အင်တာမီလန်သို့ အငှားထွက်ဆော့ဖို့ ပြင်နေသော ၀က်စ်ဟမ်းကစားသမား

0
127

ဇန်န၀ါရီ ၂၅ ၊ ၂၀၁၈

ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား ပီထရို အိုဘယန်ဟာ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းမှာ အငှားပြောင်းရွှေ့ ကစားဖို့ ပြင်ဆင်နေပါတယ်။

အင်တာမီလန်အသင်းဟာ လီဗာပူးလ်တောင်ပံကစားသမား စတာရစ်ခ်ျကို အငှားခေါ်ယူဖို့ ကြိုးစားနေပြီး အဆင်မပြေခဲ့ရင်တော့ ၀က်စ်ဟမ်း ကစားသမား အိုဘယန်ကို ဆက်လက်ခေါ်ယူဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာတော့ ၀က်စ်ဟမ်းနည်းပြ မိုရက်စ်ဟာ အသင်းရဲ့လူစာရင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့ ပြင်ဆင်နေပြီး အင်တာကစားသမား Joao Mario ကို အငှားခေါ်ယူလိုနေပါတယ်။ ဒါ့အပြင် အဆိုပါ ကစားသမားကို ရာသီအကုန်မှာ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ စိတ်ကူးနေပါတယ်။

ဒါကြောင့် အိုဘယန်ဟာ Joao Mario ကို ခေါ်ယူနိုင်ရေးအတွက် အလဲအထပ်သဘောနဲ့ အင်တာမီလန်ကို ရောက်ရှိနိုင်တယ်လို့ မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။

အိုဘယန်ဟာ ပြီးခဲ့တဲ့ နှစ်က စတင်ကာ ၀က်စ်ဟမ်းအသင်းနဲ့ စာချုပ်အသစ် ချုပ်ဆိုခဲ့ပြီး သူ့ရဲ့စာချုပ်ဟာ ၂၀၂၂ အထိ သက်တမ်းကျန်ရှိနေပါသေး တယ်။သူဟာ ဆမ်ဒိုးရီးယားရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အေစီမီလန်အသင်းကလည်း သူကို ခေါ်ဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ အဲဗာတန်နဲ့ စပိန်ကလပ် ဆီးဗီးလား တို့ကလည်း သူ့ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ချိတ်ဆက် ခဲ့ဖူးပါတယ်။

NN

Leave a Reply