အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းရဲ့နည်းပြဖြစ်လာသော ဖီးလ်နဗီး

0
198

ဇန်န၀ါရီ ၂၄ ၊ ၂၀၁၈

အင်္ဂလန်ဘောလုံးသမားဟောင်း ဖီးလ်နဗီးကို အင်္ဂလန် အမျိုးသမီးဘောလုံးအသင်းကို ကိုင်တွယ်ဖို့အတွက် FA က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ခန့်အပ်မှုကြောင့် ဖီးလ်နဗီးဟာ အင်္ဂလန်အမျိုးသမီးအသင်းကို ၂၀၂၁ခုနှစ် ဥရောပ အမျိုးသမီး ချန်ပီယံဘောလုံးပြိုင်ပွဲပြီးတဲ့အထိ နည်းပြရတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းရဲ့နည်းပြ မက်ခ် ဆမ်ဆွန်ဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလမှာ နည်းပြရာထူးကနေ ဖယ်ရှားခံလိုက်ရပါတယ်။ သည့်နောက်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့မှာ ကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဖီးလ်နဗီးကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က တရားဝင် အလုပ်ခန့်လိုက်တာ ဖြစ်ပါတယ်။

အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းဟာ ကမ္ဘာ့အဆင့် နံပါတ် ၃ မှာ ရပ်တည်နေပြီး အမေရိကန် ၊ ဂျာမနီတို့ရဲ့ အနောက်မှာ ရှိနေပါတယ်။
နည်းပြအဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ဖီးလ်နဗီးက အင်္ဂလန်အမျိုးသမီးဘောလုံး အသင်းကို အပြောင်းအလဲများစွာ ပြုလုပ်နိုင်တော့မှာဖြစ်လို့ဂုဏ်ယူကြောင်း ၊ အမျိုးသမီးအသင်းအနေနဲ့ မကြာသေးမီ အချိန်တို အတောအတွင်း ကြီးမားတဲ့ အသင်းစုဖွဲ့မှုတစ်ခုကို တည်ဆောက်ထားနိုင်ကြောင်း ၊ အသင်းရဲ့ ခိုင်မာတဲ့ လူစာရင်းကြောင့် အမျိုးသမီးအသင်းကို နောက်ထပ်အဆင့်မြင့်နေရာတစ်ခုကို ရောက်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ် နိုင်ငံကိုယ်စားပြု ခန့်အပ်ခံရခြင်းကြောင့် အတိုင်မသိ ၀မ်းသာဂုဏ်ယူကြောင်း ၊ အမျိုးသမီးအသင်းကို လက်အနေအထားထက် ပိုကောင်းအောင် ကြိုးစားတည်ဆောက်သွားမှာ ဖြစ်ကြောင်း ဖီးလ်နဗီးက ဆိုပါတယ်။

ဖီးလ်နဗီးဟာ အင်္ဂလန်နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းမှာ ၅၉ ပွဲ ၀င်ရောက်ကစားပေးထားသူဖြစ်ပြီး အသက် ၄၁ နှစ်ရှိပြီဖြစ်ပါတယ်။

NN

Leave a Reply