စစ္ကိုင္းတံတား ေပၚမွ ဧရာဝတီျမစ္အတြင္း ခုန္ခ်သည့္ မယ္သီလရွင္ အသက္ရွင္လ်က္ကယ္ဆယ္ရမိ

0
74

စက္တင္ဘာလ – ၃၀

ႏိုင္လင္းဦး

စစ္ကုိင္းၿမဳိ႕ ႏွင့္ မႏၲေလးၿမိဳ႕ကို ဆက္သြယ္ထားသည့္ ဧရာဝတံတား (ရတနာပံု) ေပၚမွ စက္တင္ဘာလ ၃၀ ရက္ေန႔ ေန႔လည္ပိုင္းအခ်ိန္က ဧရာဝတီျမစ္အတြင္းခုန္ခ်သည့္ မယ္သီလရွင္အား အသက္ရွင္လွ်က္ကယ္ဆယ္ရရွိခဲ့ေၾကာင္း သိရသည္ ။

ဧရာဝတီျမစ္အတြင္းခုန္ခ်ခဲ့သည့္ မယ္သီလရွင္ မွာ စစ္ကိုင္းၿမိဳ႕ နိုင္ငံတကာ ဗုဒၶဘာသာ ပညာေရးစင္တာ (IBEC) မွ ျဖစ္ၿပီး စက္တင္ဘာလ ၂၉ ရက္ေန႔က ျဖစ္ပြားသည့္ ဧရာဝတီျမစ္အတြင္း ခုန္ခ်သူအား ရွာေဖြေနသည့္ ရွာေဖြေရးအဖြဲ႕က ကယ္ဆယ္ႏိုင္ခဲ့သည္ ။

“ခုန္ခ်တဲ့ မယ္သီလရွင္ကို အသက္ရွင္လွ်က္ပဲ ကယ္ဆယ္ႏိုင္ခဲ့တယ္။ ဘာလို႔ခုန္ခ်တာလဲေတာ့ မသိဘူး။ သူ႔ေက်ာင္းကို မျပန္ခ်င္ဘူးပဲ ေျပာေနတာ ။´´ ဟု အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ (စစ္ကုိင္း) မွ အတြင္းေရးမွဴး ကုိစုိးမင္းဦး က ေျပာသည္။

စက္တင္ဘာလ ၂၉ ရက္ေန႔က စစ္ကိုင္းတံတားေဟာင္း (အင္းဝတံတား – စစ္ကုိင္း) ေပၚမွ စစ္ကိုင္းၿမိဳ႕ မင္းလမ္းရပ္တြင္ေနထိုင္သည့္ အသက္ (၅၁) ႏွစ္အရြယ္ ဦးေအာင္ႏိုင္ရင္ ဆိုသူ ခုန္ခ်ခဲ့ၿပီး ရွာေဖြေရးမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္ ။

ၾသဂုတ္လ ၃ ရက္ေန႔ ညေနပိုင္းအခ်ိန္က စစ္ကုိင္းၿမဳိ႕နယ္၊ေက်ာက္ဆည္ကုန္းရြာေန ကိုျပည့္ဟိန္းထက္ အသက္ (၂၃) ႏွစ္ မွာလည္း ႏွလံုးသားေရးျပႆနာျဖင့္ ဧရာဝတီျမစ္ကူးတံတားျဖစ္သည့္ ဧရာဝတီတံတား( ရတနာပုံ ) ေပၚမွ ခုန္ခ်ေသဆံုးမႈျဖစ္ပြားခဲ့သည္ ။

ထို႔အျပင္ ၾသဂုတ္လ ၂၉ ရက္ေန႔ကလည္း မုိးကုတ္ၿမဳိ႕၊က်ပ္ျပင္ရပ္ေန အမ်ိဳးသမီးငယ္တစ္ဦးျဖစ္သည့္ မစႏၵီႏြယ္ႏြယ္ထြန္း သည္လည္း တံတားေပၚမွ ခုန္ခ်ေသဆံုးခဲ့သည္ ။

—————————————————

(Unicode)

စစ်ကိုင်းတံတား ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသည့် မယ်သီလရှင် အသက်ရှင်လျှက်ကယ်ဆယ်ရမိ

စက်တင်ဘာလ – ၃၀

နိုင်လင်းဦး

စစ်ကိုင်းမြို့ နှင့် မန္တလေးမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတံတား (ရတနာပုံ) ပေါ်မှ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လည်ပိုင်းအချိန်က ဧရာဝတီမြစ်အတွင်းခုန်ချသည့် မယ်သီလရှင်အား အသက်ရှင်လျှက်ကယ်ဆယ်ရရှိခဲ့ကြောင်း သိရသည် ။

ဧရာဝတီမြစ်အတွင်းခုန်ချခဲ့သည့် မယ်သီလရှင် မှာ စစ်ကိုင်းမြို့ နိုင်ငံတကာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) မှ ဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွားသည့် ဧရာဝတီမြစ်အတွင်း ခုန်ချသူအား ရှာဖွေနေသည့် ရှာဖွေရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့သည် ။

“ခုန်ချတဲ့ မယ်သီလရှင်ကို အသက်ရှင်လျှက်ပဲ ကယ်ဆယ်နိုင်ခဲ့တယ်။ ဘာလို့ခုန်ချတာလဲတော့ မသိဘူး။ သူ့ကျောင်းကို မပြန်ချင်ဘူးပဲ ပြောနေတာ ။´´ ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ အတွင်းရေးမှူး ကိုစိုးမင်းဦး က ပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကိုင်းတံတားဟောင်း (အင်းဝတံတား – စစ်ကိုင်း) ပေါ်မှ စစ်ကိုင်းမြို့ မင်းလမ်းရပ်တွင်နေထိုင်သည့် အသက် (၅၁) နှစ်အရွယ် ဦးအောင်နိုင်ရင် ဆိုသူ ခုန်ချခဲ့ပြီး ရှာဖွေရေးများလုပ်ဆောင်နေကြောင်း သိရသည် ။

သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းအချိန်က စစ်ကိုင်းမြို့နယ်၊ကျောက်ဆည်ကုန်းရွာနေ ကိုပြည့်ဟိန်းထက် အသက် (၂၃) နှစ် မှာလည်း နှလုံးသားရေးပြဿနာဖြင့် ဧရာဝတီမြစ်ကူးတံတားဖြစ်သည့် ဧရာဝတီတံတား( ရတနာပုံ ) ပေါ်မှ ခုန်ချသေဆုံးမှုဖြစ်ပွားခဲ့သည် ။

ထို့အပြင် သြဂုတ်လ ၂၉ ရက်နေ့ကလည်း မိုးကုတ်မြို့၊ကျပ်ပြင်ရပ်နေ အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မစန္ဒီနွယ်နွယ်ထွန်း သည်လည်း တံတားပေါ်မှ ခုန်ချသေဆုံးခဲ့သည် ။

Leave a Reply