ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့်​ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆက်လက်တောင်းဆိုသွားမည်​ဟု UWSAထုတ်​ပြန်

0
120

ရန်​ကုန်​ ၊ဇန်​န၀ါရီ ၂၄ ၊ ၂၀၁၈

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့်​ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆက်လက်တောင်းဆိုသွားမည် ဖြစ်​​ကြောင်း “ဝ” ပြည်​​သွေးစည်းညီညွတ်​​ရေးပါတီ UWSA ကဗဟိုတိုးချဲ့အစည်းအ​ဝေးအပြီးတွင်​သတင်းထုတ်​ပြန်​လိုက်​သည်​။

UWSA၏ ဗဟိုတိုးချဲ့အစည်းအ​ဝေးကိုဇန်​န၀ါရီ ဒုတိယ
ပတ်​အတွင်းပြုလုပ်​ခဲ့ပြီး အစည်းအ​ဝေးပြီးဆုံးခဲ့သည့်​ ဇန်​န၀ါရီ၁၄ရက်​တွင်​ထုတ်​ပြန်​ခဲ့ခြင်းဖြစ်​သည်​။

အဆိုပါသတင်းထုတ်​ပြန်​ချက်​တွင်​ “ဝ” ပြည်​နယ်​သည်​ မြန်​မာနိုင်​ငံ၏တစ်​စိတ်​တစ်​​ဒေသဖြစ်​ပြီး မည်​သည့်​အ​ကြောင်းနှင့်​မှခွဲထွက်​မည်​မဟုတ်​​ကြောင်း ပြင်​ပရန်​ကျူး​ကျော်​လာပါက ကာကွယ်​သည့်​အ​နေဖြင့်​ပြတ်​ပြတ်​သားသားတိုက်​ခိုက်​သွားမည်​ဖြစ်​ပြီး ငြိမ်းချမ်း​ရေးအလံ​တော်​နှင့်​ လက်​နက်​တစ်​ဖက်​စီဆွဲ ကိုင်​သွားမည်​ဖြစ်​​ကြောင်း ပါရှိသည်​။

UWSAအ​နေဖြင့်​ ပြည်ထောင်စုအစိုးရနှင့်ချုပ်ဆိုခဲ့သောစာချုပ်များ ကို လိုက်နာ၊ ကျင့်သုံး ၊ကိုင်စွဲပြီး ပြည်ထောင်စု မပြိုကွဲရေး ၊ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး တို့ အတွက် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်​ပြီးပြည်ထောင်စု အစိုးရ နှင့်တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ နှင့်ပိုမိုပူးပေါင်းပြီး ယုံကြည်မှုခိုင်မာစွာ တည်ဆောက် သွားမည်ဖြစ်​​ကာအိမ်နီးချင်းနိုင်ငံ/ဒေသ များနှင့် ကောင်းမွန်သောဆက်ဆံရေး များထားရှိပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ရရှိရေး တည်ဆောက်သွားမည်​ဟုဖော်​ပြထားသည်​။

UWSAသည်​ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်လမ်းစဉ်ကို ကျင့်သုံးပြီး ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံမှုနည်းဖြင့် ဖြေရှင်းခြင်းကိုထောက်ခံ​ကြောင်းစစ်ရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများ ကို ဆန့်ကျင်သွားမည်ဖြစ်​ကာမူးယစ်​​ဆေးဝါးစိုက်​ပျိုး ထုတ်​လုပ်​ ​ရောင်းဝယ်​ သုံးစွဲခြင်းမရှိ​အောင်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း ထုတ်​ပြန်​ချက်​အရသိရသည်​။

UWSA ၏ဗဟိုတိုးချဲ့အစည်းအ​ဝေးတွင်​ ထိပ်​ပိုင်း​ ​ခေါင်း​ဆောင်​အချို့ အ​ပြောင်းအလဲရှိခဲ့ပြီး မျိုးဆက်​သစ်​အချို့ကို တာဝန်​ခွဲ​ဝေ​ပေးခဲ့သည်။ ယခုအစည်းအ​ဝေးတွင်​ ပါတီ​ပေါ်လစ်​ဗျူရို အမြဲတမ်း​ကော်​မတီဝင်​ ၉ဦး ၊ပါတီဗဟို​ပေါ်လစ်​ဗျူရို ​ကော်​မတီဝင်​ ၁၀ဦး ၊ ပါတီဗဟို​ကော်​မတီဝင်​ ၈ဦး ၊ အရံပါတီ ဗဟို​ကော်​မ တီဝင်​ ၂၁ ဦး တက်​​ရောက်​​ခဲ့​ကြောင်းသိရသည်​။

UWSAသည်​ တပ်​မ​တော်​အစိုးရလက်​ထက်​က ငြိမ်းချမ်း​ရေးရယူခဲ့သည့်​တိုင်းရင်းသားလက်​နက်​ကိုင်​ အဖွဲ့ဖြစ်​ပြီး သမ္မတဦးသိန်းစိန်​ အစိုးရသက်​တမ်းနှင့်​ လက်​ရှိNLDအစိုးရသက်​တမ်းတို့တွင်​ တစ်​နိုင်​ငံလုံးပစ်​ခတ်​တိုက်​ခိုက်​မှုရပ်​စဲ​ရေးသ​ဘောတူစာချုပ်​ NCAတွင်​လက်​မှတ်​​ရေးထိုးရခြင်းမရှိ​သေးသည့်​ ​မြောက်​ပိုင်းမဟာမိတ်​အဖွဲ့ FPNCC၏ ဦး​ဆောင်​အဖွဲ့ဖြစ်​သည်​။

ကိုဥာဏ်

Leave a Reply