အိမ်ကွင်းမှာ ဖလားတစ်လုံးလက်လွှတ်လိုက်ရတဲ့ ရီးရဲမက်ဒရစ်

0
159

ဇန်န၀ါရီ ၂၅ ၊ ၂၀၁၈

ရီးရဲမက်ဒရစ်အသင်းဟာ ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ကိုပါဒယ်ရေးဖလား ပွဲစဉ်မှာ လီဂါနက်အသင်းကို ၂-၁ ဖြင့် အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပြီဖြစ်ပါတယ်။

အိမ်ကွင်းဘာနေဗျူးကွင်းမှာ လီဂါနက်အသင်းရဲ့ အနိုင်ယူမှုကို ခံလိုက်ရတဲ့အတွက် ရီးရဲမက်ဒရစ်ပရိသတ်တွေဟာ ဒေါသထွက်နေကြပါတယ်။

ယခုပွဲစဉ်မှာ လီဂါနက်အသင်းက ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူပြီး ပြိုင်ပွဲကို ဦးဆောင်ကစားခဲ့ပါတယ်။ ပထမပိုင်း ၃၂ မိနစ်မှာ Javier Eraso က လီဂါနက်အတွက် ဦးဆောင်ဂိုး စတင်သွင်ယူပေးခဲ့ပြီး ပထမပိုင်းကို ၀-၁ ရလဒ်နဲ့ ဧည့်သည်လီဂါနက်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၄၇ မိနစ်မှာတော့ ဘန်ဇီးမားက ရီးရဲမက်ဒရစ်အတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၅၅ မိနစ်မှာတော့ လီဂါနက်အတွက် အနိုင်ဂိုးကို Gabriel က သွင်းယူ ခဲ့ပါတယ်။ဒါကြောင့် ပွဲအပြီးမှာ ဧည့်သည်အသင်းက ၁-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရီးရဲမက်ဒရစ်နဲ့ လီဂါနက်အသင်းတို့ဟာ ကိုပါဒယ်ရေးဖလား ပထမအကျော့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်က ၀-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ သို့သော် ရီးရဲမက်ဒရစ်အိမ်ကွင်းမှာ လီဂါနက်အသင်းက ၁-၂ နဲ့ ပြန်လည်အနိုင်ရရှိခဲ့တဲ့ အတွက် အဝေးဂိုး အားသာချက်ဖြင့် လီဂါနက် အသင်းက နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

NN

Leave a Reply