ရန္ကုန္တိုင္းအတြင္း နိုင္ငံတကာျပပြဲႀကီးမ်ား ပိုမို က်ယ္ျပန္႔လာေစရန္ ေဆာင္႐ြက္မည္ဟု ဝန္ႀကီးခ်ဳပ္ဆို

0
48

စက္တင္ဘာ ၂၁
ေဝေဝၿဖိဳး

ရန္ကုန္တိုင္းေဒသႀကီးအတြင္း နိုင္ငံတကာျပပြဲႀကီးမ်ား ပို၍ က်ယ္က်ယ္ျပန္႔ျပန္ ျဖစ္လာေစရန္နွင့္ နိုင္ငံတကာရွိ ေရာင္းသူ၊ ဝယ္သူမ်ား ျမန္မာနိုင္ငံသို႔ လာေရာက္၍ ေရာင္းဝယ္နိုင္သည့္ ေစ်းကြက္တစ္ခုအျဖစ္ ႀကိဳးပမ္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကေျပာသည္။

ယခုလ ၂၀ ရက္က သာေကတၿမိဳ႕နယ္၊ Fortune Plaza ရွိ Myanmar Expo Hall တြင္ က်င္းပျပဳလုပ္သည့္ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) ၏ ႏွစ္(၁၀၀)ျပည့္ အထိမ္းအမွတ္ ကုန္စည္ျပပြဲတြင္ ၎ကေျပာၾကား ခဲ့ျခင္းျဖစ္သည္။

“နိုင္ငံတကာ အသီးသီးကေန ရန္ကုန္ၿမိဳ႕မွာ ႀကီးမားက်ယ္ျပန္႔တဲ့ ျပပြဲႀကီးေတြ ျဖစ္ဖို႔အတြက္ တိုင္းအစိုးရအဖြဲ႕က ကုန္သည္ႀကီးမ်ားအသင္းနဲ႔ ပူးေပါင္းၿပီး ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္သြားမွာပါ။ နိုင္ငံတကာ စီးပြားေရးျပကၡဒိန္မွာ ဘယ္အခ်ိန္မွာေတာ့ ရန္ကုန္ၿမိဳ႕မွာ ျပပြဲႀကီးေတြရွိတယ္၊ နိုင္ငံတကာ ေရာင္းသူေရာ ဝယ္သူေရာဟာ ဒီေစ်းကြက္မွာ လာေရာက္ယွဥ္ၿပိဳင္ ေရာင္းဝယ္နိုင္တဲ့ အေျခေနတစ္ခု ျဖစ္ေစဖို႔ ဆက္လက္ႀကိဳးပမ္းမွာပါ။ ဒီလိုႀကိဳးပမ္း ေဆာင္႐ြက္တဲ့ ေနရာမွာ ျပည္ေထာင္စုအစိုးရရဲ႕ အားေပးကူညီမႈ ၊ကုန္သည္ႀကီးမ်ားအသင္းရဲ႕ ႀကိဳးပမ္းေဆာင္႐ြက္မႈေတြနဲ႔ တိုင္းအစိုးရက ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားပါမယ္”ဟု ၎ကေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ပုဂၢလိက က႑ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရက ဘက္ေပါင္းစံုမွ ကူညီ အားေပးေဆာင္ရြက္ေနသည့္ အတြက္ ဖြံ႔ၿဖိဳးတိုးတက္မႈမ်ား အရိွန္အဟုန္ ရရွိလာသည္ဟုဆိုသည္။

ရန္ကုန္တို္င္းေဒသႀကီးတြင္ စက္မႈက႑ ဖံ႔ြၿဖိဳးတိုးတက္ေရး၊ စိုက္ပ်ိဳးေမြးျမဴေရး က႑ဖြံ႔ၿဖိဳးတိုးတက္ေရး က႑နယ္ပယ္မ်ားကို အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္ရြက္ေနသလို
တစ္ဖက္တြင္လည္း ေငြေရးေၾကးေရး က႑နယ္ပယ္
ပိုုမို ဖြံ႔ၿဖိဳးတိုးတက္ လာေစေရး နွင့္ ဝန္ေဆာင္မႈ ေကာင္းမ်ားကို ေဆာင္ရြက္ေပးႏိုင္ရန္ ႀကိဳးပမ္း ေဆာင္ရြက္ေနသည္ဟုဆိုသည္။

ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း SME က႑ ဖံြ႔ၿဖိဳးေရးကိုလည္း အထူးအားေပး ေဆာင္ရြက္လ်က္ရွိၿပီး SME ဖံြ႔ၿဖိဳးေရးသည္ ႏုိင္ငံ၏ စီးပြားေရး ေမာင္းႏွင္အား တစ္ခုကို တုိးတက္လာေစရန္အတြက္ ျဖစ္ေၾကာင္း၎ကဆိုသည္။

ယင္းျပပြဲ ျပဳလုပ္ေပးျခင္းျဖင့္ ျပည္တြင္းထုတ္ကုန္ ပစၥည္းမ်ား ျပည္ပေစ်းကြက္သို႔ ထုိးေဖာက္တင္ပို႔ ႏုိင္ေရးကို မိတ္ဆက္ေပးရုံသာမက အခြင့္အလမ္း ေကာင္းမ်ားစြာလည္း ရရွိလာႏုိင္ၿပီး ျပည္တြင္းျပည္ပ စီးပြားေရးလုပ္ငန္းရွင္ အခ်င္းခ်င္း စီးပြားေရးဆုိင္ရာ ေတြ႔ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္နုိင္မည္ျဖစ္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာသည္။

“ႏုိင္ငံ့စီးပြားဖြံ႔ျဖိဳးတိုးတက္ဖို႔နဲ႔ ရင္းနွီးျမွဳပ္နွံမႈနွင့္ ကုန္သြယ္မႈ တိုးတက္ဖြံ႔ျဖိဳးဖို႔ အသင္းခ်ဳပ္အေနနဲ႔ ဒီျပပြဲႀကီးကို စီစဥ္ရျခင္း ျဖစ္ပါတယ္။ နွစ္တစ္ရာမွာ ယခုတစ္ႀကိမ္ က်င္းပျပဳလုပ္ရတဲ့ ျပပြဲႀကီးျဖစ္တဲ့အတြက္ မ်ားစြာလည္းဂုဏ္ယူဝမ္းေျမာက္ပါတယ္။ ျပည္တြင္းပုဂၢလိကလုပ္ငန္းရွင္မ်ား အထူးသျဖင့္ အေသးစား၊ အလတ္စားစီပြားေရး လုပ္ငန္းမ်ားအေနျဖင့္ ႏုိင္ငံတကာ ထုတ္ကုန္ပစၥည္းမ်ားနဲ႔ နည္းပညာမ်ားကို ေလ့လာသိရွိၿပီး ယွဥ္ၿပဳိင္ႏုိင္စြမ္းျမင့္မားလာေအာင္ ၾကဳိးစားလာၾကမွာ ျဖစ္ပါတယ္။ MSME မ်ား တုိးတက္လာပါက အလုပ္အကုိင္ အခြင့္အလမ္းမ်ား ဖန္တီးေပးႏုိင္မွာျဖစ္ပါတယ္”ဟု ၎ကေျပာသည္။

အဆိုပါ ႏွစ္(၁၀၀)ျပည့္ အထိမ္းအမွတ္ ကုန္စည္ျပပြဲတြင္ ႏိုင္ငံတကာမွ ကုန္ပစၥည္းမ်ားႏွင့္ ျမန္မာႏိုင္ငံရွိ ျပည္နယ္ႏွင့္တိုင္းမ်ားမွ ေဒသထြက္ကုန္၊ ထုတ္ကုန္ပစၥည္းမ်ားျဖင့္ ျပခန္းေပါင္း (၂၃၅)ခန္းအား ခင္းက်င္းျပသသြားမည္ျဖစ္ၿပီး ယင္းျပပြဲကို ယခုလ၂၀ ရက္မွ ၂၂ ရက္အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။

ျပပဲြတြင္ ဂ်ာမနီ၊ နယ္သာလန္၊ ဂ်ပန္၊ ကုိရီးယား၊ တ႐ုတ္၊ ထုိင္း ၊ ဗီယမ္နမ္၊ တ႐ုတ္ (တုိင္ေပ)တုိ႔မွ ျပခန္းေပါင္း ၄၅ ခန္း ႏွင့္ ျပည္တြင္း လုပ္ငန္း႐ွင္မ်ားမွ ျပခန္းေပါင္း ၁၉၀ ပါဝင္ျပသခဲ့ၿပီး ေမာ္ေတာ္ယာဥ္မ်ား၊ စက္ပစၥည္းမ်ား၊ လ်ွပ္စစ္ပစၥည္းမ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ပစၥည္း၊ အိမ္တြင္းအလွဆင္ပစၥည္းမ်ား၊ အလွကုန္ပစၥည္းမ်ား၊ အဝတ္အထည္မ်ား၊ လက္ဝတ္ရတနာမ်ား၊ စားေသာက္ကုန္ပစၥည္းမ်ား၊ ယာဥ္အပုိပစၥည္းမ်ား၊ သယ္ယူပုိ႔ေဆာင္ေရး၊ သတင္းအခ်က္ႏွင့္ နည္းပညာက႑ အစ႐ွိသျဖင့္ ျပည္တြင္း၊ ျပည္ပမွ လုပ္ငန္း႐ွင္မ်ားက ပါဝင္ျပသခဲ့သည္။

ဖြင့္ပဲြအခမ္းအနားကို ႏုိင္ငံေတာ္ ဒုသမၼတ ၂ ဦးဟင္နရီဗန္ထီးယူ၊ စက္မႈဝန္ႀကီးဌာနႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးစုိးဝင္း၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဒုတိယ ဝန္ႀကီး ဦးေအာင္ထူး၊ ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ႏွင့္ အစုိးရအဖဲြ႔ဝင္မ်ား၊ ဌာနဆုိင္ရာ အရာ႐ွိမ်ား၊ ကုန္သည္စက္မႈ အသင္းခ်ဳပ္ ဥကၠဌ ဦးေဇာ္မင္းဝင္းႏွင့္ အလုပ္မႈေဆာင္အဖဲြ႔ဝင္မ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ႏုိင္ငံျခားသံ႐ုံးမ်ားမွ သံအမတ္မ်ား၊ စီးပြားေရးသံမွဴးမ်ား၊ ႏုိင္ငံတကာ အဖဲြ႔စည္းမ်ားမွ ဌာနကုိယ္စားလွယ္မ်ား၊ ျပည္တြင္း၊ ျပည္ပစီးပြားေရး အဖဲြ႔အစည္းမ်ားႏွင့္ လုပ္ငန္း႐ွင္မ်ား တက္ေရာက္ခဲ့ၾကသည္။

———————————————

(Unicode)

ရန်ကုန်တိုင်းအတွင်း နိုင်ငံတကာပြပွဲကြီးများ ပိုမို ကျယ်ပြန့်လာစေရန် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်ဆို

စက်တင်ဘာ ၂၁
ဝေဝေဖြိုး

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာပြပွဲကြီးများ ပို၍ ကျယ်ကျယ်ပြန့်ပြန် ဖြစ်လာစေရန်နှင့် နိုင်ငံတကာရှိ ရောင်းသူ၊ ဝယ်သူများ မြန်မာနိုင်ငံသို့ လာရောက်၍ ရောင်းဝယ်နိုင်သည့် ဈေးကွက်တစ်ခုအဖြစ် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ယခုလ ၂၀ ရက်က သာကေတမြို့နယ်၊ Fortune Plaza ရှိ Myanmar Expo Hall တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ကုန်စည်ပြပွဲတွင် ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာ အသီးသီးကနေ ရန်ကုန်မြို့မှာ ကြီးမားကျယ်ပြန့်တဲ့ ပြပွဲကြီးတွေ ဖြစ်ဖို့အတွက် တိုင်းအစိုးရအဖွဲ့က ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာပါ။ နိုင်ငံတကာ စီးပွားရေးပြက္ခဒိန်မှာ ဘယ်အချိန်မှာတော့ ရန်ကုန်မြို့မှာ ပြပွဲကြီးတွေရှိတယ်၊ နိုင်ငံတကာ ရောင်းသူရော ဝယ်သူရောဟာ ဒီဈေးကွက်မှာ လာရောက်ယှဉ်ပြိုင် ရောင်းဝယ်နိုင်တဲ့ အခြေနေတစ်ခု ဖြစ်စေဖို့ ဆက်လက်ကြိုးပမ်းမှာပါ။ ဒီလိုကြိုးပမ်း ဆောင်ရွက်တဲ့ နေရာမှာ ပြည်ထောင်စုအစိုးရရဲ့ အားပေးကူညီမှု ၊ကုန်သည်ကြီးများအသင်းရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ တိုင်းအစိုးရက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါမယ်”ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ ကူညီ အားပေးဆောင်ရွက်နေသည့် အတွက် ဖွံ့ဖြိုးတိုးတက်မှုများ အရှိန်အဟုန် ရရှိလာသည်ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုကဏ္ဍ ဖံ့ွဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍနယ်ပယ်များကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသလို
တစ်ဖက်တွင်လည်း ငွေရေးကြေးရေး ကဏ္ဍနယ်ပယ်
ပိုုမို ဖွံ့ဖြိုးတိုးတက် လာစေရေး နှင့် ဝန်ဆောင်မှု ကောင်းများကို ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေသည်ဟုဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း SME ကဏ္ဍ ဖွံ့ဖြိုးရေးကိုလည်း အထူးအားပေး ဆောင်ရွက်လျက်ရှိပြီး SME ဖွံ့ဖြိုးရေးသည် နိုင်ငံ၏ စီးပွားရေး မောင်းနှင်အား တစ်ခုကို တိုးတက်လာစေရန်အတွက် ဖြစ်ကြောင်း၎င်းကဆိုသည်။

ယင်းပြပွဲ ပြုလုပ်ပေးခြင်းဖြင့် ပြည်တွင်းထုတ်ကုန် ပစ္စည်းများ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့ နိုင်ရေးကို မိတ်ဆက်ပေးရုံသာမက အခွင့်အလမ်း ကောင်းများစွာလည်း ရရှိလာနိုင်ပြီး ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

“နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးတက်ဖွံ့ဖြိုးဖို့ အသင်းချုပ်အနေနဲ့ ဒီပြပွဲကြီးကို စီစဉ်ရခြင်း ဖြစ်ပါတယ်။ နှစ်တစ်ရာမှာ ယခုတစ်ကြိမ် ကျင်းပပြုလုပ်ရတဲ့ ပြပွဲကြီးဖြစ်တဲ့အတွက် များစွာလည်းဂုဏ်ယူဝမ်းမြောက်ပါတယ်။ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များ အထူးသဖြင့် အသေးစား၊ အလတ်စားစီပွားရေး လုပ်ငန်းများအနေဖြင့် နိုင်ငံတကာ ထုတ်ကုန်ပစ္စည်းများနဲ့ နည်းပညာများကို လေ့လာသိရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာအောင် ကြိုးစားလာကြမှာ ဖြစ်ပါတယ်။ MSME များ တိုးတက်လာပါက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ကုန်စည်ပြပွဲတွင် နိုင်ငံတကာမှ ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများမှ ဒေသထွက်ကုန်၊ ထုတ်ကုန်ပစ္စည်းများဖြင့် ပြခန်းပေါင်း (၂၃၅)ခန်းအား ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ယင်းပြပွဲကို ယခုလ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြပွဲတွင် ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်း ၊ ဗီယမ်နမ်၊ တရုတ် (တိုင်ပေ)တို့မှ ပြခန်းပေါင်း ၄၅ ခန်း နှင့် ပြည်တွင်း လုပ်ငန်းရှင်များမှ ပြခန်းပေါင်း ၁၉၀ ပါဝင်ပြသခဲ့ပြီး မော်တော်ယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်နှင့် နည်းပညာကဏ္ဍ အစရှိသဖြင့် ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များက ပါဝင်ပြသခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော် ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ၊ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အရာရှိများ၊ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းနှင့် အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်များ၊ စီးပွားရေးသံမှူးများ၊ နိုင်ငံတကာ အဖွဲ့စည်းများမှ ဌာနကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပစီးပွားရေး အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

Leave a Reply