အိမ္ေမြးေခြးမ်ား မွတ္ပံုတင္ ျပဳလုပ္ႏိုင္ေရး တိုင္းအစိုးရအဖြဲ႕ရံုးကို ခြင့္ျပဳခ်က္ေတာင္းထား

0
99

စက္တင္ဘာ ၁၇
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးနယ္နိမိတ္အတြင္းရွိ အိမ္ေမြးေခြးမ်ား မွတ္ပံုတင္ ျပဳလုပ္ႏိုင္ေရးအတြက္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ရံုးသို႔ ခြင့္ျပဳခ်က္ေတာင္းထားေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ က သိရသည္ ။

ထိုသို႔ မွတ္ပံုတင္ျပဳလုပ္ရန္ တင္ျပထားရျခင္းသည္ အိမ္ေမြးေခြးမ်ား စနစ္တက် ျဖစ္ေစရန္ႏွင့္ စည္ပင္သာယာ မွ ေခြးေလေခြးလြင့္ ရွင္းလင္းေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ စနစ္တက်ေမြးျမဴထားသည့္ ေခြးမ်ား ပါမသြားရန္အတြက္ ျဖစ္ေၾကာင္း သိရသည္။

“အိမ္ေမြးတိရိစာၦန္ အထူးသျဖင့္ ေခြးေတြေပါ့။ စနစ္တက်ေလးျဖစ္သြားေအာင္လို႔ မွတ္ပံုတင္ေပးမွာပါ။ မွတ္ပံုတင္မွ ေမြးရမွာ မဟုတ္ပါဘူး။´´ ဟု မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္ က ေျပာသည္ ။

မွတ္ပံုတင္ထားသည့္ ေခြးမ်ားတြင္ နံပါတ္ပါသည့္ လည္ပတ္မ်ားေပးထားၿပီး စနစ္တက်ေမြးထားသည့္ေခြးအျဖစ္ သတ္မွတ္၍ ေခြးမ်ားအတြက္ ကာကြယ္ေဆးမ်ားႏွင့္ ပတ္သက္သည့္ ေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ရာတြင္လည္း အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း သိရသည္ ။

ထိုသို႔ ေခြးမ်ားကို မွတ္ပံုတင္ျပဳလုပ္ေပးရန္အတြက္ တင္ျပထားသည့္ အဆင့္သာျဖစ္ၿပၤး မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ တစ္စံုတစ္ရာ ခြင့္ျပဳထားျခင္းမရွိေသးေၾကာင္း သိရသည္ ။

——————————————–

(Unicode)

အိမ်မွေးခွေးများ မှတ်ပုံတင် ပြုလုပ်နိုင်ရေး တိုင်းအစိုးရအဖွဲ့ရုံးကို ခွင့်ပြုချက်တောင်းထား

စက်တင်ဘာ – ၁၇
နိုင်လင်းဦး

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အိမ်မွေးခွေးများ မှတ်ပုံတင် ပြုလုပ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ခွင့်ပြုချက်တောင်းထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည် ။

ထိုသို့ မှတ်ပုံတင်ပြုလုပ်ရန် တင်ပြထားရခြင်းသည် အိမ်မွေးခွေးများ စနစ်တကျ ဖြစ်စေရန်နှင့် စည်ပင်သာယာ မှ ခွေးလေခွေးလွင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စနစ်တကျမွေးမြူထားသည့် ခွေးများ ပါမသွားရန်အတွက် ဖြစ်ကြောင်း သိရသည်။

“အိမ်မွေးတိရိစ္ဆာန် အထူးသဖြင့် ခွေးတွေပေါ့။ စနစ်တကျလေးဖြစ်သွားအောင်လို့ မှတ်ပုံတင်ပေးမှာပါ။ မှတ်ပုံတင်မှ မွေးရမှာ မဟုတ်ပါဘူး။´´ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည် ။

မှတ်ပုံတင်ထားသည့် ခွေးများတွင် နံပါတ်ပါသည့် လည်ပတ်များပေးထားပြီး စနစ်တကျမွေးထားသည့်ခွေးအဖြစ် သတ်မှတ်၍ ခွေးများအတွက် ကာကွယ်ဆေးများနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည် ။

ထိုသို့ ခွေးများကို မှတ်ပုံတင်ပြုလုပ်ပေးရန်အတွက် တင်ပြထားသည့် အဆင့်သာဖြစ်င်္ပြး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တစ်စုံတစ်ရာ ခွင့်ပြုထားခြင်းမရှိသေးကြောင်း သိရသည် ။

Leave a Reply