ေျခဥျပင္ဆင္ေရးပူးေပါင္းေကာ္မတီ မွ ႏုတ္ထြက္ခြင့္ ေတာင္းထားသည့္ အဖြဲ႕၀င္ ၃ဦးကိုႏုတ္ထြက္ ခြင့္ျပဳ

0
86

စက္တင္ဘာ ၂၆
ယဥ္ေကႏြယ္

ျပည္ေထာင္စုလႊတ္ေတာ္မွ အဖြဲ႕၀င္ ၄၅ဦး ျဖင့္ ဖြဲ႕စည္းေပးထားသည့္ ဖြဲ႕စည္းပံုျပင္ဆင္ေရးပူးေပါင္းေကာ္မတီ ထဲမွ ႏုတ္ထြက္ခြင့္ေတာင္းခံထားသည့္ အဖြဲ႕၀င္ ၃ဦးကို ျပည္ေထာင္စုလြွတ္ေတာ္နာယက မွ ယင္းတို႔၏ သေဘာဆနၵအေလ်ာက္ ႏႈတ္ထြက္ခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ရံုး၏ စက္တင္ဘာလ ၂၅ ရက္ေန႔၏ ထုတ္ျပန္ေၾကညာခ်က္အရ သိရသည္။

နွုတ္ထြက္ခြင့္ ေတာင္းခံထားသည့္ အဖြဲ႔ဝင္ ၃ ဦးသည္ ရခိုင္အမ်ိဳးသားပါတီမွ ကို္ယ္စားလွယ္ ၂ဦးနင္႔ မအူပင္မဲဆနၵနယ္မွကိုယ္စားလွယ္ ဦးစိန္၀င္း တို႔ျဖစ္သည္။

၎ တို႔ ၃ ဦးသည္ ေကာ္မတီ မွ ႏႈတ္ထြက္ရျခင္းသည္ သမိုင္းတရားခံ မျဖစ္ေစခ်င္သည့္ အတြက္ ႏႈတ္ထြက္ရျခင္းျဖစ္ေၾကာင္း ဦးစိန္ဝင္းက သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈအေပၚ ေျဖၾကားထားခဲ့ဖူးသည္။

ထို႔အတူ ရခိုင္အမ်ိဳးသားပါတီမွ လည္း ပါတီမွ ႏႈတ္ထြက္ခိုင္းသျဖင့္ ႏႈတ္ထြက္ရျခင္းျဖစ္ေၾကာင္း ေျပာဆိုဖူးသည္။

လက္႐ွိမွာေတာ့ ၄၅ ဦးေကာ္မတီသည္ အဖြဲ႔ဝင္ ၄၂ ဦးသာ ႐ွိၿပီး ေျခဥျပင္ဆင္ႏိုင္ေရးအတြက္ အစည္းအေဝးမ်ားလုပ္ေဆာင္ေနလ်ွက္႐ွိေၾကာင္းသိရသည္။

——————————————

(Unicode)

ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီ မှ နုတ်ထွက်ခွင့် တောင်းထားသည့် အဖွဲ့ဝင် ၃ဦးကိုနုတ်ထွက် ခွင့်ပြု

စက်တင်ဘာ ၂၆
ယဉ်ကေနွယ်

ပြည်ထောင်စုလွှတ်တော်မှ အဖွဲ့ဝင် ၄၅ဦး ဖြင့် ဖွဲ့စည်းပေးထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ထဲမှ နုတ်ထွက်ခွင့်တောင်းခံထားသည့် အဖွဲ့ဝင် ၃ဦးကို ပြည်ထောင်စုလွှတ်တော်နာယက မှ ယင်းတို့၏ သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး၏ စက်တင်ဘာလ ၂၅ ရက်နေ့၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

နှုတ်ထွက်ခွင့် တောင်းခံထားသည့် အဖွဲ့ဝင် ၃ ဦးသည် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၂ဦးနင့် မအူပင်မဲဆန္ဒနယ်မှကိုယ်စားလှယ် ဦးစိန်ဝင်း တို့ဖြစ်သည်။

၎င်း တို့ ၃ ဦးသည် ကော်မတီ မှ နှုတ်ထွက်ရခြင်းသည် သမိုင်းတရားခံ မဖြစ်စေချင်သည့် အတွက် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း ဦးစိန်ဝင်းက သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားထားခဲ့ဖူးသည်။

ထို့အတူ ရခိုင်အမျိုးသားပါတီမှ လည်း ပါတီမှ နှုတ်ထွက်ခိုင်းသဖြင့် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း ပြောဆိုဖူးသည်။

လက်ရှိမှာတော့ ၄၅ ဦးကော်မတီသည် အဖွဲ့ဝင် ၄၂ ဦးသာ ရှိပြီး ခြေဥပြင်ဆင်နိုင်ရေးအတွက် အစည်းအဝေးများလုပ်ဆောင်နေလျှက်ရှိကြောင်းသိရသည်။

Leave a Reply