ေအာင္ႀကီး ေရွ႕ေနကို အမႈဖြင့္ၿပီ

0
59

စက္တင္ဘာ ၂၅
ယဥ္ေကႏြယ္

ေနျပည္ေတာ္တြင္ ျဖစ္ပြားခဲ့သည့္ ဗစ္တိုးရီးယားေလး၏ အမႈႏွင့္ ပတ္သက္ၿပီး သံသယ တရားခံဟု ယူဆထားသည့္ ယာဥ္ေမာင္ေအာင္ႀကီး ဘက္မွ အမႈလိုက္ပါေဆာင္ရြက္ေပးေနသည့္ တရားလႊတ္ေတာ္ ေရွ႕ေန ေဒၚစုဒါလီေအာင္ကို Wisdom Hill ေက်ာင္းမွ ေက်ာင္းႀကီးၾကပ္ေရးမွဴးျဖစ္သူ ေဒၚဥမၼာလႈိင္မွ ပုဒ္မ ၂ ခု ျဖင့္ ပုပၺသီရိၿမိဳ႕နယ္ရွိ ပတၱာရဲစခန္းမွ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဖြင့္ထားေသာ အမႈ ပုဒ္မ ၂ ခု သည္ နိုင္လြတ္လံု ဥပေဒ ပုဒ္မႏွင့္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒ ပုဒ္မ ၁၀၁ ႏွင့္ ၁၀၃ တို႔ျဖင့္ အမႈဖြင့္ထားျခင္း ျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစုဒါလီေအာင္ကေျပာသည္။

“ေဒၚဥမၼာလႈိင္ကေနၿပီးေတာ့ ကၽြန္မကို ဗစ္တိုးရီးယား အမႈမွာ ၁၄ ရက္ေန႔က အမႈစစ္ၿပီးေတာ့ တရားရံုးေရွ႕မွာ BBC က အင္တာဗ်ဴးတဲ့ ကိစၥမွာ ကၽြန္မက အမႈ ဒီ တရားခြင္မွာစစ္ေဆးေပၚေပါက္ခ်က္ေတြကို အင္တာဗ်ဴး မွာ ေျဖဆိုတဲ့ အတြက္ ကၽြန္မ ကို ရဲစခန္းမွာ အမႈ ၂ မႈဖြင့္ တယ္ရွင့္ ။ တစ္မႈ ကက်ေတာ့ နိုင္လြတ္လံုေပါ့။ အဲ့ဒါနဲ႔ (ပ) နံပါတ္ တစ္ခု ဖြင့္တယ္။ တမႈက ဒီကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒ နဲ႔ တစ္မႈဖြင့္တယ္ရွင့္ နိုင္လြတ္လံုက မေျမာက္ဘူးဆိုၿပီး ပယ္လိုက္တယ္။ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒ ပုဒ္မ ၁၀၃ ကေလးသူငယ္အခြင့္အေရးမွာေတာ့ ပုဒ္မ ၁၀၃ ရယ္ ပုဒ္မ ၁၀၁ ရယ္ ဖြင့္တယ္ရွင့္”ဟု ေဒၚစုဒါလီေအာင္ကေျပာသည္။

ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒ ပုဒ္မ ၁၀၃ သည္ အျမင့္ဆံုးေထာင္ဒဏ္ ၅ ႏွစ္ အထ္ိ ခ်မွတ္နိုင္ၿပီး ဥပေဒ ပုဒ္မ ၁၀၁ သည္ ေထာင္ဒဏ္ တစ္နွစ္ အထိ ခ်မွတ္နို္င္သည့္ ပုဒ္မမ်ား ျဖစ္ေၾကာင္း သိရသည္။

လက္ရွိမွာေတာ့ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒ ပုဒ္မ ၁၀၁ျဖင့္သာ ျပန္က်လာေၾကာင္း ရဲမွ အေၾကာင္းၾကားလာသည္ဟု ေဒၚစုဒါလီေအာင္ကေျပာသည္။

ထိုသို႔ အမႈဖြင့္ခံရျခင္းသည္ ဗစ္တိုးရီးယားေလး၏ အမႈႏွင့္ ပတ္သက္၍ လိုက္ပါေဆာင္ရြက္ေနစဥ္အတြင္း ျဖစ္ေပၚလာခဲ့သည့္ အတြက္ ဗစ္တိုးရီးယားအမႈကို ေတာ့ ေနာက္ဆုတ္သြားမည္ျဖစ္ မဟုတ္ေၾကာင္း ေဒၚစုဒါလီေအာင္ကေျပာသည္။

“တရားရံုးမွာပါ။ဗစ္တိုးရီးယားအမႈကို လိုက္ရင္း နဲ႔ ကၽြန္မက ဒီျပသနာေပၚလာတာေလ။ ဒါေပမဲ့ ဗစ္တိုးရီယာအမႈနဲ႔ ပတ္သက္ၿပီး ကၽြန္မ ေနာက္ဆုတ္ဖို႔ လံုး၀ မရွိပါဘူး။ၿပီးဆံုးေအာင္ ဆက္လုပ္မွာရွင့္ ကၽြန္မတို႔ရဲ႕ ရည္ရြယ္ထားတဲ့ ပန္းတိုင္အတိုင္းပဲေရာက္ေအာင္သြားမယ္။ လံုး၀ ေနာက္မဆုတ္ဘူး”ဟု ၎ ကေျပာသည္။

ထို႔ျပင္ ၎ အမႈအား စတင္ စစ္ေဆးသည့္ ဒုတိယ အႀကိမ္ေျမာက္ရံုးခ်ိန္း စ စစ္သည့္ ေန႔ တြင္ ကား တစ္စီးမွ ေနာက္ေယာင္ခံလိုက္ေၾကာင္း ၊ထို႔ အတူ ၃ ရက္ေျမာက္ေန႔တြင္လည္း ဆိုင္ကယ္ ၂ စီးမွ ၎ ၏ ကားကို ညွပ္ကာ လိုက္လာခဲ့ေၾကာင္း၊ အျခားဖိအားမ်ားလည္းေပးလာေၾကာင္း ေဒၚစုဒါလီေအာင္ကေျပာသည္။

“ဒီအမႈကို စလက္ခံၿပီး ဒုတိယ တခ်ိန္းမွာ ကၽြန္မ စစစ္တယ္ရွင့္ ။ စစစ္တဲ့ အခ်ိန္မွာ ကၽြ္န္မ ကားေနာက္ကို ကားေနာက္ေယာင္ခံ လိုက္တဲ့ ကားတစ္စီးရွိတယ္ရွင့္။ ေနာက္ ၃ ရက္ေလာက္ေနမွာ ဆိုင္ကယ္ ၂ စီးလိုက္တယ္ ဟိုဘက္ဒီဘက္ညွပ္ၿပီး လိုက္တယ္ရွင့္ ။ ေနာက္ တျခား ဖိအားေတြလည္းရွိတယ္။အဲ့လိုမ်ိဳးေတြရွိေတာ့ ကၽြန္မရဲ႕ ကားကို ကၽြန္မက အခု ဆိုရင္ ကင္မရာ တပ္ထားရတယ္ရွင့္ ။ ဒါကေတာ့ ဥပေဒ ျပင္ပကေန ကၽြန္မကို အဲ့လိုမ်ိဳးေေတြရွိတယ္။ ဒါ ဥပေဒ အတိုင္း ဥပေဒ ေဘာင္ထဲက ေန တရားစြဲခံထားရတယ္။ ဒီအမႈကို ဥပေဒနဲ႔ အညီ အေကာင္းဆံုး ရင္ဆိုင္သြားမယ္”ဟု ၎ ကေျပာသည္။

BBC သတင္းဌာန သို႔ စက္တင္ဘာလ ၁၄ ရက္ေန႔က အင္တာဗ်ဴးေျဖဆိုခဲ့မႈမ်ားသည္ တရားခြင္တြင္ ဗစ္တိုးရီးယားေလး၏ ဖခင္ေျပာၾကားခ်က္မ်ားအတိုင္း သာ ျပန္လည္ေျဖဆိုခဲ့ေၾကာင္း လက္ရွိတြင္လည္း သက္ေသခံ အေထာက္အထားပစၥည္းမ်ားကို ရဲစခနးတြင္ အပ္ထားေၾကာင္း ေဒၚစုဒါလီေအာင္ကေျပာသည္။

“ကၽြန္မ ကေန ပိုေျပာတဲ့ စကားတစ္ခြန္းမွ မရွိဘူးရွင့္။ ဒါကို တရားစြဲခံရတာပါ။ ကၽြန္မကေတာ့ ဥပေဒ သမားဆိုေတာ့ ဥပေဒ အတိုင္းပဲ ဥပေဒ မဲ့ေတာ့ မလုပ္ဘူး။ ဥပေဒနဲ႔ အညီ ပဲ ဆက္ၿပီးး လုပ္ကိုင္သြားမယ္”ဟု ၎ ကေျပာသည္။

ထိုသို႔ အမႈဖြင့္ရျခင္းႏွင့္ ပတ္သက္၍ Wisdom Hill ေက်ာင္းမွ ေက်င္းႀကီးၾကပ္မွဴးျဖစ္သူ ေဒၚဥမၼာလႈိင္မွ သားမ်ားအတြက္ အမွန္တရားကို တကန္႔ခ်င္းစီ ခ်ျပသြားမည္ဟု သတင္းမီဒီယာမ်ားကို ေျပာၾကားခဲ့သည္။

ဗစ္တိုးရီးယားအမႈသည္ လက္ရွိတြင္ ၇ ႀကိမ္ေျမာက္ ရံုးခ်ိန္းၿပီးစီးခဲ့ၿပိး ကေလးငယ္ေလး၏ ဖခင္၊မိခင္၊အဘြား၊ ဗစ္တိုးရီးယားေလး(ကိုယ္တိုင္)ႏွင့္ ရပ္ကြက္လူႀကီး ၂ ဦး ကို နွစ္ဖက္ေရွ႕ေနမ်ားမွ အျပန္အလွန္စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေၾကာင္း သိရသည္။

အောင်ကြီး ရှေ့နေကို အမှုဖွင့်ပြီ

စက်တင်ဘာ ၂၅
ယဉ်ကေနွယ်

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု ယူဆထားသည့် ယာဉ်မောင်အောင်ကြီး ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ပုဒ်မ ၂ ခု ဖြင့် ပုပ္ဗသီရိမြို့နယ်ရှိ ပတ္တာရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

ဖွင့်ထားသော အမှု ပုဒ်မ ၂ ခု သည် နိုင်လွတ်လုံ ဥပဒေ ပုဒ်မနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ နှင့် ၁၀၃ တို့ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကပြောသည်။

“ဒေါ်ဥမ္မာလှိုင်ကနေပြီးတော့ ကျွန်မကို ဗစ်တိုးရီးယား အမှုမှာ ၁၄ ရက်နေ့က အမှုစစ်ပြီးတော့ တရားရုံးရှေ့မှာ BBC က အင်တာဗျူးတဲ့ ကိစ္စမှာ ကျွန်မက အမှု ဒီ တရားခွင်မှာစစ်ဆေးပေါ်ပေါက်ချက်တွေကို အင်တာဗျူး မှာ ဖြေဆိုတဲ့ အတွက် ကျွန်မ ကို ရဲစခန်းမှာ အမှု ၂ မှုဖွင့် တယ်ရှင့် ။ တစ်မှု ကကျတော့ နိုင်လွတ်လုံပေါ့။ အဲ့ဒါနဲ့ (ပ) နံပါတ် တစ်ခု ဖွင့်တယ်။ တမှုက ဒီကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ နဲ့ တစ်မှုဖွင့်တယ်ရှင့် နိုင်လွတ်လုံက မမြောက်ဘူးဆိုပြီး ပယ်လိုက်တယ်။ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၃ ကလေးသူငယ်အခွင့်အရေးမှာတော့ ပုဒ်မ ၁၀၃ ရယ် ပုဒ်မ ၁၀၁ ရယ် ဖွင့်တယ်ရှင့်”ဟု ဒေါ်စုဒါလီအောင်ကပြောသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၃ သည် အမြင့်ဆုံးထောင်ဒဏ် ၅ နှစ် အထိ ချမှတ်နိုင်ပြီး ဥပဒေ ပုဒ်မ ၁၀၁ သည် ထောင်ဒဏ် တစ်နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မများ ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာတော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ဖြင့်သာ ပြန်ကျလာကြောင်း ရဲမှ အကြောင်းကြားလာသည်ဟု ဒေါ်စုဒါလီအောင်ကပြောသည်။

ထိုသို့ အမှုဖွင့်ခံရခြင်းသည် ဗစ်တိုးရီးယားလေး၏ အမှုနှင့် ပတ်သက်၍ လိုက်ပါဆောင်ရွက်နေစဉ်အတွင်း ဖြစ်ပေါ်လာခဲ့သည့် အတွက် ဗစ်တိုးရီးယားအမှုကို တော့ နောက်ဆုတ်သွားမည်ဖြစ် မဟုတ်ကြောင်း ဒေါ်စုဒါလီအောင်ကပြောသည်။

“တရားရုံးမှာပါ။ဗစ်တိုးရီးယားအမှုကို လိုက်ရင်း နဲ့ ကျွန်မက ဒီပြသနာပေါ်လာတာလေ။ ဒါပေမဲ့ ဗစ်တိုးရီယာအမှုနဲ့ ပတ်သက်ပြီး ကျွန်မ နောက်ဆုတ်ဖို့ လုံး၀ မရှိပါဘူး။ပြီးဆုံးအောင် ဆက်လုပ်မှာရှင့် ကျွန်မတို့ရဲ့ ရည်ရွယ်ထားတဲ့ ပန်းတိုင်အတိုင်းပဲရောက်အောင်သွားမယ်။ လုံး၀ နောက်မဆုတ်ဘူး”ဟု ၎င်း ကပြောသည်။

ထို့ပြင် ၎င်း အမှုအား စတင် စစ်ဆေးသည့် ဒုတိယ အကြိမ်မြောက်ရုံးချိန်း စ စစ်သည့် နေ့ တွင် ကား တစ်စီးမှ နောက်ယောင်ခံလိုက်ကြောင်း ၊ထို့ အတူ ၃ ရက်မြောက်နေ့တွင်လည်း ဆိုင်ကယ် ၂ စီးမှ ၎င်း ၏ ကားကို ညှပ်ကာ လိုက်လာခဲ့ကြောင်း၊ အခြားဖိအားများလည်းပေးလာကြောင်း ဒေါ်စုဒါလီအောင်ကပြောသည်။

“ဒီအမှုကို စလက်ခံပြီး ဒုတိယ တချိန်းမှာ ကျွန်မ စစစ်တယ်ရှင့် ။ စစစ်တဲ့ အချိန်မှာ ကျွ်န်မ ကားနောက်ကို ကားနောက်ယောင်ခံ လိုက်တဲ့ ကားတစ်စီးရှိတယ်ရှင့်။ နောက် ၃ ရက်လောက်နေမှာ ဆိုင်ကယ် ၂ စီးလိုက်တယ် ဟိုဘက်ဒီဘက်ညှပ်ပြီး လိုက်တယ်ရှင့် ။ နောက် တခြား ဖိအားတွေလည်းရှိတယ်။အဲ့လိုမျိုးတွေရှိတော့ ကျွန်မရဲ့ ကားကို ကျွန်မက အခု ဆိုရင် ကင်မရာ တပ်ထားရတယ်ရှင့် ။ ဒါကတော့ ဥပဒေ ပြင်ပကနေ ကျွန်မကို အဲ့လိုမျိုးေတွေရှိတယ်။ ဒါ ဥပဒေ အတိုင်း ဥပဒေ ဘောင်ထဲက နေ တရားစွဲခံထားရတယ်။ ဒီအမှုကို ဥပဒေနဲ့ အညီ အကောင်းဆုံး ရင်ဆိုင်သွားမယ်”ဟု ၎င်း ကပြောသည်။

BBC သတင်းဌာန သို့ စက်တင်ဘာလ ၁၄ ရက်နေ့က အင်တာဗျူးဖြေဆိုခဲ့မှုများသည် တရားခွင်တွင် ဗစ်တိုးရီးယားလေး၏ ဖခင်ပြောကြားချက်များအတိုင်း သာ ပြန်လည်ဖြေဆိုခဲ့ကြောင်း လက်ရှိတွင်လည်း သက်သေခံ အထောက်အထားပစ္စည်းများကို ရဲစခနးတွင် အပ်ထားကြောင်း ဒေါ်စုဒါလီအောင်ကပြောသည်။

“ကျွန်မ ကနေ ပိုပြောတဲ့ စကားတစ်ခွန်းမှ မရှိဘူးရှင့်။ ဒါကို တရားစွဲခံရတာပါ။ ကျွန်မကတော့ ဥပဒေ သမားဆိုတော့ ဥပဒေ အတိုင်းပဲ ဥပဒေ မဲ့တော့ မလုပ်ဘူး။ ဥပဒေနဲ့ အညီ ပဲ ဆက်ပြီးး လုပ်ကိုင်သွားမယ်”ဟု ၎င်း ကပြောသည်။

ထိုသို့ အမှုဖွင့်ရခြင်းနှင့် ပတ်သက်၍ Wisdom Hill ကျောင်းမှ ကျေင်းကြီးကြပ်မှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ သားများအတွက် အမှန်တရားကို တကန့်ချင်းစီ ချပြသွားမည်ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ဗစ်တိုးရီးယားအမှုသည် လက်ရှိတွင် ၇ ကြိမ်မြောက် ရုံးချိန်းပြီးစီးခဲ့ပြိး ကလေးငယ်လေး၏ ဖခင်၊မိခင်၊အဘွား၊ ဗစ်တိုးရီးယားလေး(ကိုယ်တိုင်)နှင့် ရပ်ကွက်လူကြီး ၂ ဦး ကို နှစ်ဖက်ရှေ့နေများမှ အပြန်အလှန်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးကြောင်း သိရသည်။

Leave a Reply