We Love Dauk Zaw Group တွင် ဝန်ကြီးချုပ်ပုံများသုံးပြီး ဂုဏ်သိက္ခာကျဆင်းစေရန်ရေးသားသည်ဟုဆိုကာ နှစ်ဦးကို အမှုဖွင့်

0
59

စက်တင်ဘာ ၁၈

နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဓာတ်ပုံများကိုအသုံးပြု၍ ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ယက် Facebook တွင် ရေးသားသည့် အကောင့် ပိုင်ရှင်နှစ်ဦးအား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

Aung pyae San Win နှင့် Swan Ka Bar အမည် တို့ဖြင့် လူမှုကွန်ယက် Facebook သုံးစွဲသူနှစ်ဦးသည် We Love Dauk Zaw Group တွင် ဒေါက်တာဇော်မြင့်မောင် ၏ ဓာတ်ပုံများကိုအသုံးပြုကာ “ပါးချခံရမယ်´´ ၊ “ငယ်သေးတဲ့အချစ်မို့မလေးစားတာလားပြောပါ ကျွန်တော်သိပ်ချစ်တတ်တာ ကျွန်တော်သာအသိပါ´´ ၊ “ချာတိတ်လေး မင်းကိုယ့်ကို စိုးမိုးလွန်းတယ်ကွယ်´´ ၊ “စစ်သား – ဒေါက်တာဒီနေ့ညက vip နေ့နော်၊ အေးပါငါတို့တွေ အရင်ညထက်ပိုကဲကြတာပေါ့ကွာ ´´ ၊ “မင်းဆော်ထက် ငါ့ဆော်ကပိုမိုက်တယ် ဟျောင့်င့ါဆော်ပိုမိုက်တယ်။´´ စသည့် စာသားများ ရေးသားသည့်အတွက် အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေးသားဖြန့်ဝေသည့်အတွက် မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ပြန်ကြားရေးကော်မတီဝင် ဦးပုညဆွေ က ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည် ။

လူမှုကွန်ယက် facebook ပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့၏ We Love Group များ ဖွဲ့၍ လှောင်ပြောင် စနောက်သည့် စာသားများ ရေးတင်ခြင်းတို့ကို ပြုလုပ်လျှက်ရှိသည် ။

Leave a Reply