“ေ႐ြးေကာက္ပဲြေကာ္မရွင္တြင္ ႏိုင္ငံေရးပါတီႏွင့္ မကင္းသူမ်ားပါဝင္ေန” ဟု တ.စ.ည ပါတီေျပာ

0
12

စက္တင္ဘာ ၂၄
ေက်ာ္သူျမင့္

ျပည္ေထာင္စုေ႐ြးေကာက္ပဲြေကာ္မရွင္အဆင့္ဆင့္တြင္ ႏိုင္ငံေရးပါတီႏွင့္ မကင္းသူမ်ား ပါဝင္ေနဟု တိုင္းရင္းသားစည္းလံုးညီညြတ္ေရးပါတီ ဒုဥကၠ႒ ဦးဟန္ေ႐ႊက ယေန႔က်င္းပသည့္ ပါတီ(၃၁)ႏွစ္ ျပည့္ အခမ္းအနားတြင္ ေျပာဆိုလိုက္သည္။

“ေ႐ြးေကာက္ပဲြကို ဦးေဆာင္က်င္းပမယ့္ ေကာ္မရွင္အဆင့္ဆင့္က ႏိုင္ငံေရးပါတီနဲ႔ မကင္းတဲ့သူ ေတြ နည္းမ်ိဳးစံုနဲ႔ပါဝင္လာတာေတြ နည္းဥပေဒညႊန္ၾကားခ်က္ေတြမွာ ဥပေဒအရဆိုေပမယ့္ အာ ဏာရပါတီအတြက္ အခြင့္အေရးေပးတာမ်ိဳးေတြ ႏိုင္ငံေရးပါတီေတြလိုက္နာက်ဖို႔ သေဘာတူလက္ မွတ္ေရးထိုးထားတဲ့က်င့္ဝတ္ Code of Conduct သစၥာသမာဓိနဲ႔ လိုက္နာေစာင့္ထိန္းရမယ့္အစား မသိက်ိဳးကၽြံျပဳၿပီး ေဖာက္ဖ်က္တာမ်ိဳးေတြ မျဖစ္ရေလေအာင္ ႏိုင္ငံေရးပါတီေတြက ေစာင့္ၾကည့္ေန က်ရမွာလည္း ျဖစ္ပါတယ္”ဟု ဦးဟန္ေ႐ႊက ေျပာသည္။

ပါတီစံုဒီမိုကေရစီ ေ႐ြးေကာက္ပဲြမ်ားတြင္ ႀကီးၾကပ္က်င္းပရန္အတြက္ ေ႐ြးေကာက္ပဲြေကာ္မရွင္ အဆင့္ဆင့္ကို အာဏာရပါတီမ်ားကသာ တာဝန္ေပးအပ္ခဲ့မႈမ်ားေၾကာင့္ အျခားႏိုင္ငံေရးပါတီမ်ား က တရားမွ်တမႈရွိေရးအတြက္ အၿမဲေစာင့္ၾကည့္ရန္လိုေၾကာင္း ၎က ဆိုသည္။

၂၀၂၀ ေ႐ြးေကာက္ပဲြတြင္ ေအာင္ျမင္မႈရေရး၊ တပ္မေတာ္အထီးက်န္ မျဖစ္ေစေရး အပါအဝင္ အခ်က္ေပါင္း(၇)ခ်က္ကို အခမ္းအနားတြင္ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ၉၀ ခုႏွစ္ေ႐ြးတုန္းက တ.စ.ည ကဖဲြ႕ထားတဲ့ ေ႐ြးေကာက္ပဲြေကာ္မ႐ွင္ NLD ဘာမွ လုပ္လို႔မရပါဘူး။ NLD ေ႐ြးတာလဲ မဟုတ္ဘူး တရားမွ်တေသာ ယွဥ္ၿပိဳင္ျခင္းကို NLD ကၿပိဳင္ၿပီး ႏိုင္ခဲ့တယ္။ ၂၀၁၂ ၾကားျဖတ္မွာ ကၽြန္ေတာ္တို႔ ေ႐ြးေကာက္ပဲြေကာ္မရွင္မဟုတ္ဘူး။ တခါမွမျငင္း ဖူးဘူး ဒီေ႐ြးေကာက္ပဲြေကာ္မ႐ွင္နဲ႔ ပတ္သတ္လုိ႔ အယံုမၾကည္မရွိဘူးဆိုတာ တစ္ခါမွ မေျပာခဲ့ဖူး ဘူး။ ၂၀၁၅ လည္း အလားတူပဲ ဒီေ႐ြးေကာက္ပဲြေကာ္မရွင္အေပၚ ဘာမွလုပ္ပိုင္ခြင့္မရွိဘူး။ ဒါေပမယ့္ အျပစ္လဲမေျပာဘူး ႐ိုး႐ိုးသားသားၿပိဳင္တယ္”ဟု NLD ပါတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ ေမာင္က စက္တင္ဘာ ၂၂ ရက္က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပဲြတြင္ ေျပာဆုိထားသည္။

ေ႐ြးေကာက္ပဲြတြင္ မသမာမႈရွိပါက တရားစဲြဆိုႏိုင္ၿပီး အတိုက္အခံမ်ားအေနျဖင့္ စြပ္စဲြႏိုင္ေၾကာင္း ၎က ေျပာဆိုထားသည္။

“ကၽြန္ေတာ္တို႔ ဘက္ကလည္း သန္႔ရွင္းေနတာ ယံုျခင္းမယံုျခင္းက ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ နဲ႔ဆိုင္ပါတယ္။ တရားေသာျဖင့္ယွဥ္ၿပိဳင္မွာလား ။ယွဥ္ၿပိဳင္မယ္ဆို ဘယ္သူပဲဒိုင္လူႀကီးလုပ္လုပ္ ႏိုင္ေအာင္ၿပိဳင္ပါ” ၎က ေျပာဆိုထားသည္။

တ.စ.ည ပါတီသည္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီအား အသြင္ေျပာင္းလဲထားသည့္ ႏိုင္ငံေရး ပါတီျဖစ္သည္။

————————————————-

(Unicode)

ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီနှင့် မကင်းသူများပါဝင်နေဟု တ.စ.ည ပါတီပြော

စက်တင်ဘာ ၂၄
ကျော်သူမြင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်တွင် နိုင်ငံရေးပါတီနှင့် မကင်းသူများ ပါဝင်နေဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ယနေ့ကျင်းပသည့် ပါတီ(၃၁)နှစ် ပြည့် အခမ်းအနားတွင် ပြောဆိုလိုက်သည်။

“ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပမယ့် ကော်မရှင်အဆင့်ဆင့်က နိုင်ငံရေးပါတီနဲ့ မကင်းတဲ့သူ တွေ နည်းမျိုးစုံနဲ့ပါဝင်လာတာတွေ နည်းဥပဒေညွှန်ကြားချက်တွေမှာ ဥပဒေအရဆိုပေမယ့် အာ ဏာရပါတီအတွက် အခွင့်အရေးပေးတာမျိုးတွေ နိုင်ငံရေးပါတီတွေလိုက်နာကျဖို့ သဘောတူလက် မှတ်ရေးထိုးထားတဲ့ကျင့်ဝတ် Code of Conduct သစ္စာသမာဓိနဲ့ လိုက်နာစောင့်ထိန်းရမယ့်အစား မသိကျိုးကျွံပြုပြီး ဖောက်ဖျက်တာမျိုးတွေ မဖြစ်ရလေအောင် နိုင်ငံရေးပါတီတွေက စောင့်ကြည့်နေ ကျရမှာလည်း ဖြစ်ပါတယ်”ဟု ဦးဟန်ရွှေက ပြောသည်။

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ကြီးကြပ်ကျင်းပရန်အတွက် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို အာဏာရပါတီများကသာ တာဝန်ပေးအပ်ခဲ့မှုများကြောင့် အခြားနိုင်ငံရေးပါတီများ က တရားမျှတမှုရှိရေးအတွက် အမြဲစောင့်ကြည့်ရန်လိုကြောင်း ၎င်းက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အောင်မြင်မှုရရေး၊ တပ်မတော်အထီးကျန် မဖြစ်စေရေး အပါအဝင် အချက်ပေါင်း(၇)ချက်ကို အခမ်းအနားတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ၉၀ ခုနှစ်ရွေးတုန်းက တ.စ.ည ကဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင် NLD ဘာမှ လုပ်လို့မရပါဘူး။ NLD ရွေးတာလဲ မဟုတ်ဘူး တရားမျှတသော ယှဉ်ပြိုင်ခြင်းကို NLD ကပြိုင်ပြီး နိုင်ခဲ့တယ်။ ၂၀၁၂ ကြားဖြတ်မှာ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်မဟုတ်ဘူး။ တခါမှမငြင်း ဖူးဘူး ဒီရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သတ်လို့ အယုံမကြည်မရှိဘူးဆိုတာ တစ်ခါမှ မပြောခဲ့ဖူး ဘူး။ ၂၀၁၅ လည်း အလားတူပဲ ဒီရွေးကောက်ပွဲကော်မရှင်အပေါ် ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် အပြစ်လဲမပြောဘူး ရိုးရိုးသားသားပြိုင်တယ်”ဟု NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် မောင်က စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ရွေးကောက်ပွဲတွင် မသမာမှုရှိပါက တရားစွဲဆိုနိုင်ပြီး အတိုက်အခံများအနေဖြင့် စွပ်စွဲနိုင်ကြောင်း ၎င်းက ပြောဆိုထားသည်။

“ကျွန်တော်တို့ ဘက်ကလည်း သန့်ရှင်းနေတာ ယုံခြင်းမယုံခြင်းက ကိုယ့်ကိုကိုယ် ယုံကြည်မှု နဲ့ဆိုင်ပါတယ်။ တရားသောဖြင့်ယှဉ်ပြိုင်မှာလား ။ယှဉ်ပြိုင်မယ်ဆို ဘယ်သူပဲဒိုင်လူကြီးလုပ်လုပ် နိုင်အောင်ပြိုင်ပါ” ၎င်းက ပြောဆိုထားသည်။

တ.စ.ည ပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား အသွင်ပြောင်းလဲထားသည့် နိုင်ငံရေး ပါတီဖြစ်သည်။

Leave a Reply