ရုပ်ရှင်လောကအဖွဲ့အစည်းများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၄၀၀ ကျော် လှူဒါန်း၊ မဲဆွယ်စည်းရုံးခြင်းမဟုတ် ဟု ပါတီဥက္ကဋ္ဌ ပြော

0
55

စက်တင်ဘာ ၂၃
ပဉ္စမလှိုင်း

ရုပ်ရှင်အနုပညာလောကသားများ ဖွဲ့စည်ထားတဲ့ အလွှာခုနှစ်ခုက သာရေးနာရေးအသင်းများအား အလှူငွေပေးအပ်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ကျပ်သိန်း ၄၀၀ ကျော် ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းသို့လှူဒါန်းခြင်းသည် မဲဆွယ်စည်းရုံးခြင်းမဟုတ်ကြောင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားခဲ့သည်။

“ကျွန်တော်ဒီကနေ့ အခုလိုလာရောက်တွေ့ဆုံမှု မိမိတက်နိုင်သလောက်ထောက်ပံ့မှုတွေ လုပ်မယ်လို့ စဉ်စားလိုက်တဲ့ အချိန်မှာ စိတ်ထဲမှာ ငါဒီအလုပ်ကို သွားလုပ်တဲ့အတွက် ငါတို့ကို လာပြီးတော့ မဲဆွယ်တယ်စည်းရုံးတယ်လို့ ဒီလိုများထင်မလားဆိုတဲ့ ခံစားချက်က အတော်ကြီးပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်နောက်ခံစာတန်းထိုးတဲ့အခါမှာလည်း ပြည်ခိုင်ဖြိုးပါတီလည်းမထည့်နဲ့ ပါတီတံဆိပ်လည်းမထည့်နဲ့ ရိုးရိုးသာမာန်လှူးဒါန်းပွဲ ဒါမှမဟုတ်စေတနာရှင်များလို့သာ ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့တယ်”ဟု ပြောဆိုခဲ့ပါသည်။

“ရုပ်ရှင်တစ်သက်တာဆုရှင် ဘဘဘိုကလေးတင့်အောင်၊ ရုပ်ရှင်တစ်သက်တာဆုရှင် ဒေါ်မြင့်မြင့်ခင်၊ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောတို့အဖွဲ့၊ ဇာတ်ပို့ဇာတ်ရန်အဖွဲ့၊ ဇာတ်ညွှန်းအလွှာအဖွဲ့၊ တည်းဖြတ်အလွှာအဖွဲ့၊ စက်မှုအလွှာအဖွဲ့တွေကို အလှူငွေပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်လောကသားတွေအတွက် များပြာတဲ့အလှူငွေမဟုက်ပေမယ့် တစ်ဖက်တစ်လှမ်းက ကူညီထောက်ပံ့ပေးခြင်းဖြစ်ပြီး ရုပ်ရှင်လောကသားတွေကို လေးစားတန်းဖိုးထားခြင်းတစ်ခုသာဖြစ်တယ်” လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးမှ ဆက်လက်ပြောကြားခဲ့သည်။

“ရုပ်ရှင်လောကသားတွေရဲ့အခက်အခဲဟာ ကျွန်တော်တို့နားလည်သလောက်တော့ ဗီဒီယိုခေတ် နည်းနည်းလေးဖြစ်သွားတယ်။အဲဒီအခါမှာသရုပ်ဆောင် အများအပြားအတွက် ခုနက ဝမ်းရေလုပ်ရကိုင်ရတာ အကြပ်အတည်းအချို့ရှိတယ်လို့ ဒီလိုဘဲနားလည်ပါတယ်။ခေတ်ကာလာတစ်ခုမှာ ရုပ်ရှင်ကားအရေးအတွက်ဟာလည်း တစ်နှစ်တစ်နှစ်ကို ထွက်တဲ့ကား အရေအတွက်ကန့်သက်မှုဖြစ်လာတဲ့အတွက် ဒီလောကကို မှီခိုနေတဲ့ အခုဒီထဲမှာ ကျွန်တော်တွေ့လိုက်တဲ့ အလွှာခုနှစ်ခုလောက်က လောကသားတွေအားလုံးအတွက် ဘဝရပ်တည်ရေးအတွက် မိမိတို့လိုအပ်သလောက် ဖွံ့ဖြိုးတိုးတက်နိုင်မှုမရှိဘူးလို့ ဒီလိုဘဲတွေ့မြင်ရပါတယ်” ပါတီဥက္ကဌ ဦးသန်းဌေးမှ ပြောကြားခဲ့ပါသည်။

ရုပ်ရှင်အလွှာအသီးသီးကတာဝန်ရှိသူများကလည်း အခုလို ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲ့တွေ့နေချိန်မှာ အသိအမှတ်ပြုလာရောက် လှူဒါန်းပေးခြင်း၊ အရောင်အသွေးမပါပဲ စေတနာသန့်သန့်နဲ့ လာရောက်လှူဒါန်းပေးခြင်းအား ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

Leave a Reply