မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ဆွေးနွေး

0
62

အောက်တိုဘာ ၁
ဝေဝေဖြိုး

မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အမေရိကန်နိုင်ငံ US-ASEAN Business Council နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်း၍ “Business Meeting with US-ASEAN Business Council Delegation” ကို စက်တင်ဘာလ ၃၀ ရက်က ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

“အဓိကကတော့ ရင်းနှီးမြှုုပ်နှံမှုကို တိုးမြှင့်ဖို့ပါ၊ အမေရိကန် ကုမ္ပဏီ အများအပြားလည်း ပါပါတယ်၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုရော၊ ပူးပေါင်းဆောင်ရွက်မှုများပါ တိုးမြှင့်လုပ်ဆောင် သွားကြမှာပါ”ဟု US-ASEAN Business Council မှ President & CEO ဖြစ်သူ Mr. Alexander C. Feldman ကပြောသည်။

မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင်သွားကြမည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများတိုးမြှင့်ရေး၊ အခြေခံ အဆောက်အဦဖွံ့ဖြိုး တိုးတက်ရေး၊ ပေါ်ထွက်လာသော ဈေးကွက်ကို ရင်ဘောင် တန်းနိုင်ရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး တို့ကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များမှ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် တယ်လီကွန်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ လက်ကားရောင်းချခြင်းနှင့် ဖြန့်ချိရေး လုပ်ငန်းများကို အလျင်အမြန် တိုးတက်စေချင်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

“လုပ်ငန်းအသစ်တွေ ဖော်ဆောင်ဖို့နဲ့ ရှိတဲ့လုပ်ငန်းတွေကို စွဲစွဲမြဲမြဲ ဆက်လက်လုပ်ကိုင်ဖို့ ရည်ရွယ်ပြီး လာကြတာ ဖြစ်ပါတယ်။ နာမည်ကြီး ကဏ္ဍတွေ အားလုံးပါတယ်။ Visa Card, Master Card တို့ကအစ ကဏ္ဍစုံပါတယ်။ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ထုတ်လုပ်တဲ့ လူတွေ ဖြစ်ပါတယ်။ ဒီလို လာရောက်ကြတဲ့အတွက် မြန်မာနိုင်ငံက ဝိုင်းကျဉ်ထားတဲ့ နိုင်ငံမဟုတ်ဘူးဆိုတာ ပေါ်လွင်တယ်။ တာဝန်သိတဲ့ တာဝန်ယူမှုရှိတဲ့ လူကြီးတွေ အကုန်လုံး လာကြတယ်။ စိတ်ဝင်စားမှုရှိတယ်။ မြန်မာနိုင်ငံက ရှေ့ကို အလားအလာ ကောင်းတယ်။ ချစ်သူလည်း ဝိုင်းဝိုင်းလည် လျက်ရှိတယ်။ ရွှေထီးဆောင်းတဲ့ ဘဝပြန်ရောက်မယ်ဆိုတာကို ဖော်ကျူးနေတာ ဖြစ်ပါတယ်။ “ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

အမေရိကန်နိုင်ငံရှိ ထိပ်သီးကုမ္ပဏီများအပါအဝင် ကုမ္ပဏီပေါင်း ၁၆ ခုခန့် လာရောက်ကြပြီး ကဏ္ဍအစုံ ၊ စီးပွားရေးလုပ်ငန်းအစုံ ပါဝင်ကာ Coca-Cola က အစ အာမခံကုမ္ပဏီများ ၊ ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ ၊ ရေနံကုမ္ပဏီများ စသည့် ကုမ္ပဏီကြီးများ လာရောက်ဆွေးနွေးကြခြင်း ဖြစ်သည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ် နည်းပညာရပ်ဆိုင်ရာများ၊ မော်တော်ကား လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဆိုင်ရာများတွင်လည်း ပိုမို ပါဝင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုသည် ဝင်ရောက်မှု နည်းနေ သေးသော်လည်း တဖြေးဖြေး အတော်အသင့် များလာပြီဟုဆိုသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံ အတွင်းသို့ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာရင်းများအရ အမေရိကန်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၂၀) ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်းဖြင့် အဆင့် (၁၃) နေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

———————————————

(Zawgyi)

ျမန္မာႏိုင္ငံတြင္ အေမရိကန္ ရင္းႏွီးျမႇုပ္ႏွံမႈမ်ား တိုးျမႇင့္လုပ္ေဆာင္နိုင္ေရး ေဆြးေႏြး

ေအာက္တိုဘာ ၁
ေဝေဝၿဖိဳး

ျမန္မာနိုင္ငံတြင္ အေမရိကန္ ရင္းႏွီးျမႇုပ္ႏွံမႈမ်ား တိုးျမႇင့္လုပ္ေဆာင္နိုင္ရန္ အေမရိကန္နိုင္ငံ US-ASEAN Business Council ႏွင့္ ကုန္သည္စက္မွုအသင္းခ်ဳပ္တို႔ ပူးေပါင္း၍ “Business Meeting with US-ASEAN Business Council Delegation” ကို စက္တင္ဘာလ ၃၀ ရက္က ကုန္သည္စက္မႈ အသင္းခ်ဳပ္တြင္ က်င္းပျပဳလုပ္ခဲ့သည္။

“အဓိကကေတာ့ ရင္းႏွီးျမႇုုပ္ႏွံမႈကို တိုးျမႇင့္ဖို့ပါ၊ အေမရိကန္ ကုမၸဏီ အမ်ားအျပားလည္း ပါပါတယ္၊ ႏွစ္နိုင္ငံအၾကား ကုန္သြယ္မႈေရာ၊ ပူးေပါင္းေဆာင္ရြက္မႈမ်ားပါ တိုးျမႇင့္လုပ္ေဆာင္ သြားၾကမွာပါ”ဟု US-ASEAN Business Council မွ President & CEO ျဖစ္သူ Mr. Alexander C. Feldman ကေျပာသည္။

ျမန္မာနိုင္ငံတြင္ အေမရိကန္ရင္းႏွီးျမႇုပ္ႏွံမွုမ်ားကို တိုးျမႇင့္လုပ္ေဆာင္သြားၾကမည္ျဖစ္ၿပီး ပူးေပါင္း ေဆာင္ရြက္မႈျမႇင့္တင္ေရး၊ အလုပ္အကိုင္ အခြင့္အလမ္းမ်ားတိုးျမႇင့္ေရး၊ အေျခခံ အေဆာက္အဦဖြံ႕ၿဖိဳး တိုးတက္ေရး၊ ေပၚထြက္လာေသာ ေဈးကြက္ကို ရင္ေဘာင္ တန္းနိုင္ေရး၊ စက္မႈဖြံ႕ၿဖိဳးတိုးတက္ေရး တို႔ကို အေမရိကန္စီးပြားေရးလုပ္ငန္းရွင္မ်ားမွ ေဆြးေႏြးခဲ့ၾကသည္။

ထို႔ျပင္ ျမန္မာနိုင္ငံတြင္ တယ္လီကြန္လုပ္ငန္း၊ အာမခံလုပ္ငန္း၊ လက္ကားေရာင္းခ်ျခင္းႏွင့္ ျဖန႔္ခ်ိေရး လုပ္ငန္းမ်ားကို အလ်င္အျမန္ တိုးတက္ေစခ်င္ေၾကာင္းလည္း ေဆြးေႏြးခဲ့ၾကသည္။

“လုပ္ငန္းအသစ္ေတြ ေဖာ္ေဆာင္ဖို႔နဲ႔ ရွိတဲ့လုပ္ငန္းေတြကို စြဲစြဲၿမဲၿမဲ ဆက္လက္လုပ္ကိုင္ဖို႔ ရည္ရြယ္ၿပီး လာၾကတာ ျဖစ္ပါတယ္။ နာမည္ႀကီး က႑ေတြ အားလံုးပါတယ္။ Visa Card, Master Card တို႔ကအစ က႑စံုပါတယ္။ ဘဏ္လုပ္ငန္း၊ အာမခံလုပ္ငန္း၊ ထုတ္လုပ္တဲ့ လူေတြ ျဖစ္ပါတယ္။ ဒီလို လာေရာက္ၾကတဲ့အတြက္ ျမန္မာႏိုင္ငံက ဝိုင္းက်ဥ္ထားတဲ့ ႏိုင္ငံမဟုတ္ဘူးဆိုတာ ေပၚလြင္တယ္။ တာဝန္သိတဲ့ တာဝန္ယူမႈရွိတဲ့ လူႀကီးေတြ အကုန္လံုး လာၾကတယ္။ စိတ္ဝင္စားမႈရွိတယ္။ ျမန္မာႏိုင္ငံက ေရွ႕ကို အလားအလာ ေကာင္းတယ္။ ခ်စ္သူလည္း ဝိုင္းဝိုင္းလည္ လ်က္ရွိတယ္။ ေရႊထီးေဆာင္းတဲ့ ဘဝျပန္ေရာက္မယ္ဆိုတာကို ေဖာ္က်ဴးေနတာ ျဖစ္ပါတယ္။ “ဟု ကုန္သည္စက္မႈအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာသည္။

အေမရိကန္နိုင္ငံရွိ ထိပ္သီးကုမၸဏီမ်ားအပါအဝင္ ကုမၸဏီေပါင္း ၁၆ ခုခန္႔ လာေရာက္ၾကၿပီး က႑အစံု ၊ စီးပြားေရးလုပ္ငန္းအစံု ပါဝင္ကာ Coca-Cola က အစ အာမခံကုမၸဏီမ်ား ၊ ပစၥည္းထုတ္လုပ္သည့္ ကုမၸဏီမ်ား ၊ ေရနံကုမၸဏီမ်ား စသည့္ ကုမၸဏီႀကီးမ်ား လာေရာက္ေဆြးေႏြးၾကျခင္း ျဖစ္သည္။

အေမရိကန္ စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ ဒစ္ဂ်စ္တယ္ နည္းပညာရပ္ဆိုင္ရာမ်ား၊ ေမာ္ေတာ္ကား လုပ္ငန္းမ်ား၊ အေသးစားႏွင့္ အလတ္စား လုပ္ငန္းဆိုင္ရာမ်ားတြင္လည္း ပိုမို ပါဝင္ေဆာင္ရြက္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

အေမရိကန္နိုင္ငံ၏ ကုန္သြယ္မႈ နွင့္ ရင္းနွီးျမွဳပ္ႏွံမႈသည္ ဝင္ေရာက္မႈ နည္းေန ေသးေသာ္လည္း တေျဖးေျဖး အေတာ္အသင့္ မ်ားလာၿပီဟုဆိုသည္။

၂၀၁၉ ခုႏွစ္ ဩဂုတ္လအထိ ျမန္မာႏိုင္ငံ အတြင္းသို႔ ရင္းႏွီးျမႇဳပ္ႏွံလ်က္ရွိသည့္ ႏိုင္ငံအလိုက္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ စာရင္းမ်ားအရ အေမရိကန္ႏိုင္ငံသည္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းေပါင္း (၂၀) ခု၊ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၄၃၂ ဒသမ ၇၉၆ သန္းျဖင့္ အဆင့္ (၁၃) ေနရာတြင္ ရပ္တည္လ်က္ရွိေၾကာင္း သိရသည္။

Leave a Reply