဥ္ေနေႀကာင္း ဦးမင္းသူ ကေျပာ သည္။

ဖားကန္ ့ေဒသတြင္ မိုးရာသီကာလအတြင္း ေက်ာက္စိမ္းရုိင္းတူးေဖာ္ထုတ္လုပ္ျခင္း လုပ္ ငန္းမ်ား ကို ဇူလိုင္ လ(၁)ရက္ မွ စက္တင္ဘာလကုန္အထိ သံုးလယာယီရပ္ဆိုင္းခဲ့ျခင္းျဖစ္သည္။

အဆိုပါ လုပ္ကြက္မ်ားကို ျပန္လည္ဖြင့္လွစ္ေပးႏိုင္ေရး အတြက္ စီစဥ္လ်က္႐ွိေၾကာင္း သိရသည္။

ထိုသို႕လုပ္ေဆာင္ရျခင္းရည္ရြယ္ခ်က္မွာ ေက်ာက္စိမ္း အလြန္အကြ်ံ တူးေဖာ္မႈကို ေလ်ာ့ခ်ရန္ႏွင့္ ေရရွည္တြင္ သဘာဝ ပတ္ဝန္းက်င္ထိခိုက္မႈကို ထိန္းသိမ္းရန္ျဖစ္ေၾကာင္း၊ ေနာင္တြင္ လည္း ထိုသို႕လုပ္ေဆာင္ရန္ အစီအစဥ္ မ်ားေရးဆြဲထားျပီးဥပေဒတြင္လည္းပါ၀င္ေႀကာင္းသိရသည္။

—————————————-

(Unicode)

ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များကို ၅ ဧကသာခွင့်ပြုပေးတော့မည်

စက်တင်ဘာ ၁၆
ယဉ်ကေနွယ်

မိုးရာသီကုန်ပြန်ဖွင့်မည့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကြီးများကို ၅ဧကသာခွင့်ပြုရန် စီစဉ် နေ ပြီဖြစ် ကြောင်း မြန်မာ့ကျောက် မျက်ရ တနာ ရောင်းဝယ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးမင်းသူ ကပြောသည်။

“အခုသွားမယ့်ဟာသည် ၅ ဧကပဲ၊ သူ့ဟာသူ ၅ ဧက ရှိရှိ၊ ၁၀ ဧက ရှိရှိ၊ ၂၀ ပဲရှိရှိ အခုသက်တမ်း ကျန် တဲ့ ဟာကိုပြောတာနော်။အသစ်ကိုမပြောသေးဘူး။ သက်တမ်းကျန် တာကို အဲ့အတိုင်း သွားဖို့ စီစဉ်နေပြီ။ အခု ဧက ၅၀ လက်ရှိ ရှိနေတယ်။ ခင်ဗျားရဲ့ အကြိုက်ဆုံးနေရာ ၅ ဧကပဲ ရွေး၊ အဲ့ဒီနေရာ ကို မြေပုံနဲ့ ထောက်၊ တိုင် ၄ တိုင် စိုက်ပြီးရင် အဲဒီနေရာပဲတူး။ သွားဖို့ အခုစီစဉ်နေပြီ။ ကျန်တဲ့ သက် တမ်း ကို အဲဒီအတိုင်းပဲ သွား တော့မှာ” ဟု ဦးမင်းသူ ကပြောသည်။

ယနေ့ နေပြည်တော် ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် မီဒီယာများ၏မေးမြန်းမှုကို ဦးမင်းသူမှ အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အချို့လုပ်ကွက်များသည် ၂၀၂၀- ၂၀၂၁ ခုနှစ်တို့တွင် သက်တမ်းကုန်မည်ဖြစ်သည့် အတွက် သက်တမ်းကျန်သည့်လုပ်ကွက်များကို ၅ဧကဖြတ်ရန် စီစဉ်နေကြောင်း ဦးမင်းသူ ကပြော သည်။

ဖားကန့်ဒေသတွင် မိုးရာသီကာလအတွင်း ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခြင်း လုပ် ငန်းများ ကို ဇူလိုင် လ(၁)ရက် မှ စက်တင်ဘာလကုန်အထိ သုံးလယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ကွက်များကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး အတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်ရခြင်းရည်ရွယ်ချက်မှာ ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုကို လျော့ချရန်နှင့် ရေရှည်တွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို ထိန်းသိမ်းရန်ဖြစ်ကြောင်း၊ နောင်တွင် လည်း ထိုသို့လုပ်ဆောင်ရန် အစီအစဉ် များရေးဆွဲထားပြီးဥပဒေတွင်လည်းပါဝင်ကြောင်းသိရသည်။

Leave a Reply