တပ်ချုပ်နှင့် ကြည်းရေလေ မိသားစုဝင်များ ဘာသာရေးအသင်းအဖွဲ့များသို့ အလှူငွေများ ပေးအပ်

0
11

စက်တင်ဘာ ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုဝင်များ ၊ စေတနာရှင်ပြည်သူများက ယနေ့(စက်တင်ဘာလ ၁၇ ရက်) မွန်းလွဲပိုင်း၌ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတောင်ဘက်မုခ် ဇီဝကလမ်းတွင်ရှိသော ဇဖားရှား ဒါရ်ဂါတော်သို့ အလှူငွေကျပ် သိန်း ၆၀ နှင့်စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့သည်။

ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်သို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုနှင့် စေတနာရှင်ပြည်သူများက ကျပ်သိန်း ၆၀ နှင့် လှူဖွယ်ပစ္စည်း အချို့ကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ သျှရီသျှရီစန္ဒီမယ်တော်ဘုရားကျောင်းသို့လည်း သွားရောက်လှူဒါန်းခဲ့သည်။

ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံမွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံးသို့လည်း သွားရောက်ကာ လှူဒါန်းခဲ့သည်။

ဓာတ်ပုံ-MPA

#TheFifthWave

Leave a Reply