အာဖဂန္ေ႐ြးေကာက္ပြဲအတြက္ သမၼတရဲ႕မဲဆြယ္စည္း႐ံုးမႈတစ္ခုနားမွာ ဗံုးေပါက္ကြဲလို႔ လူ ၂၄ ေယာက္ေသဆံုး

0
117

စက္တင္ဘာ ၁၈
ႏိုင္ငံတကာသတင္း

အဂၤါေန႔က အာဖဂန္သမၼတအာ႐ွက္ ဂါနီရဲ႕ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ံုးမႈတစ္ခုနားမွာ ေပါက္ကြဲမႈျဖစ္ပြားလို႔ လူ ၂၄ ေယာက္ေသဆံုးခဲ့ၿပီး ေနာက္ထပ္ ၃၁ ေယာက္ဒဏ္ရာရခဲ့တယ္လို႔ က်န္းမာေရးအရာ႐ွိတစ္ေယာက္ကေျပာေပမဲ့ ဒဏ္ရာရတဲ့အထဲမွာ ဂါနီမပါဘူးလို႔ သူ႔ရဲ႕လက္ေထာက္တစ္ေယာက္ကေျပာပါတယ္။

စစ္ေသြးႂကြေတြရဲ႕တိုက္ခိုက္မႈလို႔ယူဆရတဲ့အခုေပါက္ကြဲမႈျဖစ္ခဲ့ခ်ိန္မွာ ဂါနီက ပါ၀မ္ျပည္နယ္ၿမိဳ႕ေတာ္ ခ်ာရီကာမွာ လူထုစုေ၀းေနတာကို မိန္႔ခြန္းေျပာဖို႔႐ွိေနတာပါ။

“ထိခိုက္ေသဆံုးသူေတြထဲမွာ အမ်ိဳးသမီးေတြနဲ႔အရပ္သားေတြလည္းပါတယ္။ အမ်ားစုက အရပ္သားေတြပါ။ လူနာတင္ကားေတြလည္း အခင္းျဖစ္ရာမွာ႐ွိေနတုန္းပဲ။ အထိအခိုက္ဦးေရထပ္မ်ားလာဖို႔႐ွိတယ္။” လို႔ ့ျပည္နယ္ေဆး႐ံုအုပ္ အဗၺဒူ ကာဆင္ ဆန္ဂင္ကေျပာပါတယ္။

အေသခံဗံုးခြဲသူတစ္ေယာက္က ေဖာက္ခြဲခဲ့တာလို႔ ေဒသအစိုးရအရာ႐ွိတစ္ေယာက္ကေျပာပါတယ္။

ေပါက္ကြဲမႈက သူတို႔လက္ခ်က္လို႔ ဘယ္စစ္ေသြးႂကြအဖြဲ႔ကမွ ၀န္ခံထားတာမ႐ွိပါဘူး။

သီးျခားျဖစ္ရပ္တစ္ခုအေနနဲ႔ အာဖဂန္နစၥတန္ၿမိဳ႕ေတာ္ကဘူးလ္နားမွာ ေပါက္ကြဲမႈတစ္ခုျဖစ္လို႔ အနည္းဆံုးလူ ၃ ေယာက္ေသဆံုးခဲ့တယ္လို႔ ရဲတပ္ဖြဲ႔အရာ႐ွိေတြကေျပာၿပီး လူနာတင္ကားေတြနဲ႔ အာဖဂန္တပ္ဖြဲ႔ေတြ ေပါက္ကြဲရာကိုသြားေနပါတယ္။

စက္တင္ဘာ ၂၈ ရက္ေ႐ြးေကာက္ပြဲမွာ ဂါနီက သမၼတဒုတိယသက္တမ္းအတြက္ ၀င္ေ႐ြးေကာက္ခံမွာျဖစ္ၿပီး လူေတြမဲမေပးဖို႔ အာဖဂန္နဲ႔ႏိုင္ငံျခားတပ္ဖြဲ႔ေတြကို တိုက္ခိုက္မႈတိုးႁမွင့္မယ္လို႔ တာလီဘန္တပ္မွဴးေတြက ကတိျပဳထားပါတယ္။

အစည္းအေ၀းေတြနဲ႔ မဲ႐ံုေတြကိုတိုက္ခိုက္မယ္လို႔ အာဖဂန္ေတြရဲ႕ၿခိမ္းေျခာက္မႈေနာက္ပိုင္းမွာ လံုျခံဳေရးပိုတင္းၾကပ္ထားပါတယ္။

အေမရိကန္နဲ႔တာလီဘန္ေတြၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ၿပီးခဲ့တဲ့တစ္ပတ္မွာပ်က္ခဲ့ပါတယ္။

ခြဲထြက္ေရးသမားေတြဆီက လံုျခံဳေရးအာမခံခ်က္ရဖို႔ အေမရိကန္ဘက္ကေတာင္းဆိုၿပီး အေမရိကန္တပ္ဖြဲ႔၀င္ေထာင္ခ်ီတပ္ျပန္ဆုတ္ဖို႔ စစ္ေသြးႂကြေတြက ေတာင္းဆိုပါတယ္။

အာဖဂန္အစိုးရမပါတဲ့ေဆြးေႏြးမႈေတြဟာ ႏွစ္ ၄၀ ေက်ာ္ၾကာေနၿပီျဖစ္တဲ့အာဖဂန္စစ္ပြဲမွာ ပိုက်ယ္ျပန္တဲ့ၿငိမ္းခ်မ္းေရးၫွိႏႈိင္းေဆြးေႏြးမႈေတြအတြက္ နိဒါန္းၿပိဳးတဲ့အေနနဲ႔ ရည္႐ြယ္တာပါ။

Source-
#ဥကၠာ
#TheFifthWaveNews
Photo-NDTV

———————–

(Unicode)

အာဖဂန်ရွေးကောက်ပွဲအတွက် သမ္မတရဲ့မဲဆွယ်စည်းရုံးမှုတစ်ခုနားမှာ ဗုံးပေါက်ကွဲလို့ လူ ၂၄ ယောက်သေဆုံး

စက်တင်ဘာ ၁၈
နိုင်ငံတကာသတင်း

အင်္ဂါနေ့က အာဖဂန်သမ္မတအာရှက် ဂါနီရဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတစ်ခုနားမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ လူ ၂၄ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၃၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးအရာရှိတစ်ယောက်ကပြောပေမဲ့ ဒဏ်ရာရတဲ့အထဲမှာ ဂါနီမပါဘူးလို့ သူ့ရဲ့လက်ထောက်တစ်ယောက်ကပြောပါတယ်။

စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုလို့ယူဆရတဲ့အခုပေါက်ကွဲမှုဖြစ်ခဲ့ချိန်မှာ ဂါနီက ပါဝမ်ပြည်နယ်မြို့တော် ချာရီကာမှာ လူထုစုဝေးနေတာကို မိန့်ခွန်းပြောဖို့ရှိနေတာပါ။

“ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့အရပ်သားတွေလည်းပါတယ်။ အများစုက အရပ်သားတွေပါ။ လူနာတင်ကားတွေလည်း အခင်းဖြစ်ရာမှာရှိနေတုန်းပဲ။ အထိအခိုက်ဦးရေထပ်များလာဖို့ရှိတယ်။” လို့ပြည်နယ်ဆေးရုံအုပ် အဗ္ဗဒူ ကာဆင် ဆန်ဂင်ကပြောပါတယ်။

အသေခံဗုံးခွဲသူတစ်ယောက်က ဖောက်ခွဲခဲ့တာလို့ ဒေသအစိုးရအရာရှိတစ်ယောက်ကပြောပါတယ်။

ပေါက်ကွဲမှုက သူတို့လက်ချက်လို့ ဘယ်စစ်သွေးကြွအဖွဲ့ကမှ ဝန်ခံထားတာမရှိပါဘူး။

သီးခြားဖြစ်ရပ်တစ်ခုအနေနဲ့ အာဖဂန်နစ္စတန်မြို့တော်ကဘူးလ်နားမှာ ပေါက်ကွဲမှုတစ်ခုဖြစ်လို့ အနည်းဆုံးလူ ၃ ယောက်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အရာရှိတွေကပြောပြီး လူနာတင်ကားတွေနဲ့ အာဖဂန်တပ်ဖွဲ့တွေ ပေါက်ကွဲရာကိုသွားနေပါတယ်။

စက်တင်ဘာ ၂၈ ရက်ရွေးကောက်ပွဲမှာ ဂါနီက သမ္မတဒုတိယသက်တမ်းအတွက် ဝင်ရွေးကောက်ခံမှာဖြစ်ပြီး လူတွေမဲမပေးဖို့ အာဖဂန်နဲ့နိုင်ငံခြားတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတိုးမြှင့်မယ်လို့ တာလီဘန်တပ်မှူးတွေက ကတိပြုထားပါတယ်။

အစည်းအဝေးတွေနဲ့ မဲရုံတွေကိုတိုက်ခိုက်မယ်လို့ အာဖဂန်တွေရဲ့ခြိမ်းခြောက်မှုနောက်ပိုင်းမှာ လုံခြုံရေးပိုတင်းကြပ်ထားပါတယ်။

အမေရိကန်နဲ့တာလီဘန်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြီးခဲ့တဲ့တစ်ပတ်မှာပျက်ခဲ့ပါတယ်။

ခွဲထွက်ရေးသမားတွေဆီက လုံခြုံရေးအာမခံချက်ရဖို့ အမေရိကန်ဘက်ကတောင်းဆိုပြီး အမေရိကန်တပ်ဖွဲ့ဝင်ထောင်ချီတပ်ပြန်ဆုတ်ဖို့ စစ်သွေးကြွတွေက တောင်းဆိုပါတယ်။

အာဖဂန်အစိုးရမပါတဲ့ဆွေးနွေးမှုတွေဟာ နှစ် ၄၀ ကျော်ကြာနေပြီဖြစ်တဲ့အာဖဂန်စစ်ပွဲမှာ ပိုကျယ်ပြန်တဲ့ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုတွေအတွက် နိဒါန်းပြိုးတဲ့အနေနဲ့ ရည်ရွယ်တာပါ။

Source-
#ဥက္ကာ
#TheFifthWaveNews
Photo-NDTV

Leave a Reply