ခိုစာေရာင္းသူနွင့္ေကြၽးသူမ်ား ပေပ်ာက္ေအာင္ ေဆာင္႐ြက္မည္

0
96

စက္တင္ဘာ ၂၃
ေဝေဝၿဖိဳး

ရန္ကုန္ၿမိဳ႕တြင္းရွိ ခိုစာေရာင္းခ်ေနသူမ်ားနွင့္ ခိုစာေကြၽးသူမ်ားကို ပေပ်ာက္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တိရစၧာန္ေဆးကုႏွင့္ အသားထုတ္လုပ္ေရးမ်ားဌာနမွ ဌာနမွဴး ဦးမင္းေအာင္က ေျပာသည္။

ယခုလ၂၃ ရက္တြင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၌ ျပဳလုပ္သည့္ စည္ပင္သတင္းစာရွင္းလင္းပြဲတြင္ ၎က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

” အခုဆို ၿမိဳ႕လယ္ေခါင္မွာ အစာေတြေကြၽးေနတယ္။ အဲ့ေနရာမွာ မေကြၽးပါနဲ႔ မေကြၽးရင္ ဒီခိုမရွိေတာ့ပါဘူး။
တခ်ိဳ႕ေနရာေတြမွာ ခိုစာေကြၽးလို႔သာ ခိုေတြက အဲ့ေနရာမွာ စုၿပီးေတာ့ ေနေနတာပါ။ က်န္းမာေရး အတြက္ပါ။ဒါေၾကာင့္ ျမိဳ႕နယ္တိုင္းမွာ ခိုစာေရာင္းတဲ့သူေတြ ေပ်ာက္ကြယ္သြားေအာင္ ေဆာင္႐ြက္မယ္။ ေနာက္ ခိုစာေကြၽးတဲ့သူေတြ ပေပ်ာက္သြားေအာင္ လုပ္မယ္”ဟု ၎ကေျပာသည္။

လာမည့္ပတ္မွစ၍ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္တိုင္းတြင္ ခိုစာမေကြၽးရန္ ဗီနိုင္းမ်ား ကပ္သြားမည္ျဖစ္ၿပီး ပထမအဆင့္အေနျဖင့္ စည္းရံုးျခင္း ၊ ဒုတိယအေနျဖင့္ သတိေပးျခင္းနွင့္ ေနာက္ဆံုးအဆင့္ အေနျဖင့္ ဒဏ္ရုိက္ျခင္းမ်ားကို လုပ္ေဆာင္မည္ ဟုဆိုသည္။

“စာကပ္ဖို႔က အမိန္႔ရပါၿပီ ။ လာမယ့္ပတ္ေလာက္က်ရင္ ၿမိဳ႕နယ္ေတြမွာ ဗီနိုင္းေတြကို ခ်ိတ္ဆြဲကပ္ပါမယ္။
ျပစ္ဒဏ္ထဲမွာေတာ့ ေထာင္ဒဏ္ဆိုတာ ပါပါတယ္။ သို႔ေသာ္ ယေန႔အခ်ိန္ထိ ကြၽန္ေတာ္တုိ႔ ျပည္သူလူထုကို ေထာင္ခ်တာတို႔ မလုပ္ပါဘူး။ စည္းရံုးတဲ့နည္းလမ္းနဲ႔ပဲ ေဆာင္႐ြက္ေနပါတယ္။ ခိုရဲ႕သေဘာသဘာဝကိုက ခိုဟာ ဖမ္းရခက္ပါတယ္။လူျမင္ကြင္းမွာ ဖမ္းမယ္ဆို လြယ္ပါတယ္။ ပိုက္ကြန္နဲ႔ အုပ္လိုက္ရင္ရပါတယ္။ ဒါေပမယ့္ ဒီခိုကို ဘယ္ကိုသြားပို႔မလဲ ခိုစာမေကြၽးရင္ ဒီခိုဟာ မရွိပါဘူး။ ခိုစာလာမေကြၽးရင္ သူ႔အစာရွိတဲ့ ေနရာကို ပ်ံ သြားပါလိမ့္မယ္”ဟု ဦးမင္းေအာင္က ဆိုသည္။

ခိုမ်ားေၾကာင့္ ၾကက္ငွက္တုပ္ေကြးေရာျဖစ္ၿပီး ေရာဂါမ်ား တစ္ေနရာမွတစ္ေနရာသို႔ သယ္ေဆာင္ရာတြင္လည္း လြန္စြာ ဆိုးဝါးသည္ဟုဆိုသည္။

ရန္ကုတ္ၿမိဳ႕ေတာ္စည္ပင္သာယာအေနျဖင့္ က်န္းမာေရးအတြက္ ဖယ္ရွားရွင္းလင္း သုတ္သင္ခြင့္ ရွိသည့္ တိရိစာၦန္ ၃မ်ိဳးရွိၿပီး ယင္းတို႔မွာ ေခြး ၊ ႂကြက္နွင့္ က်ီးတို႔ုျဖစ္သည္။

“ခိုဟာ ရွင္းလင္းရမယ့္ထဲမွာ မပါေပမယ့္ လူထုကလဲ ဒီခိုေတြေၾကာင့္ သူတို႔ကားေတြေပၚမွာ မစင္ေတြ စြန္႔တာေတြ ခိုေတြေၾကာင့္ အေနွာက္ယွက္ ျဖစ္တာေတြ က်န္းမာေရးအတြက္ ထိခိုက္တာေတြေၾကာင့္ မၾကာခဏ လာရွင္းေပးဖို႔ တင္ျပတာေတြ ရွိပါတယ္။ ဒါေပမယ့္ ဥပေဒထဲမွာေတာ့ ခိုကို တရားဝင္ သက္ခြင့္မရွိပါဘူး။အဓိကေတာ့ ရန္ကုန္ၿမိဳ႕တြင္းမွာ လူေနထူထပ္တဲ့ေနရာေတြမွာ ဒီခိုေတြ မရွိတာေတာ့ လူထုအတြက္ေတာ့ အေတာ္ေကာင္းတယ္လို႔ ခံယူထားပါတယ္”ဟု ၎ကဆိုသည္။

ခိုစာေရာင္းသူမ်ားကို ဥပေဒအရ အေရးယူ၍ရၿပီး
က်န္းမာေရးဥပေဒအရ ပတ္ဝန္းက်င္ ညစ္ညမ္းေအာင္ လုပ္ျခင္းေၾကာင့္ ခိုမ်ားကို အစာမေကြၽးရဟူ၍ ဥပေဒထဲတြင္ ပါရွိသည္ဟုဆိုသည္။

အဆိုပါဥပေဒအရ ခိုစာေကြၽးသူမ်ားကို ဒဏ္ေငြအျပင္ ေထာင္ဒဏ္ပါခ်မွတ္နိုင္ၿပီး တိရိစာၦန္္မ်ား အစားအစာ ေကြၽးေမြးျခင္းအတြက္ ျပစ္ဒဏ္အေနျဖင့္ ေငြဒဏ္ ၅ေသာင္းက်ပ္မွ က်ပ္ တစ္သိန္းထိ ျဖစ္ေစ၊ ေထာင္ဒဏ္ ၃ လအထိျဖစ္ေစ၊ ဒဏ္ ၂ရပ္လံုးျဖစ္ေစ ခ်မွတ္နိုင္ေၾကာင္းသိရသည္။

—————————————-

(Unicode)

ခိုစာရောင်းသူနှင့်ကျွေးသူများ ပပျောက်အောင် ဆောင်ရွက်မည်

စက်တင်ဘာ ၂၃
ဝေဝေဖြိုး

ရန်ကုန်မြို့တွင်းရှိ ခိုစာရောင်းချနေသူများနှင့် ခိုစာကျွေးသူများကို ပပျောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရေးများဌာနမှ ဌာနမှူး ဦးမင်းအောင်က ပြောသည်။

ယခုလ၂၃ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် စည်ပင်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

” အခုဆို မြို့လယ်ခေါင်မှာ အစာတွေကျွေးနေတယ်။ အဲ့နေရာမှာ မကျွေးပါနဲ့ မကျွေးရင် ဒီခိုမရှိတော့ပါဘူး။
တချို့နေရာတွေမှာ ခိုစာကျွေးလို့သာ ခိုတွေက အဲ့နေရာမှာ စုပြီးတော့ နေနေတာပါ။ ကျန်းမာရေး အတွက်ပါ။ဒါကြောင့် မြို့နယ်တိုင်းမှာ ခိုစာရောင်းတဲ့သူတွေ ပျောက်ကွယ်သွားအောင် ဆောင်ရွက်မယ်။ နောက် ခိုစာကျွေးတဲ့သူတွေ ပပျောက်သွားအောင် လုပ်မယ်”ဟု ၎င်းကပြောသည်။

လာမည့်ပတ်မှစ၍ ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းတွင် ခိုစာမကျွေးရန် ဗီနိုင်းများ ကပ်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် စည်းရုံးခြင်း ၊ ဒုတိယအနေဖြင့် သတိပေးခြင်းနှင့် နောက်ဆုံးအဆင့် အနေဖြင့် ဒဏ်ရိုက်ခြင်းများကို လုပ်ဆောင်မည် ဟုဆိုသည်။

“စာကပ်ဖို့က အမိန့်ရပါပြီ ။ လာမယ့်ပတ်လောက်ကျရင် မြို့နယ်တွေမှာ ဗီနိုင်းတွေကို ချိတ်ဆွဲကပ်ပါမယ်။
ပြစ်ဒဏ်ထဲမှာတော့ ထောင်ဒဏ်ဆိုတာ ပါပါတယ်။ သို့သော် ယနေ့အချိန်ထိ ကျွန်တော်တို့ ပြည်သူလူထုကို ထောင်ချတာတို့ မလုပ်ပါဘူး။ စည်းရုံးတဲ့နည်းလမ်းနဲ့ပဲ ဆောင်ရွက်နေပါတယ်။ ခိုရဲ့သဘောသဘာဝကိုက ခိုဟာ ဖမ်းရခက်ပါတယ်။လူမြင်ကွင်းမှာ ဖမ်းမယ်ဆို လွယ်ပါတယ်။ ပိုက်ကွန်နဲ့ အုပ်လိုက်ရင်ရပါတယ်။ ဒါပေမယ့် ဒီခိုကို ဘယ်ကိုသွားပို့မလဲ ခိုစာမကျွေးရင် ဒီခိုဟာ မရှိပါဘူး။ ခိုစာလာမကျွေးရင် သူ့အစာရှိတဲ့ နေရာကို ပျံ သွားပါလိမ့်မယ်”ဟု ဦးမင်းအောင်က ဆိုသည်။

ခိုများကြောင့် ကြက်ငှက်တုပ်ကွေးရောဖြစ်ပြီး ရောဂါများ တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်ရာတွင်လည်း လွန်စွာ ဆိုးဝါးသည်ဟုဆိုသည်။

ရန်ကုတ်မြို့တော်စည်ပင်သာယာအနေဖြင့် ကျန်းမာရေးအတွက် ဖယ်ရှားရှင်းလင်း သုတ်သင်ခွင့် ရှိသည့် တိရိစ္ဆာန် ၃မျိုးရှိပြီး ယင်းတို့မှာ ခွေး ၊ ကြွက်နှင့် ကျီးတို့ဖြစ်သည်။

“ခိုဟာ ရှင်းလင်းရမယ့်ထဲမှာ မပါပေမယ့် လူထုကလဲ ဒီခိုတွေကြောင့် သူတို့ကားတွေပေါ်မှာ မစင်တွေ စွန့်တာတွေ ခိုတွေကြောင့် အနှောက်ယှက် ဖြစ်တာတွေ ကျန်းမာရေးအတွက် ထိခိုက်တာတွေကြောင့် မကြာခဏ လာရှင်းပေးဖို့ တင်ပြတာတွေ ရှိပါတယ်။ ဒါပေမယ့် ဥပဒေထဲမှာတော့ ခိုကို တရားဝင် သက်ခွင့်မရှိပါဘူး။အဓိကတော့ ရန်ကုန်မြို့တွင်းမှာ လူနေထူထပ်တဲ့နေရာတွေမှာ ဒီခိုတွေ မရှိတာတော့ လူထုအတွက်တော့ အတော်ကောင်းတယ်လို့ ခံယူထားပါတယ်”ဟု ၎င်းကဆိုသည်။

ခိုစာရောင်းသူများကို ဥပဒေအရ အရေးယူ၍ရပြီး
ကျန်းမာရေးဥပဒေအရ ပတ်ဝန်းကျင် ညစ်ညမ်းအောင် လုပ်ခြင်းကြောင့် ခိုများကို အစာမကျွေးရဟူ၍ ဥပဒေထဲတွင် ပါရှိသည်ဟုဆိုသည်။

အဆိုပါဥပဒေအရ ခိုစာကျွေးသူများကို ဒဏ်ငွေအပြင် ထောင်ဒဏ်ပါချမှတ်နိုင်ပြီး တိရိစ္ဆာန်များ အစားအစာ ကျွေးမွေးခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ငွေဒဏ် ၅သောင်းကျပ်မှ ကျပ် တစ်သိန်းထိ ဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ဒဏ် ၂ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းသိရသည်။

Photo : Aye Aye Win Fb

Leave a Reply