ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဝန္ႀကီးမ်ား တာဝန္ခံမႈဆိုင္ရာနွင့္ စပ္လ်ဥ္းသည့္ ပုဒ္မမ်ားပါဝင္သည့္ ေျခဥ ျပင္ဆင္ေရး ဥပေဒၾကမ္း တစ္ရပ္ တပ္အစုအဖြဲ႔ တင္သြင္း

0
15

စက္တင္ဘာ ၁၉
ယဥ္ေကႏြယ္

တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႈးခ်ဳပ္ ေအာင္စန္းခ်စ္ တပ္မေတာ္သား အမ်ိဳးသားလြွတ္ေတာ္ ကိုယ္စားလွယ္ အပါအ၀င္ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ ၁၄၄ ဦးက လက္မွတ္ထိုးၿပီး ေပးပို႔ထားသည့္ ဖြဲ႔စည္းပံု အေျခခံ ဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒ မူၾကမ္း တစ္ရပ္ကို ယေန႔ က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေ၀းတြင္ တင္သြင္းထားေၾကာင္း နာယက ဦးတီခြန္ျမတ္ကေၾကညာခဲ့သည္။

တင္သြင္းသည့္ ဥပေဒပုဒ္မ မ်ားသည္ ဖြဲ႔စည္းပံု အေျဃံဥပေဒကိုျပင္ဆင္သည့္ ပုဒ္မ ၂၆၂ ပုဒ္မခြဲ (က) ၊ပုဒ္မခြဲငယ္ ၁ ႏွင့္ ၃၊ပုဒ္မ ၂၆၂ ပုဒ္မခြဲ ( င) ၊ပုဒ္မခြဲ (စ) ၊ပုဒ္မခြဲ(ည)ႏွင့္ပုဒ္မခြဲ(ဋ)၊ပုဒ္မ ၂၆၂ ပုဒ္မခြဲ (ဌ)၊ ပုဒ္မခြဲငယ္ ၂၊ ပုဒ္မ ၂၆၄ ပုဒ္မခြဲ (က)ႏွင့္ ပုဒ္မခြဲ(ဂ) တို႔ျဖစ္ေၾကာင္းသိရသည္။

ယင္းဥပေဒပုဒ္မမ်ားသည္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ား တာဝန္ခံမႈဆိုင္ရာ ကိစၥ၊တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ႏွင့္ဝန္ႀကီးမ်ား ႏႈတ္ထြက္ျခင္းဆိုင္ရာ ကိစၥ ၊ျပည္နယ္ သို႔မဟုတ္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ားလစ္လပ္မႈေၾကာင့္ျပန္လည္ခန္႔ထားျခင္းဆိုင္ရာ ကိစၥ စသည့္ ဥပေဒၾကမ္းမ်ား ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ဥပေဒၾကမ္း တင္သြင္းရျခင္း၏ ရည္ရြယ္ခ်က္သည္ တိုင္းျပည္၏ဒီမိုကေရစီစနစ္တည္ၿငိမ္ေရး ၊ဒီမိုကေရစီ စံႏႈန္းမ်ားႏွင့္ အညီ လြတ္လပ္၍ တရားမွတၿပီး တိုင္းရင္းသားမ်ား၏ လိုလားခ်က္ကို အေလးဂ႐ုျပဳေဖာ္ေဆာင္ေရးကို ရည္ရြယ္ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါဥပေဒမူၾကမ္းႏွင့္စပ္လ်ဥ္း၍ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၁၃၅ ႏွင့္အညီ လႊတ္ေတာ္တြင္ ေဆြးေႏြးမႈမ်ား မျပဳလုပ္မီ စီစစ္ႏိုင္ေရးအတြက္ ျပည္သူ႔လႊတ္ေတာ္ႏွင့္အမ်ိဳးသားလႊတ္ေတာ္တို႔မွ ဥပေဒၾကမ္း ေကာ္မတီဝင္ အားလံုးပါဝင္သည့္ ၃၀ ဦး အဖြဲ႔ကို စက္တင္ဘာလ ၂၀ ရက္ေန႔က ဖြဲ႔စည္းတာဝန္ေပးအပ္ထားေၾကာင္း နာယက ဦးတီခြန္ျမတ္က ေျပာၾကားခဲ့သည္။

ျပီးခဲ့သည့္ ရက္ပိုင္းအတြင္းကလည္း တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ အစု အဖြဲ႔မွ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္အပါအ၀င္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၄ ဦးသည္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၇ ရက္ေန႔က ဖြဲ႔စည္းပံု အေျခခံဥပေဒ ကို ျပင္ဆင္မည့္ ပုဒ္မ ၂၃၂ ပုဒ္မ ခြဲ (က)ႏွင့္ ပုဒ္မ ၂၆၁ ၊ပုဒ္မခြဲ (က) တို႔အား ျပင္ဆင္ ျဖည့္စြက္သြားနိုင္ေရးအတြက္ တင္သြင္းထားျခင္းျဖစ္သည္။

ယင္းပုဒ္မ မ်ားသည္ ျပည္ေထာင္စု အဆင့္ႏွင့္ တိုင္းေဒသႀကိးျပည္နယ္၀န္ႀကီးခ်ဳပ္မ်ား အား နိုင္ငံျခား၏ ၀င္ေရာက္စြက္ဖက္မႈမ်ား ကိုယ့္နိုင္ငံ၏ ျပည္တြင္းေရးကို ၀င္ေရာက္စြက္ဖက္ျခင္းမျပဳရန္ တင္သြင္းျခင္း ျဖစ္ေၾကာင္း သိရသည္။

———————————————

(Unicode)

ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ တာဝန်ခံမှုဆိုင်ရာနှင့် စပ်လျဉ်းသည့် ပုဒ်မများပါဝင်သည့် ခြေဥ ပြင်ဆင်ရေး ဥပဒေကြမ်း တစ်ရပ် တပ်အစုအဖွဲ့ တင်သွင်း

စက်တင်ဘာ ၁၉
ယဉ်ကေနွယ်

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှုးချုပ် အောင်စန်းချစ် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ထိုးပြီး ပေးပို့ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်း တစ်ရပ်ကို ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းထားကြောင်း နာယက ဦးတီခွန်မြတ်ကကြေညာခဲ့သည်။

တင်သွင်းသည့် ဥပဒေပုဒ်မ များသည် ဖွဲ့စည်းပုံ အဃြေံဥပဒေကိုပြင်ဆင်သည့် ပုဒ်မ ၂၆၂ ပုဒ်မခွဲ (က) ၊ပုဒ်မခွဲငယ် ၁ နှင့် ၃၊ပုဒ်မ ၂၆၂ ပုဒ်မခွဲ ( င) ၊ပုဒ်မခွဲ (စ) ၊ပုဒ်မခွဲ(ည)နှင့်ပုဒ်မခွဲ(ဋ)၊ပုဒ်မ ၂၆၂ ပုဒ်မခွဲ (ဌ)၊ ပုဒ်မခွဲငယ် ၂၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဂ) တို့ဖြစ်ကြောင်းသိရသည်။

ယင်းဥပဒေပုဒ်မများသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တာဝန်ခံမှုဆိုင်ရာ ကိစ္စ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် နှင့်ဝန်ကြီးများ နှုတ်ထွက်ခြင်းဆိုင်ရာ ကိစ္စ ၊ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများလစ်လပ်မှုကြောင့်ပြန်လည်ခန့်ထားခြင်းဆိုင်ရာ ကိစ္စ စသည့် ဥပဒေကြမ်းများ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဥပဒေကြမ်း တင်သွင်းရခြင်း၏ ရည်ရွယ်ချက်သည် တိုင်းပြည်၏ဒီမိုကရေစီစနစ်တည်ငြိမ်ရေး ၊ဒီမိုကရေစီ စံနှုန်းများနှင့် အညီ လွတ်လပ်၍ တရားမှတပြီး တိုင်းရင်းသားများ၏ လိုလားချက်ကို အလေးဂရုပြုဖော်ဆောင်ရေးကို ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့်အညီ လွှတ်တော်တွင် ဆွေးနွေးမှုများ မပြုလုပ်မီ စီစစ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှ ဥပဒေကြမ်း ကော်မတီဝင် အားလုံးပါဝင်သည့် ၃၀ ဦး အဖွဲ့ကို စက်တင်ဘာလ ၂၀ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အစု အဖွဲ့မှ ဗိုလ်မှူးချုပ်မောင်မောင်အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မည့် ပုဒ်မ ၂၃၂ ပုဒ်မ ခွဲ (က)နှင့် ပုဒ်မ ၂၆၁ ၊ပုဒ်မခွဲ (က) တို့အား ပြင်ဆင် ဖြည့်စွက်သွားနိုင်ရေးအတွက် တင်သွင်းထားခြင်းဖြစ်သည်။

ယင်းပုဒ်မ များသည် ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြိးပြည်နယ်ဝန်ကြီးချုပ်များ အား နိုင်ငံခြား၏ ဝင်ရောက်စွက်ဖက်မှုများ ကိုယ့်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply