တောင်​သူများထံမှရရှိမည့် ဆည်​​ရေ​သောက်​ခွန်​​ကြွေးကျန်​ ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိ

0
123

စက်တင်ဘာ ၂၄
နိုင်လင်းဦး

မန္တ​​လေးတိုင်း​ဒေသကြီးအတွင်းရှိ ​တောင်​သူများထံမှ ​ကောက်​ခံရရှိမည့် ဆည်​​ရေ​သောက်​ခွန်​​ကြွေးကျန်​ ကျပ် ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိပြီဖြစ်ကြောင်း မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ က သိရသည် ။

တောင်​သူများထံမှ ရရှိမည့် ​ရေခွန်​​ကြွေးကျန်​ ၉ဘီလီယံမှာ ၂၀၀၆ ခုနှစ်​ မှ ၂၀၁၆ ခုနှစ်​အတွင်း ရရှိရမည့်​ ​ကြွေးကျန်​များဖြစ်​​ပြီး ယခင်က စနစ်တကျ ကောက်ခံခြင်းမရှိပဲ ကျန်နေသည့် ငွေကြေးများ ဖြစ်ကြောင်း သိရသည် ။

“ခုလက်ရှိ ကောက်နေတာတော့ ၂၀ ရာခိုင်နှုန်းလောက်ပြန်ရပြီ။ ခုလည်း ဆက်တောင်းနေတုန်းပဲ။ ကြွေးကောက်တယ်ဆိုတော့ အခက်အခဲတော့ရှိတာပေါ့။ ကြွေးကျန်ကို ဆင်းကောက်တာတွေ လုပ်နေတယ်။ အရင်က ဒီလို ဆင်းကောက်တာတွေမလုပ်ခဲ့လို့ ကျန်နေတာဖြစ်တယ်။´´ ဟု မန္တလေးတိုင်းဒေသကြီး စိုက်​ပျိုး​ရေး၊​ မွေးမြူ​ ​ရေးနှင့်​ ဆည်​​မြောင်းဝန်​ကြီး ​ဒေါက်​တာစိုးသန်း က ပြောသည်​။

၂၀၀၆ ခုနှစ်​မတိုင်​မှီအချိန်​က ​ရေခွန်​များကို အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန က ကောက်​ခံခြင်းဖြစ်ပြီး၂၀၀၆ ခုနှစ်​ က စတင်၍ လယ်​ယာစိုက်​ပျိုး​ရေးနှင့်​ဆည်​​မြောင်းဝန်​ကြီးဌာန က ​ရေခွန်​များကို ​ကောက်​ခံရန်​တာဝန်​ယူခဲ့သည့် နောက်​ပိုင်းတွင် ​​ရေခွန်​​ကြွေးကျန်​များ ဖြစ်​​ပေါ်လာခဲ့​ကြောင်း သိရသည်​။

၂၀၁၆ ခုနှစ်​ က စတင်​ပြီး ​ရေခွန်​​ကြွေးကျန်​များကို စတင်​​ကောက်​ခံရန်​စီစဉ်​ခဲ့​သော်​လည်း ​ရေခွန်​နှင့်​ တာတမံခွန်​ဥပ​ဒေပြဌာန်းခြင်းမရှိသည့်​အတွက်​ ​ကောက်​ခံရန်​​စောင့်​​နေခဲ့ရ​ကာ ၂၀၁၇ ခုနှစ် ဇူလိုင်​လ ၅ ရက်​​နေ့တွင်​ ​ရေခွန်​နှင့်​တာတမံခွန်​ဥပ​ဒေကို ပြည်​​ထောင်​စုလွှတ်​​တော်​ က အတည်​ပြုလိုက်​သည့်​အတွက်​ ​ရေခွန်​​ကြွေးကျန်​များကို ​ကောက်​ခံရန်​ တိုင်း​ဒေသကြီး ၊ခရိုင်​၊မြို့နယ်​၊ရပ်​/​ကျေး ​ရေခွန်​​ကောက်​ခံ​ရေး အဖွဲ့များကို ၂၀၁၇ စက်​တင်​ဘာ၂၂ ရက်​​နေ့တွင်​ ဖွဲ့စည်းခဲ့​ကြောင်းသိရသည်​။

Leave a Reply