သမၼတေဒၚနယ္ထရမ့္ဟာ မိတ္ေဆြစစ္လို႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ခ်ီးက်ဴးေျပာဆို

0
98

စက္တင္ဘာ ၂၃
ႏိုင္ငံတကာသတင္း

အိႏၵိယႏိုင္ငံအလံကိုေ၀ွ႕ယမ္းခဲ့တဲ့လူေတြပါတဲ့လူေသာင္းခ်ီတက္ေရာက္ၿပီး အေမရိကန္ျပည္ေထာင္စု၊ ဟူစတန္ၿမိဳ႕မွာျပဳလုပ္တဲ့ “Howdy Modi” လူထုစုေ၀းပြဲအခမ္းအနားကို အေမရိကန္သမၼတေဒၚနယ္ ထရမ့္လည္း တက္ေရာက္ခဲ့ပါတယ္။

ေတြ႕ဆံုခ်ိန္မွာ ေခါင္းေဆာင္ႏွစ္ေယာက္က တစ္ေယာက္ရဲ႕လုပ္ရပ္ေတြကို ေနာက္တစ္ေယာက္က အျပန္အလွန္ခ်ီးမြမ္းခဲ့ၾကပါတယ္။

အခမ္းအနားတက္ေရာက္ၾကသူအမ်ားစုဟာ အေမရိကန္မွာေနၾကတဲ့အိႏၵိယလူမ်ိဳးေတြျဖစ္ၿပီး ေဆးပညာ၊ စီးပြားေရးနဲ႔ နည္းပညာက႑ေတြမွာပါ၀င္ေနၾကတဲ့ အိႏၵိယလူမ်ိဳးေတြဟာ အေမရိကန္ႏိုင္ငံကို အားပိုေကာင္းလာေအာင္နဲ႔ အနာဂတ္တည္ေဆာက္ႏိုင္ေအာင္ ကူညီေနၾကတယ္လို႔ ထရမ့္က ခ်ီးက်ဴးခဲ့ပါတယ္။

မိုဒီရဲ႕ေခါင္းေဆာင္မႈစြမ္းရည္ကိုလည္း ထရမ့္က ခ်ီးက်ဴးခဲ့ၿပီး အေမရိကန္-အိႏၵိယဆက္ဆံေရးဟာ အရင္ကထက္ပိုၿပီးခိုင္မာေနတယ္လို႔ေျပာပါတယ္။

အိႏၵိယရဲ႕မိတ္ေဆြအေမရိကန္သမၼတေတြထဲမွာ သမၼတေဒၚနယ္ ထရမ့္ထက္ပိုေကာင္းတဲ့သမၼတမ႐ွိဘူးလို႔ ထရမ့္ကေျပာပါတယ္။

အေမရိကန္-မကၠဆီကိုနယ္စပ္မွာ လံုျခံဳေရးစိုးရိမ္ရတာဟာ အိႏိၵယ-ပါကစၥတန္နယ္စပ္လိုပဲလို႔လည္း ထရမ့္ကေျပာပါတယ္။

ထရမ့္ဟာ ေႏြးေထြး၊ ရင္းႏွီး၊ ေျပာရဆိုရလြယ္တဲ့အျပင္ အင္ျပည့္အားျပည့္႐ွိသလို ဉာဏ္လည္း႐ႊင္တယ္လို႔ မိုဒီက ခ်ီးက်ဴးေျပာဆိုပါတယ္။

ထရမ့္ဟာ အိႏိၵယရဲ႕မိတ္ေဆြစစ္လို႔ စင္ျမင့္ေပၚမွာ မိုဒီကေျပာခဲ့ပါတယ္။

အိမ္ျဖဴေတာ္မွာ ဒီဝါလီပြဲေတာ္က်င္းပဖို႔လည္း ထရမ့္အစိုးရကို မိုဒီကအၾကံျပဳခဲ့ၿပီး ထရမ့္နဲ႔သူ႔မိသားစုအိႏိၵယကိုလာေရာက္ဖို႔လည္း ဖိတ္ၾကားခဲ့ပါတယ္။

အခုတစ္ပတ္ထဲ ကုလသမဂၢအေထြေထြညီလာခံမွာေဆြးေႏြးၾကေနတဲ့အထဲ အျပဳသေဘာေဆာင္တဲ့တိုးတက္မႈေတြ႐ွိလာလိမ့္မယ္ဆိုတာေသခ်ာေနတယ္လို႔လည္း မိုဒီကေျပာပါတယ္။

“ထရမ့္က ကၽြန္ေတာ့္ကို ထိပ္တန္းက်က်ၫွိႏိႈင္းႏိုင္တဲ့လူလို႔သတ္မွတ္ေပမဲ့ သူကိုယ္တိုင္ကိုက ၫွိႏႈိင္းေဆြးေႏြးမႈအႏုပညာမွာ ေတာ္ေတာ္ကၽြမ္းက်င္တဲ့လူ။ ကၽြန္ေတာ္သူ႔ဆီက ေတာ္ေတာ္မ်ားမ်ားျပန္သင္ယူေနရတယ္။”လို႔ မိုဒီကေျပာပါတယ္။

Source-CNN
#ဥကၠာ
#TheFifthWaveNews
Photo-White House

———————————————–

(Unicode)

သမ္မတဒေါ်နယ်ထရမ့်ဟာ မိတ်ဆွေစစ်လို့ အိန္ဒိယဝန်ကြီးချုပ်ချီးကျူးပြောဆို

စက်တင်ဘာ ၂၃
နိုင်ငံတကာသတင်း

အိန္ဒိယနိုင်ငံအလံကိုဝှေ့ယမ်းခဲ့တဲ့လူတွေပါတဲ့လူသောင်းချီတက်ရောက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဟူစတန်မြို့မှာပြုလုပ်တဲ့ “Howdy Modi” လူထုစုဝေးပွဲအခမ်းအနားကို အမေရိကန်သမ္မတဒေါ်နယ် ထရမ့်လည်း တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံချိန်မှာ ခေါင်းဆောင်နှစ်ယောက်က တစ်ယောက်ရဲ့လုပ်ရပ်တွေကို နောက်တစ်ယောက်က အပြန်အလှန်ချီးမွမ်းခဲ့ကြပါတယ်။

အခမ်းအနားတက်ရောက်ကြသူအများစုဟာ အမေရိကန်မှာနေကြတဲ့အိန္ဒိယလူမျိုးတွေဖြစ်ပြီး ဆေးပညာ၊ စီးပွားရေးနဲ့ နည်းပညာကဏ္ဍတွေမှာပါဝင်နေကြတဲ့ အိန္ဒိယလူမျိုးတွေဟာ အမေရိကန်နိုင်ငံကို အားပိုကောင်းလာအောင်နဲ့ အနာဂတ်တည်ဆောက်နိုင်အောင် ကူညီနေကြတယ်လို့ ထရမ့်က ချီးကျူးခဲ့ပါတယ်။

မိုဒီရဲ့ခေါင်းဆောင်မှုစွမ်းရည်ကိုလည်း ထရမ့်က ချီးကျူးခဲ့ပြီး အမေရိကန်-အိန္ဒိယဆက်ဆံရေးဟာ အရင်ကထက်ပိုပြီးခိုင်မာနေတယ်လို့ပြောပါတယ်။

အိန္ဒိယရဲ့မိတ်ဆွေအမေရိကန်သမ္မတတွေထဲမှာ သမ္မတဒေါ်နယ် ထရမ့်ထက်ပိုကောင်းတဲ့သမ္မတမရှိဘူးလို့ ထရမ့်ကပြောပါတယ်။

အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ လုံခြုံရေးစိုးရိမ်ရတာဟာ အိန္ဒိယ-ပါကစ္စတန်နယ်စပ်လိုပဲလို့လည်း ထရမ့်ကပြောပါတယ်။

ထရမ့်ဟာ နွေးထွေး၊ ရင်းနှီး၊ ပြောရဆိုရလွယ်တဲ့အပြင် အင်ပြည့်အားပြည့်ရှိသလို ဉာဏ်လည်းရွှင်တယ်လို့ မိုဒီက ချီးကျူးပြောဆိုပါတယ်။

ထရမ့်ဟာ အိန္ဒိယရဲ့မိတ်ဆွေစစ်လို့ စင်မြင့်ပေါ်မှာ မိုဒီကပြောခဲ့ပါတယ်။

အိမ်ဖြူတော်မှာ ဒီဝါလီပွဲတော်ကျင်းပဖို့လည်း ထရမ့်အစိုးရကို မိုဒီကအကြံပြုခဲ့ပြီး ထရမ့်နဲ့သူ့မိသားစုအိန္ဒိယကိုလာရောက်ဖို့လည်း ဖိတ်ကြားခဲ့ပါတယ်။

အခုတစ်ပတ်ထဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာဆွေးနွေးကြနေတဲ့အထဲ အပြုသဘောဆောင်တဲ့တိုးတက်မှုတွေရှိလာလိမ့်မယ်ဆိုတာသေချာနေတယ်လို့လည်း မိုဒီကပြောပါတယ်။

“ထရမ့်က ကျွန်တော့်ကို ထိပ်တန်းကျကျညှိနှိုင်းနိုင်တဲ့လူလို့သတ်မှတ်ပေမဲ့ သူကိုယ်တိုင်ကိုက ညှိနှိုင်းဆွေးနွေးမှုအနုပညာမှာ တော်တော်ကျွမ်းကျင်တဲ့လူ။ ကျွန်တော်သူ့ဆီက တော်တော်များများပြန်သင်ယူနေရတယ်။”လို့ မိုဒီကပြောပါတယ်။

Source-CNN
#ဥက္ကာ
#TheFifthWaveNews
Photo-White House

Leave a Reply