သစ္ရွားပါးေနခ်ိန္တြင္ ၀ါးအစားထိုး သံုးစြဲရန္ ပညာရွင္မ်ား တိုက္တြန္း

0
9

စက္တင္ဘာ ၁၉
ေဝေဝၿဖိဳး

သစ္ေတာျပဳန္းတီးမႈေၾကာင့္ သစ္မ်ား ရွားပါးေနခ်ိန္တြင္ သစ္အစား ၀ါးကို သံုးစြဲရန္ သဘာ၀ ပတ္၀န္းက်င္ ပညာရွင္မ်ားက တိုက္တြန္းေျပာဆိုသည္။

ကမာၻေပၚတြင္ တရုတ္ႏိုင္ငံက ၀ါးအေပါဆံုး နိုင္ငံျဖစ္ၿပီး ဒုတိယမွာ အိႏၵယနိုင္ငံျဖစ္ကာ ျမန္မာႏိုင္ငံသည္ တတိယ ၀ါးအေပါမ်ားဆံုး ႏိုင္ငံျဖစ္ေသာေၾကာင့္ စနစ္တက် စိုက္ပ်ဳိးထိန္းသိမ္းရန္ လိုအပ္ေၾကာင္း သစ္ေတာပညာရွင္ မ်ားက အႀကံျပဳ ေျပာဆိုသည္။

“သစ္ေတာကေတာ့ ကုန္သြားၿပီ။ ကုန္သေလာက္လည္း ျဖစ္သြားျပီ။ အခု၀ါးကုိ မထိမ္းသိမ္းရင္လည္း ဒီ၀ါးလည္း အဲ့လုိျဖစ္သြားမွာပဲ။ ေၾကာက္စရာ အခ်က္ တစ္ခ်က္လို႕ေျပာလို႔ရမယ္။ အကုန္လံုး ၀ိုင္း၀န္းထိမ္းသိမ္းရင္ေတာ့ တုိင္းျပည္ကိုလည္း ခ်စ္ရမယ္။ ၀ါးေတာကိုလည္း ခ်စ္ရမယ္။ ကၽြန္ေတာ္တို႔ နုိင္ငံအမ်ားၾကီး အဆင္ေျပသြားမယ္။” ဟု ျမန္မာႏိုင္ငံ ႀကိမ္ႏွင့္ ၀ါးလုပ္ငန္းရွင္မ်ားအသင္း အႀကံေပးပုဂၢိဳလ္ ဦးတင္ထြန္းနီက ေျပာသည္။

ယခုလ ၁၈ ရက္က ရန္ကုန္တကၠသိုလ္ ၀ိဇၨာခန္းမတြင္ ျပဳလုပ္သည့္ ကမာၻ၀ါးအထိမ္းအမွတ္ေန႔ (WORLD BAMBOO DAY) အခမ္းအနားတြင္ ၎ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

၀ါးပင္သည္ ေက်းလက္ေန ျပည္သူမ်ားအတြက္ မရွိမျဖစ္ လုိအပ္ၿပီး ေအာဂဲနစ္ဖန္းမီးဟု ေခၚသည့္ သဘာ၀ ေျမၾသဇာ ရရွိေရးတြင္ မ်ားစြာ အေရးပါေၾကာင္း သိရသည္။

သစ္ေတာဦးစီးဌာန စာရင္းမ်ားအရ ျမန္မာႏိုင္ငံတြင္ ၀ါးမ်ဳိးစိတ္ ၁၀၂ မ်ဳိး ေပါက္ေရာက္ၿပီး စီးပြားေရးအရ အသံုး၀င္ ၀ါးမ်ဳိး ၁၈ မ်ဳိးရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၀ါးပင္မ်ားကို ပဲခူးတိုင္း၊ ရခိုင္ျပည္နယ္၊ တနသၤာရီတိုင္းတို႔တြင္ အမ်ားဆံုး ေတြ႔ရွိရၿပီး ဝါးစိုက္ဧက ဟက္တာ ၁ ဒသမ ၇၈ သန္းခန္႔ ရွိေၾကာင္း သိရသည္။

————————————-

(Unicode)

သစ်ရှားပါးနေချိန်တွင် ဝါးအစားထိုး သုံးစွဲရန် ပညာရှင်များ တိုက်တွန်း

စက်တင်ဘာ ၁၉
ဝေဝေဖြိုး

သစ်တောပြုန်းတီးမှုကြောင့် သစ်များ ရှားပါးနေချိန်တွင် သစ်အစား ဝါးကို သုံးစွဲရန် သဘာ၀ ပတ်ဝန်းကျင် ပညာရှင်များက တိုက်တွန်းပြောဆိုသည်။

ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံက ဝါးအပေါဆုံး နိုင်ငံဖြစ်ပြီး ဒုတိယမှာ အိန္ဒယနိုင်ငံဖြစ်ကာ မြန်မာနိုင်ငံသည် တတိယ ဝါးအပေါများဆုံး နိုင်ငံဖြစ်သောကြောင့် စနစ်တကျ စိုက်ပျိုးထိန်းသိမ်းရန် လိုအပ်ကြောင်း သစ်တောပညာရှင် များက အကြံပြု ပြောဆိုသည်။

“သစ်တောကတော့ ကုန်သွားပြီ။ ကုန်သလောက်လည်း ဖြစ်သွားပြီ။ အခုဝါးကို မထိမ်းသိမ်းရင်လည်း ဒီဝါးလည်း အဲ့လိုဖြစ်သွားမှာပဲ။ ကြောက်စရာ အချက် တစ်ချက်လို့ပြောလို့ရမယ်။ အကုန်လုံး ဝိုင်းဝန်းထိမ်းသိမ်းရင်တော့ တိုင်းပြည်ကိုလည်း ချစ်ရမယ်။ ဝါးတောကိုလည်း ချစ်ရမယ်။ ကျွန်တော်တို့ နိုင်ငံအများကြီး အဆင်ပြေသွားမယ်။” ဟု မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်း အကြံပေးပုဂ္ဂိုလ် ဦးတင်ထွန်းနီက ပြောသည်။

ယခုလ ၁၈ ရက်က ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ပြုလုပ်သည့် ကမ္ဘာဝါးအထိမ်းအမှတ်နေ့ (WORLD BAMBOO DAY) အခမ်းအနားတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ဝါးပင်သည် ကျေးလက်နေ ပြည်သူများအတွက် မရှိမဖြစ် လိုအပ်ပြီး အောဂဲနစ်ဖန်းမီးဟု ခေါ်သည့် သဘာ၀ မြေသြဇာ ရရှိရေးတွင် များစွာ အရေးပါကြောင်း သိရသည်။

သစ်တောဦးစီးဌာန စာရင်းများအရ မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ် ၁၀၂ မျိုး ပေါက်ရောက်ပြီး စီးပွားရေးအရ အသုံးဝင် ဝါးမျိုး ၁၈ မျိုးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဝါးပင်များကို ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အများဆုံး တွေ့ရှိရပြီး ဝါးစိုက်ဧက ဟက်တာ ၁ ဒသမ ၇၈ သန်းခန့် ရှိကြောင်း သိရသည်။

Leave a Reply