လူ႔အခြင့္အေရးကိုကာကြယ္ဖို႔လား၊ လူ႔အခြင့္အေရးအေၾကာင္းျပႏိုင္ငံေရးရည္ရြယ္ခ်က္လားလို႔ ကုလသမဂၢအဖြဲ႔၀င္ႏိုင္ငံေတြကို ျပည္ေထာင္စု၀န္ႀကီးေမးခြန္းထုတ္

0
67

စက္တင္ဘာ ၂၉
ဥကၠာ

ကုလသမဂၢအေထြေထြညီလာခံကိုတက္ေရာက္ေနတဲ့ႏိုင္ငံေတြဟာ လူ႔အခြင့္အေရးကို ကာကြယ္ဖို႔လား၊ ဒါမွမဟုတ္ လူ႔အခြင့္အေရးကိစၥေတြကို ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ အပိုင္စီးခ်င္တာလားလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုး၀န္ႀကီး ဦးေက်ာ္တင့္ေဆြက ေမးခြန္းထုတ္လိုက္ပါတယ္။

စက္တင္ဘာ ၂၈ ရက္မွာ ကုလသမဂၢညီလာခံမွာ မိန္႔ခြန္းေျပာစဥ္ ကုလသမဂၢရဲ႕အစီရင္ခံစာေတြမွာ အခ်က္အလက္အမွားေတြပါ၀င္ေနတယ္ဆိုတာေျပာေနတုန္း ထည့္သြင္းေမးျမန္းခဲ့တာပါ။

“မၾကာေသးခင္ကထုတ္ျပန္တဲ့အစီရင္ခံစာေတြမွာ ပံုပ်က္ပန္းပ်က္မတိက်တာေတြပါေနတယ္။ ၿပီးေတာ့ ကၽြမ္းက်င္သူေတြရဲ႕ရည္မွန္းခ်က္ကင္းမဲ့ေနတာေတြ႕ရပါတယ္။ ဒီညီလာခံရဲ႕လုပ္ေဆာင္မႈေတြေနာက္ကြယ္ကလႈံ႔ေဆာ္မႈေတြကို ခြဲျခားဖို႔ ကုလသမဂၢအဖြဲ႔၀င္ႏိုင္ငံေတြကို ကၽြန္ေတာ္တို႔ေတာင္းဆိုပါတယ္။ လူ႔အခြင့္အေရးကိုကာကြယ္ဖို႔ဆိုတဲ့စစ္မွန္တဲ့ဆႏၵလား၊ ဒါမွမဟုတ္ ႏိုင္ငံေရးရည္႐ြယ္ခ်က္ေတြအတြက္ လူ႔အခြင့္အေရးကိစၥေတြမွာ ေမာင္ပိုင္စီးခ်င္တာပါလား။”လို႔ ဦးေက်ာ္တင့္ေဆြက ေမးခြန္းထုတ္ပါတယ္။

စက္တင္ဘာ ၉ ရက္မွာ အျပည္ျပည္ဆိုင္ရာဥပေဒေတြေအာက္က ေလးနက္တဲ့ရာဇ၀တ္မႈအေထာက္အထားေတြကို ဆက္လုပ္ဖို႔နဲ႔ ရာဇ၀တ္မႈေတြနဲ႔ပတ္သက္ၿပီးတရားစီရင္ႏိုင္ဖို႔ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီကလုပ္ပိုင္ခြင့္ေပးထားတဲ့ ျမန္မာႏိုင္ငံအတြက္လြတ္လပ္ေသာစံုစမ္းစစ္ေဆးမႈယႏၲရား(IIMM)ကို ျမန္မာႏိုင္ငံကိုျပည္၀င္ခြင့္ပိတ္ခံထားရတဲ့ ကုလသမဂၢအခ်က္အလက္႐ွာေဖြေရးမစ္႐ွင္က လက္လႊဲေပးခဲ့ပါတယ္။

ကုလသမဂၢအခ်က္အလက္႐ွာေဖြေရးမစ္႐ွင္ရဲ႕ေနာက္ဆံုးအစီရင္ခံစာေတြက ဒီမိုကေရစီနည္းလမ္းနဲ႔ေ႐ြးေကာက္တင္ေႁမွာက္ထားတဲ့အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးကိုခ်စ္တဲ့ျမန္မာႏိုင္ငံသားေတြကို ရန္လိုစိတ္ေတြျဖစ္ေအာင္ လႈံ႕ေဆာ္ခဲ့လို႔ IIMMကိုလည္း ဆန္႔က်င္တယ္လို႔ ဦးေက်ာ္တင့္ေဆြကေျပာပါတယ္။

“ႏိုင္ငံတကာရာဇ၀တ္ခံု႐ံုး(အိုင္စီစီ)အပါအ၀င္ ျမန္မာႏိုင္ငံကို႐ံုးတင္စစ္ေဆးဖို႔လုပ္ေနတဲ့ IIMMကိုလည္း ဆန္႔က်င္ပါတယ္။”လို႔ ဦးေက်ာ္တင့္ေဆြက ေၾကညာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ေနထိုင္လို႔ျဖစ္ႏိုင္တဲ့ပတ္၀န္းက်င္ဖန္တီးဖို႔နဲ႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံနဲ႔ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ အျပည့္အ၀ေဘးကင္းၿပီးသိကၡာ႐ွိ႐ွိေနရပ္ျပန္ႏိုင္တယ္ဆိုတာ ဘဂၤါလီေတြကိုနားခ်ဖို႔ ျမန္မာႏိုင္ငံကိုတိုက္တြန္းေၾကာင္းဆံုးျဖတ္ခ်က္ကို ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီက စက္တင္ဘာ ၂၆ ရက္မွာလက္ခံအတည္ျပဳထားပါတယ္။

ႏိုင္ငံမဲ့ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)မ်ိဳးႏြယ္စုေတြ ႏုိင္ငံသားျဖစ္ခြင့္ကင္းမဲ့ေနတာအဆံုးသတ္သင့္ၿပီလို႔ ျမန္မာအစိုးရကိုတိုက္တြန္းတယ္ဆိုၿပီး ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာဒုတိယမဟာမင္းႀကီး ကိတ္ ေဂလ္ေမာက ဇူလိုင္လဆန္းပိုင္းမွာ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီကိုတင္ျပတဲ့ ေနာက္ဆံုးရအခ်က္အလက္ေတြမွာ ထည့္သြင္းေျပာဆိုပါတယ္။

ယခင္လူဦးေရကေတာ့ ၁၀၀၀၀၀၀ နီးပါး႐ွိေပမဲ့ ဒီေန႔မွာေတာ့ ရခိုင္ျပည္နယ္မွာ ဘဂၤါလီ ၂၄၀၀၀၀ ေလာက္ပဲက်န္႐ွိေနၿပီး သူတို႔ေတြဟာလည္း ရက္စက္တဲ့လုပ္ရပ္ေတြနဲ႔ေတြ႔ႀကံဳေနရတုန္းပဲလို႔ မစၥေဂလ္မိုးက ေျပာခဲ့ပါတယ္။
ေမလေနာက္ပိုင္းအစီရင္ခံစာေတြမွာလည္း က်န္ေနတဲ့အိမ္ေတြကို ျပာပံုျဖစ္တဲ့အထိမီး႐ွိဳ႕ခံခဲ့ရတယ္လို႔ စြပ္စြဲခ်က္ေတြလည္း႐ွိေနခ်ိန္မွာ အဲဒီျဖစ္ရပ္ေတြအတြက္ ျမန္မာအစိုးရက အေရးယူေဆာင္႐ြက္ခ်က္ေတြမ႐ွိဘူးလို႔လည္း ေဂမိုးကေျပာခဲ့ပါတယ္။

ႏိုင္ငံတကာတရားဥပေဒဆိုင္ရာအစီအစဥ္ေတြရဲ႕အုတ္ျမစ္ျဖစ္တဲ့စည္းမ်ဥ္းေတြအတိုင္း ျမန္မာႏိုင္ငံက ခိုင္ခိုင္မာမာရပ္တည္ေနၿပီး ဘဂၤလားေဒ့႐ွ္ႏိုင္ငံဘက္ ထြက္ေျပးသြားတဲ့လူအမ်ားႀကီးနဲ႔ပတ္သက္လို႔ လြဲမွားတဲ့လုပ္ရပ္ေတြကို တာ၀န္ခံခိုင္းရမယ္ဆိုတာလည္း ျမန္မာႏိုင္ငံက ဆန္႔က်င္ေနတာမဟုတ္ဘူးလို႔ ဦးေက်ာ္တင့္ေဆြက ႐ွင္းလင္းခဲ့ပါတယ္။

ဇူလိုင္ ၄ ရက္မွာ အိုင္စီစီေ႐ွ႕ေနတစ္ေယာက္က ရခိုင္အေရးစြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး တရားခြင္အႀကိဳစစ္ေဆးမႈလုပ္ဖို႔ေတာင္းဆိုခဲ့ပါတယ္။

အာဆာအၾကမ္းဖက္အဖြဲ႔ရဲ႕လုပ္ရပ္ေတြကို ပယ္ထုတ္ထားလို႔ အဲဒီေတာင္းဆိုမႈဟာ ျပႆနာ႐ွိႏိုင္တယ္လို႔ ႏိုင္ငံတကာကၽြမ္းက်င္သူေတြက ထုတ္ေျပာထားပါတယ္။

#TheFifthWaveNews
Photo-Screenshot form UN Livestream

———————————————

လူ့အခွင့်အရေးကိုကာကွယ်ဖို့လား၊ လူ့အခွင့်အရေးအကြောင်းပြနိုင်ငံရေးရည်ရွယ်ချက်လားလို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ထောင်စုဝန်ကြီးမေးခွန်းထုတ်

စက်တင်ဘာ ၂၉
ဥက္ကာ

ကုလသမဂ္ဂအထွေထွေညီလာခံကိုတက်ရောက်နေတဲ့နိုင်ငံတွေဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့လား၊ ဒါမှမဟုတ် လူ့အခွင့်အရေးကိစ္စတွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အပိုင်စီးချင်တာလားလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက မေးခွန်းထုတ်လိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာ ကုလသမဂ္ဂညီလာခံမှာ မိန့်ခွန်းပြောစဉ် ကုလသမဂ္ဂရဲ့အစီရင်ခံစာတွေမှာ အချက်အလက်အမှားတွေပါဝင်နေတယ်ဆိုတာပြောနေတုန်း ထည့်သွင်းမေးမြန်းခဲ့တာပါ။

“မကြာသေးခင်ကထုတ်ပြန်တဲ့အစီရင်ခံစာတွေမှာ ပုံပျက်ပန်းပျက်မတိကျတာတွေပါနေတယ်။ ပြီးတော့ ကျွမ်းကျင်သူတွေရဲ့ရည်မှန်းချက်ကင်းမဲ့နေတာတွေ့ရပါတယ်။ ဒီညီလာခံရဲ့လုပ်ဆောင်မှုတွေနောက်ကွယ်ကလှုံ့ဆော်မှုတွေကို ခွဲခြားဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကျွန်တော်တို့တောင်းဆိုပါတယ်။ လူ့အခွင့်အရေးကိုကာကွယ်ဖို့ဆိုတဲ့စစ်မှန်တဲ့ဆန္ဒလား၊ ဒါမှမဟုတ် နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် လူ့အခွင့်အရေးကိစ္စတွေမှာ မောင်ပိုင်စီးချင်တာပါလား။”လို့ ဦးကျော်တင့်ဆွေက မေးခွန်းထုတ်ပါတယ်။

စက်တင်ဘာ ၉ ရက်မှာ အပြည်ပြည်ဆိုင်ရာဥပဒေတွေအောက်က လေးနက်တဲ့ရာဇဝတ်မှုအထောက်အထားတွေကို ဆက်လုပ်ဖို့နဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးတရားစီရင်နိုင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလုပ်ပိုင်ခွင့်ပေးထားတဲ့ မြန်မာနိုင်ငံအတွက်လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား(IIMM)ကို မြန်မာနိုင်ငံကိုပြည်ဝင်ခွင့်ပိတ်ခံထားရတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က လက်လွှဲပေးခဲ့ပါတယ်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့နောက်ဆုံးအစီရင်ခံစာတွေက ဒီမိုကရေစီနည်းလမ်းနဲ့ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရနဲ့ ငြိမ်းချမ်းရေးကိုချစ်တဲ့မြန်မာနိုင်ငံသားတွေကို ရန်လိုစိတ်တွေဖြစ်အောင် လှုံ့ဆော်ခဲ့လို့ IIMMကိုလည်း ဆန့်ကျင်တယ်လို့ ဦးကျော်တင့်ဆွေကပြောပါတယ်။

“နိုင်ငံတကာရာဇဝတ်ခုံရုံး(အိုင်စီစီ)အပါအဝင် မြန်မာနိုင်ငံကိုရုံးတင်စစ်ဆေးဖို့လုပ်နေတဲ့ IIMMကိုလည်း ဆန့်ကျင်ပါတယ်။”လို့ ဦးကျော်တင့်ဆွေက ကြေညာပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်လို့ဖြစ်နိုင်တဲ့ပတ်ဝန်းကျင်ဖန်တီးဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နှစ်နိုင်ငံသဘောတူညီချက်အရ အပြည့်အဝဘေးကင်းပြီးသိက္ခာရှိရှိနေရပ်ပြန်နိုင်တယ်ဆိုတာ ဘင်္ဂါလီတွေကိုနားချဖို့ မြန်မာနိုင်ငံကိုတိုက်တွန်းကြောင်းဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက စက်တင်ဘာ ၂၆ ရက်မှာလက်ခံအတည်ပြုထားပါတယ်။

နိုင်ငံမဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)မျိုးနွယ်စုတွေ နိုင်ငံသားဖြစ်ခွင့်ကင်းမဲ့နေတာအဆုံးသတ်သင့်ပြီလို့ မြန်မာအစိုးရကိုတိုက်တွန်းတယ်ဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာဒုတိယမဟာမင်းကြီး ကိတ် ဂေလ်မောက ဇူလိုင်လဆန်းပိုင်းမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကိုတင်ပြတဲ့ နောက်ဆုံးရအချက်အလက်တွေမှာ ထည့်သွင်းပြောဆိုပါတယ်။

ယခင်လူဦးရေကတော့ ၁၀၀၀၀၀၀ နီးပါးရှိပေမဲ့ ဒီနေ့မှာတော့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ၂၄၀၀၀၀ လောက်ပဲကျန်ရှိနေပြီး သူတို့တွေဟာလည်း ရက်စက်တဲ့လုပ်ရပ်တွေနဲ့တွေ့ကြုံနေရတုန်းပဲလို့ မစ္စဂေလ်မိုးက ပြောခဲ့ပါတယ်။
မေလနောက်ပိုင်းအစီရင်ခံစာတွေမှာလည်း ကျန်နေတဲ့အိမ်တွေကို ပြာပုံဖြစ်တဲ့အထိမီးရှို့ခံခဲ့ရတယ်လို့ စွပ်စွဲချက်တွေလည်းရှိနေချိန်မှာ အဲဒီဖြစ်ရပ်တွေအတွက် မြန်မာအစိုးရက အရေးယူဆောင်ရွက်ချက်တွေမရှိဘူးလို့လည်း ဂေမိုးကပြောခဲ့ပါတယ်။

နိုင်ငံတကာတရားဥပဒေဆိုင်ရာအစီအစဉ်တွေရဲ့အုတ်မြစ်ဖြစ်တဲ့စည်းမျဉ်းတွေအတိုင်း မြန်မာနိုင်ငံက ခိုင်ခိုင်မာမာရပ်တည်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့လူအများကြီးနဲ့ပတ်သက်လို့ လွဲမှားတဲ့လုပ်ရပ်တွေကို တာဝန်ခံခိုင်းရမယ်ဆိုတာလည်း မြန်မာနိုင်ငံက ဆန့်ကျင်နေတာမဟုတ်ဘူးလို့ ဦးကျော်တင့်ဆွေက ရှင်းလင်းခဲ့ပါတယ်။

ဇူလိုင် ၄ ရက်မှာ အိုင်စီစီရှေ့နေတစ်ယောက်က ရခိုင်အရေးစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တရားခွင်အကြိုစစ်ဆေးမှုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။

အာဆာအကြမ်းဖက်အဖွဲ့ရဲ့လုပ်ရပ်တွေကို ပယ်ထုတ်ထားလို့ အဲဒီတောင်းဆိုမှုဟာ ပြဿနာရှိနိုင်တယ်လို့ နိုင်ငံတကာကျွမ်းကျင်သူတွေက ထုတ်ပြောထားပါတယ်။

#TheFifthWaveNews
Photo-Screenshot form UN Livestream

Leave a Reply