ကုလသမဂၢအေထြေထြညီလာခံမွာ ဘဂၤါလီအဆို ၄ ခုတင္သြင္းဖို႔ ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္စီစဥ္

0
98

စက္တင္ဘာ ၂၆
ႏိုင္ငံတကာသတင္း

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)အၾကပ္အတည္းေၾကာင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကိုထိခိုက္ေနလို႔ ကုလသမဂၢအေထြေထြညီလာခံမွာ ၿငိမ္းခ်မ္းၿပီးေရ႐ွည္တည္တံ့တဲ့အေျဖေတြထုတ္ေပးႏိုင္မယ့္အဆို ၄ ခုတင္သြင္းဖို႔ ဘဂၤလားေဒ့႐ွ္ဝန္ႀကီးခ်ဳပ္႐ွိတ္ ဟာဆီနာက စီစဥ္ေနပါတယ္။

လက္႐ွိက်င္းပေနတဲ့ ၇၄ ႀကိမ္ေျမာက္ကုလသမဂၢအေထြေထြညီလာခံမွာ သူ႔ရဲ႕မိန္႔ခြန္းေျပာမယ့္ မနက္ျဖန္စက္တင္ဘာ ၂၇ ရက္မွာ အဆိုေတြတင္သြင္းသြားဖို႔႐ွိေနတာပါ။

အဆိုေတြက ျမန္မာႏိုင္ငံကို ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြ ျပန္ႏိုင္ဖိုနဲ႔မိသားစုေတြျပန္ေပါင္းစည္းဖို႔ ေရရာတဲ့လုပ္ေဆာင္မႈေတြေဖာ္ျပထားတဲ့ႏိုင္ငံေရးဆႏၵ႐ွိတယ္ဆိုတာ ျမန္မာဘက္ကေဖာ္ျပဖို႔၊ ခြဲျခားဆက္ဆံတဲ့ဥပေဒေတြ ဖ်က္သိမ္းၿပီး ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ကိုယ္စားလွယ္ေတြ ရခိုင္ေျမာက္ပိုင္းကိုသြားေရာက္ခြင့္ျပဳဖို႔၊ ရခိုင္ျပည္နယ္မွာ ႏိုင္ငံတကာအသိုက္အ၀န္းက အရပ္သားေစာင့္ၾကည့္ေရးအဖြဲ႔ေတြေနရာခ်ထားၿပီး ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြရဲ႕လံုျခံဳေရးနဲ႔ေဘးကင္းရမႈကို ျမန္မာႏိုင္ငံက အာမခံေပးဖို႔နဲ႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြကို က်ဴးလြန္ခဲ့တဲ့ရက္စက္တဲ့မႈခင္းေတြအတြက္ တာ၀န္ခံခိုင္းခ်ိန္မွာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ျပႆနာျဖစ္တဲ့ေနရာေတြရဲ႕ရင္းျမစ္ကို ႏိုင္ငံတကာက အေသအခ်ာေဖာ္ထုတ္ဖို႔တို႔ျဖစ္ပါတယ္။

အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအသင္း(အိုအိုင္စီ)ေ႐ွ႕ေဆာင္အေနနဲ႔ ႏိုင္ငံတကာတရားေရးဆိုင္ခံု႐ံုး(အိုင္စီေဂ်)ဆီ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)အေရးတင္ဖို႔ဟာလည္း ဦးတည္ရာေရာက္ဖို႔ ထင္႐ွားတဲ့ေျခလွမ္းျဖစ္တယ္လို႔ ကုလသမဂၢ႐ံုးခ်ဳပ္မွာ ကုလသမဂၢဆိုင္ရာဘဂၤလားေဒ့႐ွ္သံအဖြဲ႔နဲ႔ အိုအိုင္စီအတြင္းေရးမွဴး႐ံုးတို႔က ဦးေဆာင္ျပဳလုပ္တဲ့ ျမန္မာႏိုင္ငံမွ႐ိုဟင္ဂ်ာလူနည္းစု၏အေျခအေနအခမ္းအနားမွာ ဟာဆီနာကေျပာခဲ့တာပါ။

၇၂ ႀကိမ္ေျမာက္ကုလသမဂၢအေထြေထြညီလာခံတုန္းကလည္း ကိုဖီအာနန္ေကာ္မ႐ွင္ရဲ႕အၾကံျပဳခ်က္ေတြကို အျပည့္အ၀အေကာင္အထည္ေဖာ္ေရးအပါအ၀င္ အခ်က္ ၅ ခ်က္အဆိုျပဳခဲ့ပါတယ္။

အင္အားသံုးေမာင္းထုတ္ခံခဲ့ရတဲ့ျမန္မာႏိုင္ငံသား ၁၁ သိန္းကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံကလက္ခံထားရၿပီး “အစၥလာမ္ဘာသာရဲ႕အေျခခံျဖစ္တဲ့ လူသားခ်င္းစာနာတဲ့အေနနဲ႔ အဲဒီလူေတြအတြက္ နယ္စပ္ကိုဖြင့္ေပးခဲ့တယ္။”လို႔လည္း ဟာဆီနာကေျပာပါတယ္။

ဘဂၤါလီေတြအတြက္ အေျခခံအေဆာက္အဦေတြသာမက ေငြေၾကးအေထာက္အပံ့အေနနဲ႔လည္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံက အေမရိကန္ေဒၚလာသန္း ၁၂၀ အသံုးခ်ထားတယ္လို႔ ဟာဆီနာကေျပာပါတယ္။

Source-The Independent Bangladesh

#ဥကၠာ
#TheFifthWaveNews
Photo- The Independent Bangladesh

———————————————

(Unicode)

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဘင်္ဂါလီအဆို ၄ ခုတင်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်စီစဉ်

စက်တင်ဘာ ၂၆
နိုင်ငံတကာသတင်း

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)အကြပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထိခိုက်နေလို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ငြိမ်းချမ်းပြီးရေရှည်တည်တံ့တဲ့အဖြေတွေထုတ်ပေးနိုင်မယ့်အဆို ၄ ခုတင်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ် ဟာဆီနာက စီစဉ်နေပါတယ်။

လက်ရှိကျင်းပနေတဲ့ ၇၄ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ သူ့ရဲ့မိန့်ခွန်းပြောမယ့် မနက်ဖြန်စက်တင်ဘာ ၂၇ ရက်မှာ အဆိုတွေတင်သွင်းသွားဖို့ရှိနေတာပါ။

အဆိုတွေက မြန်မာနိုင်ငံကို ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေ ပြန်နိုင်ဖိုနဲ့မိသားစုတွေပြန်ပေါင်းစည်းဖို့ ရေရာတဲ့လုပ်ဆောင်မှုတွေဖော်ပြထားတဲ့နိုင်ငံရေးဆန္ဒရှိတယ်ဆိုတာ မြန်မာဘက်ကဖော်ပြဖို့၊ ခွဲခြားဆက်ဆံတဲ့ဥပဒေတွေ ဖျက်သိမ်းပြီး ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ကိုယ်စားလှယ်တွေ ရခိုင်မြောက်ပိုင်းကိုသွားရောက်ခွင့်ပြုဖို့၊ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအသိုက်အဝန်းက အရပ်သားစောင့်ကြည့်ရေးအဖွဲ့တွေနေရာချထားပြီး ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေရဲ့လုံခြုံရေးနဲ့ဘေးကင်းရမှုကို မြန်မာနိုင်ငံက အာမခံပေးဖို့နဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို ကျူးလွန်ခဲ့တဲ့ရက်စက်တဲ့မှုခင်းတွေအတွက် တာဝန်ခံခိုင်းချိန်မှာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ပြဿနာဖြစ်တဲ့နေရာတွေရဲ့ရင်းမြစ်ကို နိုင်ငံတကာက အသေအချာဖော်ထုတ်ဖို့တို့ဖြစ်ပါတယ်။

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအသင်း(အိုအိုင်စီ)ရှေ့ဆောင်အနေနဲ့ နိုင်ငံတကာတရားရေးဆိုင်ခုံရုံး(အိုင်စီဂျေ)ဆီ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)အရေးတင်ဖို့ဟာလည်း ဦးတည်ရာရောက်ဖို့ ထင်ရှားတဲ့ခြေလှမ်းဖြစ်တယ်လို့ ကုလသမဂ္ဂရုံးချုပ်မှာ ကုလသမဂ္ဂဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအဖွဲ့နဲ့ အိုအိုင်စီအတွင်းရေးမှူးရုံးတို့က ဦးဆောင်ပြုလုပ်တဲ့ မြန်မာနိုင်ငံမှရိုဟင်ဂျာလူနည်းစု၏အခြေအနေအခမ်းအနားမှာ ဟာဆီနာကပြောခဲ့တာပါ။

၇၂ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတုန်းကလည်း ကိုဖီအာနန်ကော်မရှင်ရဲ့အကြံပြုချက်တွေကို အပြည့်အဝအကောင်အထည်ဖော်ရေးအပါအဝင် အချက် ၅ ချက်အဆိုပြုခဲ့ပါတယ်။

အင်အားသုံးမောင်းထုတ်ခံခဲ့ရတဲ့မြန်မာနိုင်ငံသား ၁၁ သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလက်ခံထားရပြီး “အစ္စလာမ်ဘာသာရဲ့အခြေခံဖြစ်တဲ့ လူသားချင်းစာနာတဲ့အနေနဲ့ အဲဒီလူတွေအတွက် နယ်စပ်ကိုဖွင့်ပေးခဲ့တယ်။”လို့လည်း ဟာဆီနာကပြောပါတယ်။

ဘင်္ဂါလီတွေအတွက် အခြေခံအဆောက်အဦတွေသာမက ငွေကြေးအထောက်အပံ့အနေနဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမေရိကန်ဒေါ်လာသန်း ၁၂၀ အသုံးချထားတယ်လို့ ဟာဆီနာကပြောပါတယ်။

Source-The Independent Bangladesh

#ဥက္ကာ
#TheFifthWaveNews
Photo- The Independent Bangladesh

Leave a Reply