ေဟာင္ေကာင္အေရးဥပေဒအတည္ျပဳေပးဖို႔ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္ကို တက္ႂကြလႈပ္႐ွားသူေတြတြန္းအားေပး

0
11

စက္တင္ဘာ ၁၈
ႏိုင္ငံတကာသတင္း

ေဟာင္ေကာင္က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြတိုက္ဖ်က္ႏိုင္ေအာင္ ဥပေဒအတည္ျပဳေပးဖို႔ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္ကို ေဟာင္ေကာင္ဒီမိုကေရစီအေရးတက္ႂကြလႈပ္႐ွားသူေတြက အဂၤါေန႔မွာတိုက္႐ိုက္တိုက္တြန္းခဲ့ပါတယ္။

ဥပေဒအတည္ျပဳမယ္ဆိုရင္ တျခားႏိုင္ငံတစ္ႏိုင္ငံရဲ႕ျပည္တြင္းေရးမွာ အေမရိကန္၀င္စြက္တာမသင့္ေတာ္ဘူးဆိုတဲ့အၾကံျပဳခ်က္ေတြကို ျငင္းဆိုၿပီးတိုက္တြန္းတာပါ။

အေမရိကန္က လုပ္မယ္ဆိုရင္ ႏိုင္ငံျခား၀င္စြက္ဖက္မႈမဟုတ္ဘဲ ဒီမိုကေရစီအေရးသနားခံတာလို႔ ေဟာင္ေကာင္အဆိုေတာ္လည္းျဖစ္၊ တက္ႂကြလႈပ္႐ွားသူလည္းျဖစ္တဲ့ ဒန္းနစ္ ဟိုက အေမရိကန္ကြန္ဂရက္လႊတ္ေတာ္၊ တ႐ုတ္ႏိုင္ငံဆိုင္ရာအမႈေဆာင္ေကာ္မတီရဲ႕ၾကားနာမႈမွာ ေျပာပါတယ္။

ေဟာင္ေကာင္စီးပြားေရးကိုသက္ေရာက္မႈ႐ွိႏိုင္တဲ့အေရးယူေဆာင္႐ြက္မႈေတြလုပ္ဖို႔ အေမရိကန္လႊတ္ေတာ္ႏွစ္ရပ္က အာဏာရနဲ႔အတိုက္အခံအမတ္ေတြပါ၀င္တဲ့ေကာ္မ႐ွင္အဖြဲ႔၀င္ေတြကို သက္ေသအစုအဖြဲ႔ကလည္း တိုက္တြန္းခဲ့ပါတယ္။

ကမာၻ႔အလယ္မွာရပ္တည္ေနတဲ့ေဟာင္ေကာင္ရဲ႕စီးပြားေရးအက်ိဳးအျမတ္အားလံုးျဖတ္ေတာက္ပစ္ၿပီး ေဟာင္ေကာင္ရဲ႕ လူမႈႏိုင္ငံေရးသေကၤတကိုတိုက္စားတာ ႏွစ္ခုလံုးကို တ႐ုတ္ဘက္ကမရသင့္ဘူးလို႔ ေဟာင္ေကာင္က ဒီမိုစစ္တိုပါတီအတြင္းေရးမွဴးနဲ႔ လက္႐ွိေဟာင္ေကာင္က အစိုးရဆန္႔က်င္ဆႏၵျပမႈေတြကိုေခါင္းေဆာင္ေနတဲ့ ဂ်ိဳ႐ႊာ ေဝါင္ကေျပာပါတယ္။

အေမရိကန္ကြန္ဂရက္အမတ္ေတြက ေဟာင္ေကာင္ရဲ႕အထူးကုန္သြယ္ေရးအေျခအေနကို ျပန္သံုးသပ္ဖို႔ ၾကားနာမႈမွာ တြန္းအားေပးခဲ့ပါတယ္။

ၿဗိတိသွ်ကိုလိုနီေဟာင္းျဖစ္ခဲ့တဲ့ေဟာင္ေကာင္မွာ ၃ လ ေက်ာ္ၾကာေနတဲ့အစိုးရဆန္႔က်င္ဆႏၵျပမႈေတြ႐ွိေနၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသလို႔ တ႐ုတ္အစိုးရက ကတိျပဳထားေပမဲ့ ေဟာင္ေကာင္အေရး တ႐ုတ္အစိုးရ၀င္စြက္ဖက္မႈေတြ႐ွိေနလို႔ ဆႏၵျပသူေတြက ေဒါသထြက္ေနပါတယ္။

တစ္ႏိုင္ငံ၊ စနစ္ႏွစ္မ်ိဳးအုပ္ခ်ဳပ္မႈပံုစံနဲ႔ ၁၉၉၇ ခုႏွစ္မွာ ၿဗိတိန္က ေဟာင္ေကာင္ကို တ႐ုတ္ျပည္မႀကီးဆီ ျပန္လႊဲအပ္ခဲ့ၿပီး စနစ္အရ တရားေရးလြတ္လပ္ခြင့္လိုမ်ိဳး ျပည္မႀကီးမွာမရတဲ့ လြတ္လပ္ခြင့္ေတြ အႏွစ္ ၅၀ ရခြင့္႐ွိပါတယ္။

အံုႂကြမႈေတြအစျပဳခဲ့တာက လက္႐ွိျပန္႐ုတ္သိမ္းလိုက္ၿပီး ေဟာင္ေကာင္ကတရားစြဲခံထားရသူေတြကို တ႐ုတ္ျပည္မႀကီးဆီလႊဲေျပာင္းၿပီး တရားရင္ဆိုင္ရမယ့္ တရားခံလႊဲေျပာင္းေရးဥပေဒၾကမ္းေၾကာင့္ျဖစ္ပါတယ္။

အခုႏွစ္အေစာပိုင္းမွာ အေမရိကန္လႊတ္ေတာ္ႏွစ္ရပ္က ေဟာင္ေကာင္အေရးဥပေဒၾကမ္းေတြတင္သြင္းခဲ့ၿပီး ေဟာင္ေကာင္လူ႔အခြင့္အေရးႏွင့္ဒီမိုကေရစီအေရးအက္ဥပေဒမွာ ေဟာင္ေကာင္ရဲ႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေလ်ာ့ပါးေစမယ့္ တ႐ုတ္နဲ႔ေဟာင္ေကာင္အရာ႐ွိေတြကို ပိတ္ဆို႔မႈေတြသတ္မွတ္ဖို႔ပါ၀င္သလို ေဟာင္ေကာင္ကိုအကာအကြယ္ေပးေရးဥပေဒမွာ လူစုလူေ၀းထိန္းခ်ဳပ္ေရးပစၥည္းေတြကို ေဟာင္ေကာင္ရဲတပ္ဖြဲ႔ဆီ စီးပြားျဖစ္တင္ပို႔တာတားျမစ္တာပါ၀င္ပါတယ္။

ဥပေဒေတြမဲမခြဲရေသးေပမဲ့ ဆီးနိတ္လႊတ္ေတာ္ႏိုင္ငံျခားဆက္ဆံေရးေကာ္မတီနဲ႔ ေဟာက္စ္လႊတ္ေတာ္ႏိုင္ငံျခားေရးေကာ္မတီေတြက အခုတစ္ပတ္မွာ ေဟာင္ေကာင္အေရးအပါအ၀င္ တ႐ုတ္နဲ႔ဆက္ဆံေရးကိစၥေတြကို ေဆြးေႏြးႏိုင္ေခ်႐ွိေနပါတယ္။

တ႐ုတ္နဲ႔ကုန္သြယ္ေရးစစ္ပြဲျဖစ္ေနတာတစ္ႏွစ္ေက်ာ္ေနၿပီး ကုန္သြယ္ေရးသေဘာတူညီခ်က္ရဖို႔ၫွိႏႈိင္းေနခ်ိန္မွာ ေဟာင္ေကာင္အေရး လူသားဆန္ဆန္ေျဖ႐ွင္းသင့္တယ္လို႔ တ႐ုတ္ကို အေမရိကန္သမၼတေဒၚနယ္ ထရမ့္က အၾကံျပဳပါတယ္။

Source-Reuters
#ဥကၠာ
#TheFifthWaveNews
Photo-Screenshot From Live Stream

——————————–

(Unicode)

ဟောင်ကောင်အရေးဥပဒေအတည်ပြုပေးဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို တက်ကြွလှုပ်ရှားသူတွေတွန်းအားပေး

စက်တင်ဘာ ၁၈
နိုင်ငံတကာသတင်း

ဟောင်ကောင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေတိုက်ဖျက်နိုင်အောင် ဥပဒေအတည်ပြုပေးဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ဟောင်ကောင်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက အင်္ဂါနေ့မှာတိုက်ရိုက်တိုက်တွန်းခဲ့ပါတယ်။

ဥပဒေအတည်ပြုမယ်ဆိုရင် တခြားနိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးမှာ အမေရိကန်ဝင်စွက်တာမသင့်တော်ဘူးဆိုတဲ့အကြံပြုချက်တွေကို ငြင်းဆိုပြီးတိုက်တွန်းတာပါ။

အမေရိကန်က လုပ်မယ်ဆိုရင် နိုင်ငံခြားဝင်စွက်ဖက်မှုမဟုတ်ဘဲ ဒီမိုကရေစီအရေးသနားခံတာလို့ ဟောင်ကောင်အဆိုတော်လည်းဖြစ်၊ တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဒန်းနစ် ဟိုက အမေရိကန်ကွန်ဂရက်လွှတ်တော်၊ တရုတ်နိုင်ငံဆိုင်ရာအမှုဆောင်ကော်မတီရဲ့ကြားနာမှုမှာ ပြောပါတယ်။

ဟောင်ကောင်စီးပွားရေးကိုသက်ရောက်မှုရှိနိုင်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ အမေရိကန်လွှတ်တော်နှစ်ရပ်က အာဏာရနဲ့အတိုက်အခံအမတ်တွေပါဝင်တဲ့ကော်မရှင်အဖွဲ့ဝင်တွေကို သက်သေအစုအဖွဲ့ကလည်း တိုက်တွန်းခဲ့ပါတယ်။

ကမ္ဘာ့အလယ်မှာရပ်တည်နေတဲ့ဟောင်ကောင်ရဲ့စီးပွားရေးအကျိုးအမြတ်အားလုံးဖြတ်တောက်ပစ်ပြီး ဟောင်ကောင်ရဲ့ လူမှုနိုင်ငံရေးသင်္ကေတကိုတိုက်စားတာ နှစ်ခုလုံးကို တရုတ်ဘက်ကမရသင့်ဘူးလို့ ဟောင်ကောင်က ဒီမိုစစ်တိုပါတီအတွင်းရေးမှူးနဲ့ လက်ရှိဟောင်ကောင်က အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေကိုခေါင်းဆောင်နေတဲ့ ဂျိုရွှာ ဝေါင်ကပြောပါတယ်။

အမေရိကန်ကွန်ဂရက်အမတ်တွေက ဟောင်ကောင်ရဲ့အထူးကုန်သွယ်ရေးအခြေအနေကို ပြန်သုံးသပ်ဖို့ ကြားနာမှုမှာ တွန်းအားပေးခဲ့ပါတယ်။

ဗြိတိသျှကိုလိုနီဟောင်းဖြစ်ခဲ့တဲ့ဟောင်ကောင်မှာ ၃ လ ကျော်ကြာနေတဲ့အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေရှိနေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ တရုတ်အစိုးရက ကတိပြုထားပေမဲ့ ဟောင်ကောင်အရေး တရုတ်အစိုးရဝင်စွက်ဖက်မှုတွေရှိနေလို့ ဆန္ဒပြသူတွေက ဒေါသထွက်နေပါတယ်။

တစ်နိုင်ငံ၊ စနစ်နှစ်မျိုးအုပ်ချုပ်မှုပုံစံနဲ့ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်က ဟောင်ကောင်ကို တရုတ်ပြည်မကြီးဆီ ပြန်လွှဲအပ်ခဲ့ပြီး စနစ်အရ တရားရေးလွတ်လပ်ခွင့်လိုမျိုး ပြည်မကြီးမှာမရတဲ့ လွတ်လပ်ခွင့်တွေ အနှစ် ၅၀ ရခွင့်ရှိပါတယ်။

အုံကြွမှုတွေအစပြုခဲ့တာက လက်ရှိပြန်ရုတ်သိမ်းလိုက်ပြီး ဟောင်ကောင်ကတရားစွဲခံထားရသူတွေကို တရုတ်ပြည်မကြီးဆီလွှဲပြောင်းပြီး တရားရင်ဆိုင်ရမယ့် တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကြောင့်ဖြစ်ပါတယ်။

အခုနှစ်အစောပိုင်းမှာ အမေရိကန်လွှတ်တော်နှစ်ရပ်က ဟောင်ကောင်အရေးဥပဒေကြမ်းတွေတင်သွင်းခဲ့ပြီး ဟောင်ကောင်လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေးအက်ဥပဒေမှာ ဟောင်ကောင်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်လျော့ပါးစေမယ့် တရုတ်နဲ့ဟောင်ကောင်အရာရှိတွေကို ပိတ်ဆို့မှုတွေသတ်မှတ်ဖို့ပါဝင်သလို ဟောင်ကောင်ကိုအကာအကွယ်ပေးရေးဥပဒေမှာ လူစုလူဝေးထိန်းချုပ်ရေးပစ္စည်းတွေကို ဟောင်ကောင်ရဲတပ်ဖွဲ့ဆီ စီးပွားဖြစ်တင်ပို့တာတားမြစ်တာပါဝင်ပါတယ်။

ဥပဒေတွေမဲမခွဲရသေးပေမဲ့ ဆီးနိတ်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီနဲ့ ဟောက်စ်လွှတ်တော်နိုင်ငံခြားရေးကော်မတီတွေက အခုတစ်ပတ်မှာ ဟောင်ကောင်အရေးအပါအဝင် တရုတ်နဲ့ဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးနိုင်ချေရှိနေပါတယ်။

တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်နေတာတစ်နှစ်ကျော်နေပြီး ကုန်သွယ်ရေးသဘောတူညီချက်ရဖို့ညှိနှိုင်းနေချိန်မှာ ဟောင်ကောင်အရေး လူသားဆန်ဆန်ဖြေရှင်းသင့်တယ်လို့ တရုတ်ကို အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က အကြံပြုပါတယ်။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo-Screenshot From Live Stream

Leave a Reply