ရာဇ၀တ္မႈမ်ား မ်ားျပားလာသည့္ အတြက္ ရဲတပ္ဖြဲ႔၏ အခန္းက႑ကို ျမင့္တင္ေဆာင္ရြက္ရန္ ဒုသမၼတ မွာၾကား

0
67

ရာဇဝတ်မှုများ များပြားလာသည့် အတွက် ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍကို မြင့်တင်ဆောင်ရွက်ရန် ဒုသမ္မတ မှာကြား

အောက်တိုဘာ ၁
ယဉ်ကေနွယ်

မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်တက်လာသည်နှင့် အမျှ ရာဇဝတ်မှုများသည်လည်း များပြားလာသည့် အတွက် ရဲတပ်ဖွဲ အခန်းကဏ္ဍ များကို မြင့်တင်ဆောင်ရွက် ဒုတိယ သမ္မတ ဦးမြင့်ဆွေ မှ မှာကြားပြောဆိုလိုက်သည်။

“လူငယ် လူရွယ်တွေ အကြားမှာ မူးယစ်ဆေးဝါး သုံးစွဲမှုနှှုန်း မြင့်တက်လာတာနဲ့ အမျှ စာရိတမဏ္ဍိုင် ယိမ်းယိုင်လာပြိး ရာဇဝတ်မှုတွေ များပြားလာတဲ့ ဆိုးကျိုး သံသရာ ဖြစ်နေတာကြောင့် ရဲ တပ်ဖွဲ့ဝင်၏ အခန်းကဏ္ဍ ကို မြင့်တင်ဆောင်ရွက်ပေးဖို့ လိုပါတယ်”ဟု ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ယနေ့ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ် တွင် ကျင်းပပြုလုပ်သည့် ၅၅ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွံ့နေ့ အခမ်းအနား မိန့့်ခွန်းပြောကြားရာတွင် ဒုတိယသမ္မတ မှ အထက်ပါအတိုင်း ထည့်သွင်းမှာကြားပြောဆိုခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး မှ ရရှိလာသည့် ငွေကြေးများကြောင့်လည်း လက်နက်ကိုင် တိုက်ခိုက်မှုများ အကြမန်းဖက် တိုက်ခိုက်မှုများ လည်း ဆက်စပ်ဖြစ်ပေါ်နေကြောင်း ဦးမြင့်ဆွေ ကထောက်ပြပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဟတ်တာ ၄၁၀၀၀ ရှိပြိး ထုတ်လုပ်မှုသည် မက်ထရစ်တန် ၅၅၀ ဖြစ်ရာ ၂၀၁၈ ခုနှစ်မှာတော့ ဟတ်ကာ ၃၇၃၀၀ သာ စိုက်ပျိုးခဲ့ပြိး ထုတ်လုပ်မှု မက်တရစ်တန် ၅၂၀ သာရှိခဲ့သည့် အတွက် ဘိန်းစိုက်ပျိုးမှု အနေဖြင့် ၉ ဒသမ ၁ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုသည် ၅ ဒသမ ၄၅ ရာခိုင်နှုန်းအထိ လျော့နည်းလာခဲ့ကြောင်း သိရသည်။

ထိုသို့ ကျဆင်းလာသော်လည်း ခေတ်မီ ဓာတု ပစ္စည်းများဖြင့် ပေါင်းစပ်ထားသည့် စိတ်ပြောင်းဆေးဝါး အသစ်များ ထုတ်လုပ်မှုတွင် အလွယ်တကူ ရွှေ့ပြောင်း ကာ လွယ်ကူစွာ ရရှိနိုင်မှုများကြောင့် သုံးစွဲမှုနှင့် ဝယ်လိုအားသည် မြင့်မားလာနေသည့် အတွက် မူးယစ်ဆေးဝါး ပြသနာသည်လည်း ကြိးမားကျယ်ပြန့်နေမှုကိုလည်းတွေ့ရကြောင်း ဦး မြင့်ဆွေကပြောသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုဖြစ်စဉ်များတွင် တရားမဝင် အလုပ်လုပ်ကိုင်နေရာမှ တဆင့် နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးမှုခံနေရသည်ကိုလည်းတွေ့နေရကြောင်း ဦးမြင့်ဆွေကပြောသည်။

ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထု များ မှ လေးစားယုံကြည်မှု ပိုမိုရရှိစေရန်အတွက် အဂတိတရား ကင်းရှင်းကြရမည့် အပြင် ချမှတ်ထားသည့် ရဲစည်းကမ်း ရဲကျင့်ဝတ်များကိုလည်း လိုက်နာစောင့်ထိန်းပြီး လူမှု အဖွဲ့အစည်းတစ်ရပ်လုံးကို ဥပဒေနှင့် အညြီ ကာကွယ်စောင့်ရှောက်ပေးရန်လည်း ဦးမြင့်ဆွေက တိုက်တွန်းပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့နှင့် ဆက်ဆံမှုနယ်ပယ်သည် ပိုမိုကျယ်ပြန့်လာသည့် အတွက်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံကို ခေတ်ကာလနှင့် အညီ အဆင့်မြှင့်တင်တိုးချဲ့ပေးထားကြောင်း သိရသည်။

လက်ရှိ မျက်မှောက်ခေတ်ကာလ အခြေအနေသည် နည်းပညာတိုးတက်မှုများ မြန်ဆန်နေသည့် အတွက်ကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အြခေအနေများသည်လည်း အချိန်နှင့် အမျှ တိုးတက်ပြောင်းလဲနေသည့် အတွက် အရည်အသွေးပြည့်ဝသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်လာရေးအတွက် စဉ်ဆက်မပြတ်လေ့ကျင့် ဖြည့်ဆည်းပေးရန် လည်း ဦးမြင့်ဆွေက မှာကြားပြောဆိုခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါး နှိမ်နှင်းရာတွင်ည အထူးစစ်ဆင်ရေး ၂၅ ခုကို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

————————————————–

(Zawgyi)

ရာဇ၀တ္မႈမ်ား မ်ားျပားလာသည့္ အတြက္ ရဲတပ္ဖြဲ႔၏ အခန္းက႑ကို ျမင့္တင္ေဆာင္ရြက္ရန္ ဒုသမၼတ မွာၾကား

ေအာက္တိုဘာ ၁
ယဥ္ေကႏြယ္

မူးယစ္ေဆး၀ါး သံုးစြဲမႈႏႈန္း ျမင့္တက္လာသည္နွင့္ အမွ် ရာဇ၀တ္မႈမ်ားသည္လည္း မ်ားျပားလာသည့္ အတြက္ ရဲတပ္ဖြဲ အခန္းက႑ မ်ားကို ျမင့္တင္ေဆာင္ရြက္ ဒုတိယ သမၼတ ဦးျမင့္ေဆြ မွ မွာၾကားေျပာဆိုလိုက္သည္။

“လူငယ္ လူရြယ္ေတြ အၾကားမွာ မူးယစ္ေဆး၀ါး သံုးစြဲမႈႏွႈန္း ျမင့္တက္လာတာနဲ႔ အမွ် စာရိတမ႑ိဳင္ ယိမ္းယိုင္လာၿပိး ရာဇ၀တ္မႈေတြ မ်ားျပားလာတဲ့ ဆိုးက်ိဳး သံသရာ ျဖစ္ေနတာေၾကာင့္ ရဲ တပ္ဖြဲ႔၀င္၏ အခန္းက႑ ကို ျမင့္တင္ေဆာင္ရြက္ေပးဖို႔ လိုပါတယ္”ဟု ဦးျမင့္ေဆြက ေျပာၾကားခဲ့သည္။

ယေန႔ ေနျပည္ေတာ္ရွိ သဂၤဟ ဟိုတယ္ တြင္ က်င္းပျပဳလုပ္သည့္ ၅၅ ႏွစ္ေျမာက္ ျမန္မာနိုင္ငံ ရဲတပ္ဖြံ႔ေန႔ အခမ္းအနား မိန္႔႕ခြန္းေျပာၾကားရာတြင္ ဒုတိယသမၼတ မွ အထက္ပါအတိုင္း ထည့္သြင္းမွာၾကားေျပာဆိုခဲ့ျခင္းျဖစ္သည္။

မူးယစ္ေဆး၀ါး မွ ရရွိလာသည့္ ေငြေၾကးမ်ားေၾကာင့္လည္း လက္နက္ကိုင္ တိုက္ခိုက္မႈမ်ား အၾကမန္းဖက္ တိုက္ခိုက္မႈမ်ား လည္း ဆက္စပ္ျဖစ္ေပၚေနေၾကာင္း ဦးျမင့္ေဆြ ကေထာက္ျပေျပာဆိုခဲ့သည္။

ျမန္မာနိိုင္ငံတြင္ ၂၀၁၇ ခုနွစ္ တြင္ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈသည္ ဟတ္တာ ၄၁၀၀၀ ရွိၿပိး ထုတ္လုပ္မႈသည္ မက္ထရစ္တန္ ၅၅၀ ျဖစ္ရာ ၂၀၁၈ ခုႏွစ္မွာေတာ့ ဟတ္ကာ ၃၇၃၀၀ သာ စိုက္ပ်ိဳးခဲ့ၿပိး ထုတ္လုပ္မႈ မက္တရစ္တန္ ၅၂၀ သာရွိခဲ့သည့္ အတြက္ ဘိန္းစိုက္ပ်ိဳးမႈ အေနျဖင့္ ၉ ဒသမ ၁ ရာခိုင္ႏႈန္း၊ ထုတ္လုပ္မႈသည္ ၅ ဒသမ ၄၅ ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းလာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ က်ဆင္းလာေသာ္လည္း ေခတ္မီ ဓာတု ပစၥည္းမ်ားျဖင့္ ေပါင္းစပ္ထားသည့္ စိတ္ေျပာင္းေဆး၀ါး အသစ္မ်ား ထုတ္လုပ္မႈတြင္ အလြယ္တကူ ေရႊ႕ေျပာင္း ကာ လြယ္ကူစြာ ရရွိနို္င္မႈမ်ားေၾကာင့္ သံုးစြဲမႈနွင့္ ၀ယ္လိုအားသည္ ျမင့္မားလာေနသည့္ အတြက္ မူးယစ္ေဆး၀ါး ျပသနာသည္လည္း ႀကိးမားက်ယ္ျပန္႕ေနမႈကိုလည္းေတြ႔ရေၾကာင္း ဦး ျမင့္ေဆြကေျပာသည္။

ထို႔ျပင္ နယ္စပ္ျဖတ္ေက်ာ္ လူကုန္ကူးမႈျဖစ္စဥ္မ်ားတြင္ တရားမ၀င္ အလုပ္လုပ္ကိုင္ေနရာမွ တဆင့္ နည္းလမ္းမ်ိဳးစံုျဖင့္ လူကုန္ကူးမႈခံေနရသည္ကိုလည္းေတြ႔ေနရေၾကာင္း ဦးျမင့္ေဆြကေျပာသည္။

ရဲတပ္ဖြဲ႔၀င္မ်ား အေနျဖင့္ ျပည္သူလူထု မ်ား မွ ေလးစားယံုၾကည္မႈ ပိုမိုရရွိေစရန္အတြက္ အဂတိတရား ကင္းရွင္းၾကရမည့္ အျပင္ ခ်မွတ္ထားသည့္ ရဲစည္းကမ္း ရဲက်င့္၀တ္မ်ားကိုလည္း လိုက္နာေစာင့္ထိန္းၿပီး လူမႈ အဖြဲ႔အစည္းတစ္ရပ္လံုးကို ဥပေဒႏွင့္ အညျီ ကာကြယ္ေစာင့္ေရွာက္ေပးရန္လည္း ဦးျမင့္ေဆြက တိုက္တြန္းေျပာၾကားခဲ့သည္။

အျပည္ျပည္ဆိုင္ရာရဲတပ္ဖြဲ႔၊ အာဆီယံရဲတပ္ဖြဲ႔ႏွင့္ ဆက္ဆံမႈနယ္ပယ္သည္ ပိုမိုက်ယ္ျပန္႔လာသည့္ အတြက္ေၾကာင့္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႔၏ ဖြဲ႔စည္းပံုကို ေခတ္ကာလႏွင့္ အညီ အဆင့္ျမွင့္တင္တိုးခ်ဲ႕ေပးထားေၾကာင္း သိရသည္။

လက္ရွိ မ်က္ေမွာက္ေခတ္ကာလ အေျခအေနသည္ နည္းပညာတိုးတက္မႈမ်ား ျမန္ဆန္ေနသည့္ အတြက္ေၾကာင့္ နိုင္ငံေရး၊ စီးပြားေရးႏွင့္ လူမႈေရး အျေခအေနမ်ားသည္လည္း အခ်ိန္နွင့္ အမွ် တိုးတက္ေျပာင္းလဲေနသည့္ အတြက္ အရည္အေသြးျပည့္၀သည့္ ရဲတပ္ဖြဲ႔၀င္မ်ားျဖစ္လာေရးအတြက္ စဥ္ဆက္မျပတ္ေလ့က်င့္ ျဖည့္ဆည္းေပးရန္ လည္း ဦးျမင့္ေဆြက မွာၾကားေျပာဆိုခဲ့သည္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႔သည္ မူးယစ္ေဆး၀ါး နွိမ္နွင္းရာတြင္ည အထူးစစ္ဆင္ေရး ၂၅ ခုကို တပ္မေတာ္နွင့္ ပူးေပါင္းေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

Leave a Reply