မင်္ဂလာဒုံမြို့နယ်တွင် အမည်မသိ အမျိုးသမီးအလောင်းတွေ့ရှိ

0
169

ရန်ကုန် ဇန်နဝါရီ ၂၄ ၊၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမကြီး ခရေပင်ရိပ်မွန်အိမ်ရာရှေ့မြောင်းထဲတွင် အမည်မသိ(စိစစ်စဲ) အမျိုးသမီးအလောင်းတစ်ခုကို ယနေ့မနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း ပုလဲမီးသတ်စခန်းမှ စုံစမ်းသိရှိရသည်။

တွေ့ရှိသည့်အလောင်းမှာ အသက် ၃၀ အရွယ်အမျိုးသမီးအလောင်းဖြစ်ပြီး မျက်နှာတွင်ဒဏ်ရာအနည်းငယ် တွေ့ရှိခဲ့ရပြီး လက်တွင်လည်း လက်ကောက်သုံးကွင်းဝတ်ဆင်ထားကြောင်း သွားရောက်ကူညီခဲ့သည့် ပုလဲမီးသတ်စခန်းမှ ကိုထင်လင်းကျော် က ပဉ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်မှုကို ပြောပြသည်။

“ အလောင်းကို ဆယ်ယူချိန်မှာ မှောက်ခုံအနေအထားပါ။ လက်မှာတော့ လက်ကောက်သုံးကွင်း ဝတ်ထားတယ်။ ရွှေအတုလား အစစ်လား ဆိုတာတော့ ရဲစခန်းက စစ်နေတယ်။ အလောင်းနည်းနည်း ရိနေတော့ လက်ကောက်တွေကို မနည်းချွတ်ရတယ်။ မျက်နှာမှာတော့ တစ်ခုခုနဲ့ရိုက်ထားသလိုမျိုး ဖူးယောင်နေတာ တွေ့ရတယ်။ “ ဟု သွားရောက် ကူညီပေးခဲ့သူ ကိုထင်လင်းအောင် က ပြောသည်။

ယင်းသို့သွားရောက်ခြင်းမှာရေမြောင်းထဲတွင် အလောင်းတစ်ခု တွေ့ရှိသည်ဟုဆိုသော လူငယ်တစ်ဦး သတင်းပေးချက်အရ သွားရောက် ခြင်းဖြစ်ကြောင်း အလောင်းကို မေဒါဝီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်္ဂလာဒုံရဲစခန်းသို့ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း အလုပ်မအားသော ကြောင့် မဖြေဆိုနိုင်ကြောင်း တာဝန်ကျရဲက ပြန်လည်ဖြေကြားခဲ့သည်။ သို့သော်ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်ထားကြောင်းလည်း မီးသတ်ဌာနမှ သတင်းရရှိသည်။

သျှင်ရဲထွဋ်

Leave a Reply