အိုဇေးနဲ့အတူတွဲကစားဖို့ စိတ်လှုပ်ရှားနေတဲ့ မစ်ခိတာရန်

0
152

ဇန်န၀ါရီ ၂၅ ၊ ၂၀၁၈

ဂန်နားတို့ရဲ့ ကစားသမားအသစ် ဖြစ်တဲ့ မစ်ခိတာရန်ဟာ အာဆင်နယ်ရဲ့ အကောင်းဆုံး ပံ့ပိုးသူအဖြစ် ရပ်တည်နေတဲ့ အိုဇေးနဲ့ အတူတူ တွဲကစားနိုင်ဖို့အရေးကို စိတ်လှုပ်ရှားနေတယ်လို့ ဆိုလိုက်ပါတယ်။

မစ်ခိတာရန်ဟာ အာဆင်နယ်အသင်းဆီကို ဆန်းချက်ဇ်ရဲ့ အပြောင်း အရွှေ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြအာဆင်ဝင်းဂါးအတွက်အကြိုက်တွေစေမယ့် ကွင်းလယ်လူတစ်ယောက်လည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ၃ – ၄- ၃ ကစားပုံနဲ့ ပြိုင်ပွဲအရပ်ရပ်ကို ယှဉ်ပြိုင်နေပြီး တိုက်စစ်မှူး ဆန်းချက်ဇ်ထွက်ခွာသွားတဲ့နောက်မှာ ကစားပုံကို ပြန်လည်ပြင်ဆင်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် အသင်းရဲ့ တိုက်စစ်အတွက် ဒေါ့မန်တိုက်စစ်မှူး အူဘာမီရန်ကို ဗုဒ္ဓဟူးနေ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

အာဆင်နယ်အသင်းရဲ့ ပြောင်းလဲလာဖွယ်ရှိနေတဲ့ ကစားကွက်ကြောင့် မစ်ခိတာရန်ဟာ အိုဇေးနဲ့အတူတူ တွဲဖက်ပြီး ကွင်းလယ်မှာ ပွဲထွက်ဖို့ ရှိနေပါတယ်။မစ်ခိတာရန်က သူ့အနေနဲ့ အကောင်းဆုံးပုံစံတွေနဲ့ အာဆင်နယ်အသင်းကို အကူအညီပေးသွားမှာ ဖြစ်ကြောင်း ၊ အာဆင်နယ်အသင်းမှာ ကစားသမား အနည်းငယ်သာ ရှိနေတဲ့အတွက် သူ့အတွက် ကစားခွင့်ပိုရလာနိုင်ကြောင်း မျှော်လင့်လျှက်ရှိနေပါတယ်။

ဒါ့အပြင် အိုဇေးကဲ့သို့ ကွင်းလယ်ဖန်တီးရှင်နဲ့ အတူတူ တွဲကစားရမယ့် အခွင့်အရေးဟာ ထူးခြားဆန်းကြယ်ကြောင်း ၊ အိုဇေးဟာ ဘောလုံးပွဲ တစ်ခုရဲ့ အခြေအနေကို အကောင်းဆုံး သုံးသပ်နိုင်ပြီး တိုက်စစ်အတွက် အကောင်းဆုံးဖန်တီးပေးပို့နိုင်မှုတွေ ပြုလုပ်နိုင်သူဖြစ်ကြောင်း မစ်ခိတာရန်က ဆက်ပြောပါတယ်။

အိုဇေးဟာ ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ဂိုးဖန်တီးပေးပို့နိုင်မှု ၆ ကြိမ်ပြုလုပ်ထားပါတယ်။ အဆိုပါ ဂျာမနီသားဟာ အာဆင်နယ်နဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုမှု မရှိသေးတဲ့အတွက် နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်ကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။

NN

Leave a Reply