ၿငိမ္းခ်မ္းေရးစာ႐ြက္မ်ား မန္းဗကသေတြ ျဖန္႔ေဝ

0
62

စက္တင္ဘာ ၂၅
ႏိုင္လင္းဦး

တိုင္းရင္းသားေဒသမ်ားအတြင္းရွိ လက္နက္ကိုင္ ပဋိပကၡမ်ားႏွင့္ စပ္လ်ဥ္း၍ ျပည္သူမ်ားသို႔ အသိေပးျခင္း စာရြက္မ်ားကို စက္တင္ဘာလ ၂၅ ရက္ေန႔ နံနက္ပိုင္းအခ်ိန္ က ရတနာပံုတကၠသိုလ္တြင္ ျဖန္႔ေဝမႈမ်ား ျပဳလုပ္ခဲ့သည္ ။

အဆိုပါ ျဖန္႔ေဝမႈအား ရတနာပံုတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ က ျပဳလုပ္ျခင္းျဖစ္ၿပီး ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ ၊ ရခိုင္ျပည္နယ္ တို႔တြင္ ျဖစ္ပြားေနသည့္ ပဋိပကၡမ်ားႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ား ပါဝင္ေသာ စာရြက္မ်ားကို ေက်ာင္းသား ေက်ာင္းသူမ်ားထံ ေဝငွေပးခဲ့သည္ ။

“က်ေနာ္တို႔ ဗကသ ေတြအေနနဲ႕စစ္ေဘးသင့္ျပည္သူေတြအတြက္ လူသားခ်င္းစာနာတဲ႔ျပည္တြင္းျပည္ပအကူအညီအေထာက္အပံ႔ေတြလြပ္လပ္စြာ ေထာက္ပံ့ႏိုင္ဖို႔လိုအပ္ေနတယ္။ လက္ရွိ ျဖစ္ေပၚေနတဲ့အေျခအေနေတြကို ေက်ာင္းသူ ေက်ာင္းသားေတြ သိဖို႔အတြက္ ကမ္ပိန္းသေဘာမ်ိဳး လုပ္တာျဖစ္တယ္။´´ ဟု ရတနာပံုတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ မွ ျပန္ၾကားေရးတာဝန္ခံ ကိုမ်ိဳးခ်စ္ေဇာ္ က ေျပာသည္။

ဗကသ ၏ မူမ်ားတြင္ ျပည္တြင္း ၿငိမ္းခ်မ္းေရးကိစၥပါဝင္ေနသည့္အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ပါဝင္လႈပ္ရွားမႈမ်ားျပဳလုပ္ျခင္းျဖစ္ၿပီး လႈပ္ရွားမႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္ ။

ျဖန္႔ေဝသည့္ စာမ်ားတြင္ စစ္ေဘးသင့္ျပည္သူမ်ားအတြက္ လူသားခ်င္းစာနာစြာ ေထာက္ပံ့ေသာ ျပည္တြင္းျပည္ပ အကူအညီမ်ား လြတ္လပ္စြာေထာက္ပံ့ႏိုင္ေရး၊ စစ္အသံုးစရိတ္ ေလ်ာ့ခ်၍ ပညာေရးအသံုးစရိတ္တိုးျမွင့္ေပးေရး၊ သံသယျဖင့္ ဖမ္းဆီးထားသူမ်ားအား ခ်က္ခ်င္းလႊတ္ စသည့္ေတာင္းဆိုခ်က္မ်ားကိုလည္း ေတာင္းဆိုထားသည္ ။

————————————————

(Unicode)

ငြိမ်းချမ်းရေးစာရွက်များ မန်းဗကသများ ဖြန့်ဝေ

စက်တင်ဘာ ၂၅
နိုင်လင်းဦး

တိုင်းရင်းသားဒေသများအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးခြင်း စာရွက်များကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းအချိန် က ရတနာပုံတက္ကသိုလ်တွင် ဖြန့်ဝေမှုများ ပြုလုပ်ခဲ့သည် ။

အဆိုပါ ဖြန့်ဝေမှုအား ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ပြုလုပ်ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ ရခိုင်ပြည်နယ် တို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်သည့် အချက်အလက်များ ပါဝင်သော စာရွက်များကို ကျောင်းသား ကျောင်းသူများထံ ဝေငှပေးခဲ့သည် ။

“ကျနော်တို့ ဗကသ တွေအနေနဲ့စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာတဲ့ပြည်တွင်းပြည်ပအကူအညီအထောက်အပံ့တွေလွပ်လပ်စွာ ထောက်ပံ့နိုင်ဖို့လိုအပ်နေတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ကျောင်းသူ ကျောင်းသားတွေ သိဖို့အတွက် ကမ်ပိန်းသဘောမျိုး လုပ်တာဖြစ်တယ်။´´ ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော် က ပြောသည်။

ဗကသ ၏ မူများတွင် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စပါဝင်နေသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လှုပ်ရှားမှုများပြုလုပ်ခြင်းဖြစ်ပြီး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည် ။

ဖြန့်ဝေသည့် စာများတွင် စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာစွာ ထောက်ပံ့သော ပြည်တွင်းပြည်ပ အကူအညီများ လွတ်လပ်စွာထောက်ပံ့နိုင်ရေး၊ စစ်အသုံးစရိတ် လျော့ချ၍ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး၊ သံသယဖြင့် ဖမ်းဆီးထားသူများအား ချက်ချင်းလွှတ် စသည့်တောင်းဆိုချက်များကိုလည်း တောင်းဆိုထားသည် ။

Leave a Reply