ဗစ္တိုးရီးယားေလး၏ မိသားစုအပါအဝင္ အမႈလိုက္ပါေဆာင္ရြက္ေပးသည့္ ေ႐ွ႕ေနမ်ားတရားစြဲခံရ

0
94

စက္တင္ဘာ ၂၇
ယဥ္ေကႏြယ္

ဗစ္တိုးရီးယားေလး၏ မိသားစုအပါအဝင္ ယင္းအမႈအား လိုက္ပါေဆာင္ရြက္ေပးေနသည့္ ေ႐ွ႕ေနမ်ားႏွင့္ တရားခြင္တြင္ လာေရာက္ေလ့လာသူမ်ားကို Wisdom Hill ေက်ာင္း၏ႀကီးၾကပ္ေရးမႉးျဖစ္သူ ေဒၚဥမၼာလိႈင္ မွ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁ (က) ၂ ျဖင့္ ပတၱာ နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္းသိရသည္။

အမႈဖြင့္ခံထားရသူမ်ားတြင္ ကေလးငယ္ေလး၏ ဖခင္ ႏွင့္ ဖခင္ျဖစ္သူ ၏ အမ ႏွင့္ အကို အပါအဝင္ တရားလိုဘက္မွ တရားလႊတ္ေတာ္ေ႐ွ႕ေန ေဒၚရြက္ႏုေအာင္ တရားခံဘက္မွ တရားလႊတ္ေတာ္ေ႐ွ႕ေန ဦးခင္ေမာင္ေဇာ္ ႏွင့္ သကၠမိုးညိဳ (ခ) ေဒါက္တာဝင္းကိုကိုသိန္း တို႔ကို အမႈဖြင့္တာေၾကာင္းသိရသည္။

ထိုသို႔ အမႈဖြင့္ရျခင္းသည္ အမႈအား စစ္ေဆးေနစဥ္အတြင္း ကိုကိုညီညီ ဟူသည့္ ဓာတ္ပံုႏွင့္ စြပ္စြဲေျပာဆိုေနျခင္းကို အေျခခံ၍ အမႈဖြင့္ျခင္းျဖစ္ေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၅ ရက္ေန႔ကလည္း တရားလို၏ တရားလႊတ္ေတာ္ေ႐ွ႕ေန ေဒၚစုဒါလီေအာင္ကိုလည္း ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁(က)၂ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားရာ ေငြက်ပ္ သိန္း တစ္ရာႏွင့္ အာမခံ လူႏွစ္ဦးျဖင့္ လက္႐ွိတြင္ အာမခံရ႐ွိထားျခင္းျဖစ္သည္။

—————————————–

(Unicode)

ဗစ်တိုးရီးယားလေး၏ မိသားစုအပါအဝင် အမှုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေများတရားစွဲခံရ

စက်တင်ဘာ ၂၇
ယဉ်ကေနွယ်

ဗစ်တိုးရီးယားလေး၏ မိသားစုအပါအဝင် ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများနှင့် တရားခွင်တွင် လာရောက်လေ့လာသူများကို Wisdom Hill ကျောင်း၏ကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင် မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) ၂ ဖြင့် ပတ္တာ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။

အမှုဖွင့်ခံထားရသူများတွင် ကလေးငယ်လေး၏ ဖခင် နှင့် ဖခင်ဖြစ်သူ ၏ အမ နှင့် အကို အပါအဝင် တရားလိုဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် တရားခံဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် နှင့် သက္ကမိုးညို (ခ) ဒေါက်တာဝင်းကိုကိုသိန်း တို့ကို အမှုဖွင့်တာကြောင်းသိရသည်။

ထိုသို့ အမှုဖွင့်ရခြင်းသည် အမှုအား စစ်ဆေးနေစဉ်အတွင်း ကိုကိုညီညီ ဟူသည့် ဓာတ်ပုံနှင့် စွပ်စွဲပြောဆိုနေခြင်းကို အခြေခံ၍ အမှုဖွင့်ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း တရားလို၏ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကိုလည်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရာ ငွေကျပ် သိန်း တစ်ရာနှင့် အာမခံ လူနှစ်ဦးဖြင့် လက်ရှိတွင် အာမခံရရှိထားခြင်းဖြစ်သည်။

Leave a Reply