ေဒၚေနာ္အုံးလွႏွင့္ ကရင္လူငယ္မ်ား႐ုံးထုတ္

0
9

စက္တင္ဘာ ၂၄

ရန္ကုန္ၿမိဳ႕ဆူးေလတြင္ ကရင့္အာဇာနည္ေန႕ အခမ္းအနားက်င္းပခဲ့သည့္အတြက္ ဖမ္းဆီးခံထားရသည့္ ေနာ္အုန္းလွ ႏွင့္ ကရင္လူငယ္မ်ားအား စက္တင္ဘာ ၂၄ရက္ေန႕တြင္ ရန္ကုန္ၿမိဳ႕ေက်ာက္တံတား တရား႐ုံးတြင္ ႐ုံးထုတ္စစ္ေဆးေနေၾကာင္းသိရသည္။

ကရင္အမ်ိဳးသမီး အစည္းအ႐ုံးဥကၠ႒ ေဒၚေနာ္အုံးလွ ႏွင့္ ကရင္လူငယ္မ်ားျဖစ္သည့္ လွေစာအဲလ္ဘတ္ခ်ိဳ၊ စသိန္းေဇာ္မင္း တို႔ သုံးဦးသည္ ရန္ကုန္ၿမိဳ႕မဟာဗႏၶဳလပန္းၿခံေရွ႕တြင္ ဩဂုတ္ ၁၂ က အျခားကရင္တိုင္းရင္းသားမ်ား ႏွင့္ စုေပါင္း၍ (၆၉)ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႕ အခမ္းအနား က်င္းပခဲ့ၿပီးေနာက္ ၿငိမ္းစုျဖင့္ တရားစြဲဆိုခံခဲ့ရျခင္း ျဖစ္သည္။

ဓာတ္ပံု- Mar Naw(MPA)

Unicode

ဒေါ်နော်အုံးလှနှင့် ကရင်လူငယ်များရုံးထုတ်

Photo – Mar Naw / MPA

ရန်ကုန်မြို့ဆူးလေတွင် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့သည့်အတွက် ဖမ်းဆီးခံထားရသည့် နော်အုန်းလှ နှင့် ကရင်လူငယ်များအား စက်တင်ဘာ ၂၄ရက်နေ့တွင် ရန်ကုန်မြို့ကျောက်တံတား တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေကြောင်းသိရသည်။

ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ ဒေါ်နော်အုံးလှ နှင့် ကရင်လူငယ်များဖြစ်သည့် လှစောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း တို့ သုံးဦးသည် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့တွင် ဩဂုတ် ၁၂ က အခြားကရင်တိုင်းရင်းသားများ နှင့် စုပေါင်း၍ (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ပြီးနောက် ငြိမ်းစုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

#TheFifthWave

Leave a Reply