ARSA အဖြဲ႔၀င္မ်ား၏ ၿခိမ္းေျခာက္မႈေၾကာင့္ ဒုကၡသည္မ်ား ျပန္လည္၀င္ေရာက္လာျခင္းမရွိ

0
12

စက္တင္ဘာ ၁၉
ယဥ္ေကႏြယ္

ဘဂၤလားေဒ့ရွ္နိုင္ငံဘက္သို႔ ေရာက္ရွိေနသည့္ ဒုကၡသည္မ်ား ျမန္မာ ဘက္သို႔ ျပန္လည္ ၀င္ေရာက္လာမႈ မရွိျခင္းသည္ ARSA အဖြဲ႔၀င္မ်ား၏ ၿခိမ္းေျခာက္မႈမ်ားရွိေနျခင္းေၾကာင့္ ျဖစ္ေၾကာင္း အလုပ္သမား၊ လူ၀င္မႈႀကိးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာနမွ ျပည္ေထာင္စု ၀န္ႀကီး ဦးသိန္းေဆြကေျပာသည္။

“အျခားသတင္းေတြ အရ အဲ့မွာ ရွိတဲ့ NGO ေတြကလည္း မျပန္ဖို႔ စည္းရံုးေနတယ္။ တခ်ိဳ႕အာဆာ အဖြဲ႔၀င္ေတြကလည္း ျခိမ္းေျခာက္တာေတြရွိတယ္လို႔ သတင္းရပါတယ္။ အဲ့ေၾကာင့္မို႔လုိ႔ ဘဂၤလားေဒ့ရွ္နိုင္ငံကလည္း အဲ့ဒီ စခန္းေတြမွာ တရား၀င္ မဟုတ္ဘဲနဲ႔ မသင့္မေလ်ာ္ေဆာင္ရြက္တဲ့ NGO ေတြကိုလည္း သူတို႔ ပယ္ဖ်က္တာေတြကိုလည္း သတင္းရပါတယ္”ဟု ဦးသိန္းေဆြ ကေျပာသည္။

ယေန႔ က်င္းပျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀းသို႔ ေမးခြန္းမ်ားလာေရာက္ေျဖၾကားခ်ိန္တြင္ သတင္းမီဒီယာမ်ား ၏ ေမးျမန္းမႈ အေပၚ ျပည္ေထာင္စု၀န္ႀကီးမွ အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ျပန္လည္လက္ခံေရးႏွင့္ ပတ္သက္လို႔ ျမန္မာ နိုင္ငံ အေနျဖင့္ ေအာင္ျမင္နိုင္ေရးအတြက္ အျမဲလုပ္ေဆာင္လ်က္ရွိေၾကာင္း ျပန္လည္၀င္ေရာက္လာနိုင္ေရးအတြက္လည္း အျမဲဖြင့္လွစ္ေပးထားေၾကာင္း ဦးသိန္းေဆြ ကေျပာသည္။

ဒုကၡသည္မ်ားအား ျပန္လည္ လက္ခံနိုင္ေရးအတြက္ ျမန္မာ အစိုးရအေနျဖင့္ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ မွ စတင္ကာ ျပန္လည္လက္ခံနိုင္ေရး အတြက္ နွစ္ၾကိမ္ေဆာင္ရြက္ေပးခဲ့ေသာ္လည္း ဒုကၡသည္မ်ားအေနျဖင့္ ျပန္လည္၀င္ေရာက္ျခင္းမရွိေၾကာင္း သိရသည္။

ယခု ႏွစ္ ၾသဂုတ္လ ၂၂ ရက္ေန႔တြင္ လည္း ဒုကၡသည္ ၃၀၀၀ ျပန္လည္ လက္ခံေရးအတြက္ေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ထားေသာ္လည္း တရား၀င္ ျပန္ေရာက္လာမႈမ်ားမရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ဒုကၡသည္မ်ားအေနျဖင့္ ၎ တိိို႔ အစီအစဥ္ အတိုင္း ျမန္မာနို္င္ငံအတြင္းသို႔ ျပန္လည္၀င္ေရာက္လာမႈမ်ားသည္ လူဦးေရ ၂၀၀ ခန္႔ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ၎ တို႔ အစီအစဥ္ျဖင့္ ၀င္ေရာက္လာသူမ်ားအတြက္ ျမန္မာ အစိုးရ အေနျဖင့္ UEHRD အရ စနစ္ မွတ္တမ္းတင္၍ လက္ခံကာ ၎တို႔ ေနထိုင္နိုင္ေရးအတြက္ လည္း ၎ တို႔၏ ေဆြမ်ိဳးမ်ားရွိသည့္ ေက်းရြာမ်ားသို႔ ျပန္လည္ပို႔ေဆာင္ေပးေၾကာင္း ဥိီးသိန္းေဆြ ကေျပာသည္။

“ျပန္လာတဲ့ မိသားစု၀င္ေတြက ဟိုဘက္မွာ သူတို႔ အစီအစဥ္နဲ႔ဟိုဘက္မွာေနရလို႔ ေနရတာ အဆင္မေျပလို႔ ျပန္လာၾကတာျဖစ္ပါတယ္။ ျပန္လာရင္လည္း UEHRD အစီအစဥ္အရ စနစ္တက် မွတ္တမ္းတင္တယ္။ စနစ္တက် လက္ခံတယ္။ၿပိီးေတာ့ မွ သူတို႔ရဲ႕ မူလေနထိုင္တဲ့ ေက်းရြာေတြမွာ အမ်ိဳးေတြရွိတဲ့ ေနရာေတြမွာ သြားေရာက္ၿပီးေတာ့ ေနထိုင္ခြင့္ေပးတာျဖစ္ပါတယ္။ သူတို႔လည္း မွတ္တမ္းတင္တယ္။ ၿပီးေတာ့မွ NVC ကတ္ေတြ ထုတ္ေပးတယ္။သူတို႔ကို ေသခ်ာ စီစစ္တယ္။ ေသခ်ာေတာ့မွ လက္ခံတာေတြ NVC ကတ္ထုတ္ေပးတာေတြ ေဆာင္ရြက္တာပါ။ မိမိတို႔ နိုင္ငံအတြင္းမွာေနထိုင္ခဲ့တာ ေသခ်ာမွသာလွ်င္ လုပ္ငန္းစဥ္အတိုင္းဆက္လက္ေဆာင္ရြက္ၿပီးေတာ့ မွ သူတို႔ကို လက္ခံတာျဖစ္ပါတယ္”ဟု ဦးသိန္းေဆြ ကေျပာသည္။

ဒုကၡသည္မ်ားသည္ ၎ တို႔ ၏ အစီအစဥ္အရ သာ ျပန္လာျခင္းျဖစ္သည့္ အတြက္ ႏွစ္နိုင္ငံ အစိုးရခ်င္း အေနျဖင့္ ညွိႏႈိင္းေဆာင္ရြက္မႈမ်ား မရွိေၾကာင္း သိရသည္။

တစ္ဖက္နိုင္ငံတြင္ က်န္ရွိေနသည့္ ဒုကၡသည္မ်ားအတြက္ ျမန္မာနိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံတို႔၏ ႏွစ္နိုင္ငံ သေဘာတူ ေဆာင္ရြက္ထားသည့္ MoU အရ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦးသိန္းေဆြ ကေျပာသည္။

———————————————

(Unicode)

ARSA အဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုကြောင့် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာခြင်းမရှိ

စက်တင်ဘာ ၁၉
ယဉ်ကေနွယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များ မြန်မာ ဘက်သို့ ပြန်လည် ဝင်ရောက်လာမှု မရှိခြင်းသည် ARSA အဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများရှိနေခြင်းကြောင့် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြိးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေကပြောသည်။

“အခြားသတင်းတွေ အရ အဲ့မှာ ရှိတဲ့ NGO တွေကလည်း မပြန်ဖို့ စည်းရုံးနေတယ်။ တချို့အာဆာ အဖွဲ့ဝင်တွေကလည်း ခြိမ်းခြောက်တာတွေရှိတယ်လို့ သတင်းရပါတယ်။ အဲ့ကြောင့်မို့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း အဲ့ဒီ စခန်းတွေမှာ တရားဝင် မဟုတ်ဘဲနဲ့ မသင့်မလျော်ဆောင်ရွက်တဲ့ NGO တွေကိုလည်း သူတို့ ပယ်ဖျက်တာတွေကိုလည်း သတင်းရပါတယ်”ဟု ဦးသိန်းဆွေ ကပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ မေးခွန်းများလာရောက်ဖြေကြားချိန်တွင် သတင်းမီဒီယာများ ၏ မေးမြန်းမှု အပေါ် ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြန်လည်လက်ခံရေးနှင့် ပတ်သက်လို့ မြန်မာ နိုင်ငံ အနေဖြင့် အောင်မြင်နိုင်ရေးအတွက် အမြဲလုပ်ဆောင်လျက်ရှိကြောင်း ပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက်လည်း အမြဲဖွင့်လှစ်ပေးထားကြောင်း ဦးသိန်းဆွေ ကပြောသည်။

ဒုက္ခသည်များအား ပြန်လည် လက်ခံနိုင်ရေးအတွက် မြန်မာ အစိုးရအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ စတင်ကာ ပြန်လည်လက်ခံနိုင်ရေး အတွက် နှစ်ကြိမ်ဆောင်ရွက်ပေးခဲ့သော်လည်း ဒုက္ခသည်များအနေဖြင့် ပြန်လည်ဝင်ရောက်ခြင်းမရှိကြောင်း သိရသည်။

ယခု နှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် လည်း ဒုက္ခသည် ၃၀၀၀ ပြန်လည် လက်ခံရေးအတွက်ဆောင်ရွက်မှုများ လုပ်ဆောင်ထားသော်လည်း တရားဝင် ပြန်ရောက်လာမှုများမရှိကြောင်း သိရသည်။

လက်ရှိတွင် ဒုက္ခသည်များအနေဖြင့် ၎င်း တို့ အစီအစဉ် အတိုင်း မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာမှုများသည် လူဦးရေ ၂၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ၎င်း တို့ အစီအစဉ်ဖြင့် ဝင်ရောက်လာသူများအတွက် မြန်မာ အစိုးရ အနေဖြင့် UEHRD အရ စနစ် မှတ်တမ်းတင်၍ လက်ခံကာ ၎င်းတို့ နေထိုင်နိုင်ရေးအတွက် လည်း ၎င်း တို့၏ ဆွေမျိုးများရှိသည့် ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးကြောင်း ဦးသိန်းဆွေ ကပြောသည်။

“ပြန်လာတဲ့ မိသားစုဝင်တွေက ဟိုဘက်မှာ သူတို့ အစီအစဉ်နဲ့ဟိုဘက်မှာနေရလို့ နေရတာ အဆင်မပြေလို့ ပြန်လာကြတာဖြစ်ပါတယ်။ ပြန်လာရင်လည်း UEHRD အစီအစဉ်အရ စနစ်တကျ မှတ်တမ်းတင်တယ်။ စနစ်တကျ လက်ခံတယ်။ပြီးတော့ မှ သူတို့ရဲ့ မူလနေထိုင်တဲ့ ကျေးရွာတွေမှာ အမျိုးတွေရှိတဲ့ နေရာတွေမှာ သွားရောက်ပြီးတော့ နေထိုင်ခွင့်ပေးတာဖြစ်ပါတယ်။ သူတို့လည်း မှတ်တမ်းတင်တယ်။ ပြီးတော့မှ NVC ကတ်တွေ ထုတ်ပေးတယ်။သူတို့ကို သေချာ စီစစ်တယ်။ သေချာတော့မှ လက်ခံတာတွေ NVC ကတ်ထုတ်ပေးတာတွေ ဆောင်ရွက်တာပါ။ မိမိတို့ နိုင်ငံအတွင်းမှာနေထိုင်ခဲ့တာ သေချာမှသာလျှင် လုပ်ငန်းစဉ်အတိုင်းဆက်လက်ဆောင်ရွက်ပြီးတော့ မှ သူတို့ကို လက်ခံတာဖြစ်ပါတယ်”ဟု ဦးသိန်းဆွေ ကပြောသည်။

ဒုက္ခသည်များသည် ၎င်း တို့ ၏ အစီအစဉ်အရ သာ ပြန်လာခြင်းဖြစ်သည့် အတွက် နှစ်နိုင်ငံ အစိုးရချင်း အနေဖြင့် ညှိနှိုင်းဆောင်ရွက်မှုများ မရှိကြောင်း သိရသည်။

တစ်ဖက်နိုင်ငံတွင် ကျန်ရှိနေသည့် ဒုက္ခသည်များအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ သဘောတူ ဆောင်ရွက်ထားသည့် MoU အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသိန်းဆွေ ကပြောသည်။

Leave a Reply