
0
10

စက်တင်ဘာ ၂၁
ကျော်သူမြင့်


ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ဦးတင်ထွဋ်ဦးက ပြောဆိုလိုက်ခြင်းဖြစ်သည်။



—————————————-

(Unicode)

အာဏာရှိစဉ်က တိုင်းပြည်နှင့်လူထုအကျိုးကို မဆောင်ရွက်ခဲ့ဘဲ အာဏာ လက်လွှတ်ရသည့်အချိန်တွင် ဒီမိုကရေစီဖော်ဆောင်ခဲ့သည့်ကျေးဇူးရှင်များအဖြစ် ပြုမူနေကြောင်း NLD ပါတီပြောဆို

စက်တင်ဘာ ၂၁
ကျော်သူမြင့်

အာဏာရှိစဉ်က တိုင်းပြည်နှင့်လူထုအကျိုးကို မဆောင်ရွက်ခဲ့ဘဲ အာဏာ လက်လွှတ်ရသည့်အချိန်တွင် ဒီမိုကရေစီဖော်ဆောင်ခဲ့သည့်ကျေးဇူးရှင်များအဖြစ် ပြုမူနေကြောင်း NLD ပါတီပြောဆိုလိုက်သည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ဦးတင်ထွတ်ဦးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

” အာဏာရှိနေစဉ်တုန်းက တိုင်းပြည်နဲ့လူမျိုးအကျိုးကို အလေးထားပြီး မဆောင်ရွက်ခဲ့ကျလို့ နောက်ဆုံး အာဏာလက်လွှတ်ရတဲ့အခါကျတော့ ဒီမိုကရေစီကိုစပြီးတော့ ဖော်ဆောင်ပေးခဲ့တဲ့ ကျေးဇူးရှင်ကြီးတွေဖြစ်သလိုလို တိုင်းပြည်ကို ကယ်တင်နိုင်သားနဲ့ ဒီနေ့ဒီအခါမှာ မှတပါးအခြားမရှိအဖွဲ့အစည်းတွေဖြစ်သလိုလိုနဲ့ စီးပွားရေးမှာဆို အာဏာရှိတဲ့သူတွေနဲ့စီးပွားရေးပူးပေါင်းပြီးတော့ တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးစီးပွားကိုဦးစားပေးလုပ်ခဲ့ပြီးတော့ စည်းကျော်ဘောင်ကျော်နဲ့ ထင်တိုင်းကျဲလုပ်ခဲ့တယ်။ ဒီနေ့ဒီအချိန်အခါမှာ စည်းကမ်းစနစ်တကျ မူဝါဒနဲ့ လုပ်ရမယ်ဆိုတော့မှ စီးပွားရေးကျပ်တည်းနေသလိုလို စီးပွားပျက်သလိုလို ငိုငြီးပြနေတဲ့ ယုံတမ်းစကားတွေက ပြည်သူလူထုအတွက်တော့ ရီစရာဖြစ်နေပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

NLD ပါတီ ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၁မှ ၂၂ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

Leave a Reply