ၿမိဳ႕ေတာ္စည္ပင္မွ ေပးေ၀ေနသည့္ ေရ ေလလြင့္ဆံုးရွံုးမႈထက္ဝက္ရွိ

0
74

စက္တင္ဘာ ၂၄
ေဝေဝၿဖိဳး

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ (YCDC) မွ ေပးေ၀ေနသည့္ ေရ ေလလြင့္ဆံုးရွံုးမႈမွာ ၅၀ ရာခိုင္ႏႈန္း ရွိေနေၾကာင္း YCDC ဒုတိယညႊန္ၾကားေရးမွဴး ေဒၚသြဲ႔ႏုိင္ဦးက ေျပာသည္။

“ကြ်န္မတုိ႔ ေရေပးေ၀ေရး စနစ္မွာ ၅၀ ရာခိုင္ႏႈန္းက ေလလြင့္ ဆံုးရွံုးေနတာ ျဖစ္သလို က်န္တဲ့ ရတဲ့ ၅၀ ရာခုိင္ႏႈန္းေသာ ေရပမာဏဟာလည္း ေရသံုးစြဲသူေတြဆီ ေရာက္ဖို႔ စက္ႀကီးေတြနဲ႔ တြန္းပို႔ရတာျဖစ္တယ္။ ေရတြန္းစက္ေတြကို လွ်ပ္စစ္ဓာတ္အားနဲ႔ တြန္းရတာျဖစ္ပါတယ္။ ေရေလွာင္ကန္ေတြမွာ လွ်ပ္စစ္မီးျပတ္ေတာက္သြားရင္ ၿမိဳ႕တြင္းၿမိဳ႕နယ္ေတြကို ျပန္ေရာက္ဖုိ႔က အခ်ိန္ေတြယူရပါတယ္။ အဆင့္ဆင့္ၾကာပါတယ္ ” ဟု ၎က ေျပာသည္။

ရန္ကုန္ၿမိဳ႕ေျမာက္ပိုင္းရွိ ေရကန္မ်ားမွ ရန္ကုန္ၿမိဳ႕ ေတာင္ဖ်ားရွိ Downtown ၿမိဳ႕နယ္မ်ားအထိ ေရတြန္းစက္မ်ားနွင့္ အဆင့္ဆင့္ တြန္းပို႔ေပးေနရျခင္း ျဖစ္ေၾကာင္းသိရသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္မွ ေရေပးေ၀ေနသည့္ ပိုက္လိုင္းမ်ားသည္ သက္တမ္းၾကာရွည္ေနေသာေၾကာင့္ ပိုက္ဆက္ခ်ိတ္သည့္ ေနရာမ်ားတြင္ ေရယိုစိမ့္မႈမ်ား ျဖစ္ေပၚေနသည့္အျပင္ တရားမ၀င္ ေရသြယ္တန္းျခင္းႏွင့္ ေရမီတာ တပ္ဆင္ထားမႈ မရွိျခင္းတို႔ေၾကာင့္လည္း ေလလြင့္ဆံုးရံႈးမႈမ်ား ျဖစ္ေပၚေနသည္ဟုဆိုသည္။

လက္ရွိ ရန္ကုန္ၿမိဳ႕ကို ေပးေ၀ေနသည့္ ေရပမာဏမွာ တစ္ရက္လွ်င္ ဂါလံသန္းေပါင္း ၂၀၅ သန္းရွိၿပီး ယင္းမွ ၅၀ ရာခိုင္ႏႈန္းသည္ ေလလြင့္ဆံုးရံႈးေနျခင္း ျဖစ္ကာ ထိုသို႔ ေလလြင့္ဆံုးရံႈးမႈမ်ား ေလ်ာ႔နည္းေစရန္ ၀န္ထမ္းဘက္တြင္သာမက သံုးစြဲသူ လူထုဘက္မွာပါ တာ၀န္ရွိေၾကာင္း YCDC လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေဇာ္၀င္းေအာင္က ေျပာသည္။

“ကြ်န္ေတာ္တုိ႔ ဒီ၀န္ထမ္းေတြရဲ႕ Awareness လူထုေတြရဲ႕ Awareness က အရမ္းလိုပါတယ္။ လူထုဘက္ကလည္း ေရဖုိးေရခကို မွန္မွန္ကန္ကန္ ေပးႏိုင္ဖို႔ ပါ ။ ၀န္ထမ္းဘက္ကလည္း ၀န္ေဆာင္မႈ ေပးရမွာျဖစ္သလုိ လူထုဘက္ကလည္း ေရဖိုးေတြမွန္မွန္ကန္ကန္ ေပးေခ်ဖို႔၊ ေနာက္ၿပီး ေရပိုက္ေပါက္ေတြ ေတြ႔ရင္ ၀ိုင္း၀န္း အေၾကာင္းၾကားၿပီးေတာ့မွ ျပည္သူနဲ႔ ဌာနဆုိင္ရာေတြ ပူးေပါင္းၿပီး ေရေလလႊင့္ ဆံုးရံႈးတာေတြ ေလ်ာ႔ခ်သြားႏိုင္မယ္လို႔ ယံုၾကည္ပါတယ္” ဟု ၎က ေျပာသည္။

ကမာၻေပၚရွိ ရွားပါးလာသည့္ အရင္းအျမစ္မ်ားတြင္ ေရလည္း ပါ၀င္ေနသည္ျဖစ္၍ လူတစ္ေယာက္ခ်င္းစီ ကသာ ေရကို တန္ဖိုးထားေခၽြတာၿပီး ေလလြင့္မႈမ်ား ျဖစ္ေပၚျခင္း မရွိေအာင္ ထိန္းသိမ္းမည္ဆိုပါက အျခားေသာ ေရ မရရွိသည့္ ေဒသမ်ားကိုပါ ေရေပးေ၀ႏိုင္မည့္အျပင္ ေရအရင္းျမစ္မ်ားကိုလည္း ထိန္းသိမ္းႏိုင္မည္ဟုဆိုသည္။

ထို႔ေၾကာင့္ အမ်ားျပည္သူမ်ား သိရွိနားလည္လာေစရန္ အတြက္ ပညာေပးလုပ္ငန္းမ်ား ျပဳလုပ္ရမည့္အျပင္ ေရျဖဳန္းတီးသူမ်ားကိုလည္း အေရးယူမႈမ်ား ျပဳလုပ္ရန္ လိုအပ္မည္ျဖစ္သည္။

လက္ရွိတြင္ ေရေလလြင့္မႈ ေလွ်ာ့ခ်ေရး လုပ္ငန္းစဥ္မ်ားကို လုပ္ေဆာင္ေနေသာ္လည္း ထက္ဝက္ခန္႔မွာ ေလလြင့္ေနဆဲျဖစ္ေၾကာင္းသိရသည္။

ရန္ကုန္စည္ပင္က ေရျဖန္႔ျဖဴး ေပးေဝေရးလုပ္ငန္း ေဆာင္ရြက္ရာတြင္ ေရေလွာင္ကန္မ်ားမွ ေရကိုသယ္ၿပီး သိုေလွာင္ေရးအပိုင္းႏွင့္ ေရေလွာင္ကန္မွ ေရကို ရပ္ကြက္အလိုက္ အိမ္ေထာင္စုမ်ားထံ ျဖန္႔ျဖဴးေရးအပိုင္းဟူ၍ လုပ္ငန္းစဥ္ႏွစ္ခုျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

လက္ရွိ ရန္ကုန္ၿမိဳ႕ေတာ္ ေရေပးေဝေရးကို ဂ်ိဳးျဖဴကန္၊ ေလွာ္ကား၊ဖူးႀကီးကန္ႏွင့္ ငမိုးရိပ္ေရေလွာင္တမံတို႕မွ ျဖန္႕ျဖဴးေပးေနျခင္းျဖစ္သည္။

————————————-

(Unicode)

မြို့တော်စည်ပင်မှ ပေးဝေနေသည့် ရေ လေလွင့်ဆုံးရှုံးမှု
ထက်ဝက်ရှိ

စက်တင်ဘာ ၂၄
ဝေဝေဖြိုး

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) မှ ပေးဝေနေသည့် ရေ လေလွင့်ဆုံးရှုံးမှုမှာ ၅၀ ရာခိုင်နှုန်း ရှိနေကြောင်း YCDC ဒုတိယညွှန်ကြားရေးမှူး ဒေါ်သွဲ့နိုင်ဦးက ပြောသည်။

“ကျွန်မတို့ ရေပေးဝေရေး စနစ်မှာ ၅၀ ရာခိုင်နှုန်းက လေလွင့် ဆုံးရှုံးနေတာ ဖြစ်သလို ကျန်တဲ့ ရတဲ့ ၅၀ ရာခိုင်နှုန်းသော ရေပမာဏဟာလည်း ရေသုံးစွဲသူတွေဆီ ရောက်ဖို့ စက်ကြီးတွေနဲ့ တွန်းပို့ရတာဖြစ်တယ်။ ရေတွန်းစက်တွေကို လျှပ်စစ်ဓာတ်အားနဲ့ တွန်းရတာဖြစ်ပါတယ်။ ရေလှောင်ကန်တွေမှာ လျှပ်စစ်မီးပြတ်တောက်သွားရင် မြို့တွင်းမြို့နယ်တွေကို ပြန်ရောက်ဖို့က အချိန်တွေယူရပါတယ်။ အဆင့်ဆင့်ကြာပါတယ် ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့မြောက်ပိုင်းရှိ ရေကန်များမှ ရန်ကုန်မြို့ တောင်ဖျားရှိ Downtown မြို့နယ်များအထိ ရေတွန်းစက်များနှင့် အဆင့်ဆင့် တွန်းပို့ပေးနေရခြင်း ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင်မှ ရေပေးဝေနေသည့် ပိုက်လိုင်းများသည် သက်တမ်းကြာရှည်နေသောကြောင့် ပိုက်ဆက်ချိတ်သည့် နေရာများတွင် ရေယိုစိမ့်မှုများ ဖြစ်ပေါ်နေသည့်အပြင် တရားမဝင် ရေသွယ်တန်းခြင်းနှင့် ရေမီတာ တပ်ဆင်ထားမှု မရှိခြင်းတို့ကြောင့်လည်း လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ဟုဆိုသည်။

လက်ရှိ ရန်ကုန်မြို့ကို ပေးဝေနေသည့် ရေပမာဏမှာ တစ်ရက်လျှင် ဂါလံသန်းပေါင်း ၂၀၅ သန်းရှိပြီး ယင်းမှ ၅၀ ရာခိုင်နှုန်းသည် လေလွင့်ဆုံးရှုံးနေခြင်း ဖြစ်ကာ ထိုသို့ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရန် ဝန်ထမ်းဘက်တွင်သာမက သုံးစွဲသူ လူထုဘက်မှာပါ တာဝန်ရှိကြောင်း YCDC လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်က ပြောသည်။

“ကျွန်တော်တို့ ဒီဝန်ထမ်းတွေရဲ့ Awareness လူထုတွေရဲ့ Awareness က အရမ်းလိုပါတယ်။ လူထုဘက်ကလည်း ရေဖိုးရေခကို မှန်မှန်ကန်ကန် ပေးနိုင်ဖို့ ပါ ။ ဝန်ထမ်းဘက်ကလည်း ဝန်ဆောင်မှု ပေးရမှာဖြစ်သလို လူထုဘက်ကလည်း ရေဖိုးတွေမှန်မှန်ကန်ကန် ပေးချေဖို့၊ နောက်ပြီး ရေပိုက်ပေါက်တွေ တွေ့ရင် ဝိုင်းဝန်း အကြောင်းကြားပြီးတော့မှ ပြည်သူနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ရေလေလွှင့် ဆုံးရှုံးတာတွေ လျော့ချသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

ကမ္ဘာပေါ်ရှိ ရှားပါးလာသည့် အရင်းအမြစ်များတွင် ရေလည်း ပါဝင်နေသည်ဖြစ်၍ လူတစ်ယောက်ချင်းစီ ကသာ ရေကို တန်ဖိုးထားချွေတာပြီး လေလွင့်မှုများ ဖြစ်ပေါ်ခြင်း မရှိအောင် ထိန်းသိမ်းမည်ဆိုပါက အခြားသော ရေ မရရှိသည့် ဒေသများကိုပါ ရေပေးဝေနိုင်မည့်အပြင် ရေအရင်းမြစ်များကိုလည်း ထိန်းသိမ်းနိုင်မည်ဟုဆိုသည်။

ထို့ကြောင့် အများပြည်သူများ သိရှိနားလည်လာစေရန် အတွက် ပညာပေးလုပ်ငန်းများ ပြုလုပ်ရမည့်အပြင် ရေဖြုန်းတီးသူများကိုလည်း အရေးယူမှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိတွင် ရေလေလွင့်မှု လျှော့ချရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသော်လည်း ထက်ဝက်ခန့်မှာ လေလွင့်နေဆဲဖြစ်ကြောင်းသိရသည်။

ရန်ကုန်စည်ပင်က ရေဖြန့်ဖြူး ပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရေလှောင်ကန်များမှ ရေကိုသယ်ပြီး သိုလှောင်ရေးအပိုင်းနှင့် ရေလှောင်ကန်မှ ရေကို ရပ်ကွက်အလိုက် အိမ်ထောင်စုများထံ ဖြန့်ဖြူးရေးအပိုင်းဟူ၍ လုပ်ငန်းစဉ်နှစ်ခုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့တော် ရေပေးဝေရေးကို ဂျိုးဖြူကန်၊ လှော်ကား၊ဖူးကြီးကန်နှင့် ငမိုးရိပ်ရေလှောင်တမံတို့မှ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

Leave a Reply