“အစိုးရနဲ႔လႊတ္ေတာ္က ပုလင္းတူ၊ ဘူးစို႔ျဖစ္သြားရင္ အဲ့ဒါ ဒီမိုကေရစီ ပ်က္သြားၿပီ “

0
7

စက္တင္ဘာ ၂၉
ယဥ္ေကႏြယ္

အစိုးရႏွင့္ လႊတ္ေတာ္မွ ပုလင္းတူ ဘူးစို႔လုပ္ေနအည္ဆိုပါက ဒီမိုကေရစီ ပ်က္မည္ဟု ျပည္သူ႔ ပါတီဥကၠဌ ဦးကိုကိုႀကီးကေျပာဆိုလိုက္သည္။

”သမၼတနဲ႔ လႊတ္ေတာ္နဲ႔ အစိးုရနဲ႔ လႊတ္ေတာ္နဲ႔က ပုလင္းတူဘူးစို႔ျဖစ္သြားၿပီဆိုရင္ အဲ့ဒါဒီမိုကေရစီပ်က္ၿပီ ။ဘာေၾကာင့္လဲဆိုေတာ့အစိုးရကိုလႊတ္ေတာ္ကထိန္းေက်ာင္းရမယ့္အစား ေယာကၡမႏို႔သားမတ္မစို႔ဝ့ံ ဆိုတာ႐ွိတယ္ျမန္မာစကား ။မေျပာရဲအဆိုရဲ၊ဒီၾကားထဲမွာမွအစိုးရကိုအၾကပ္အတည္ျဖစ္ေအာင္မလုပ္ပါနဲ႔ ၊အၾကပ္အတည္းျဖစ္မယ့္ေမးခြန္းေတြမေမးပါနဲ႔ဆိုေတာ့ တကယ္ကအၾကပ္အတည္းျဖစ္ေအာင္လုပ္ေနတာမဟုတ္ဘူး။လႊတ္ေတာ္ကလႊတ္ေတာ္အလုပ္ကိုလုပ္ကိုလုပ္ရမွာ၊အဲ့ဒီအလုပ္တာဝန္ပ်က္သြားၿပီဆိုရင္အဲ့ဒါဒီမိုကေရစီပ်က္တာပဲ၊ ”ဟုေျပာၾကားခဲ့သည္။

ယေန႔ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ ေရႊၾကာပင္ရပ္ကြက္႐ွိ ျပည္သူ႔ပါတီရံုးသစ္ဖြင့္ပြဲအခမ္းအနားမိန္႔ခြန္းေျပာၾကားရာတြင္ ဦးကိုကိုႀကီး မွ အထက္ပါအတိုင္းထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္လႊတ္ေတာ္၏ ပင္မတာဝန္သည္ အစိုးရကိုစိစစ္ထိန္းေက်ာင္းရမည္ျဖစ္ေျကာင္း ဘတ္ဂ်က္မ်ားကိုလည္း စီမံခန္႔ခြဲရမည္ျဖစ္ေၾကာင္း ထို႔အတူ သတ္မွတ္ထားသည့္ ဥပေဒနည္းဥပေဒမ်ားအတိုင္း သမၼတ အေနျဖင့္လည္း ပါဝင္လိုက္နာရမည္ျဖစ္ေၾကာင္း အၾကံျပဳေျပာဆိုခဲ့သည္။

“အစိုးရလုပ္ေနတဲ့ဟာေတြ အစိုးရရဲ႕ကတိကဝတ္ေတြ ဘာေတြေပးထားသလဲ ဘာေတြကိုအေကာင္အထည္ေဖာ္ထားၿပီးၿပီလဲဘာေတြကိုမလုပ္ႏိုင္ဘူးလဲ။မေအာင္ျမင္ဘူးလဲဆိုတာေတြကိုေျပာရမွာ၊ေနာက္တစ္ခုကလည္းဝန္ႀကီးဌာနအလိုက္ကိစၥေတြဆိုရင္လည္းလႊတ္ေတာ္က ေခၚၿပီးၾကားနာရမွာ။ၾကားနာတဲ့အခါမွာတစ္ခါတေလက်လို႔႐ွိရင္ ေမးခြန္း တစ္ခုပဲ ေမးၿပီးေတာ့ေနာက္ဆက္တြဲေမးခြန္းေတြေမး ရမယ့္ကိစၥေတြမွာမေမးႏိုင္တဲ့အခါက်ေတာ့ေမးသာေမးလိုက္တယ္အေျဖကမထြက္ဘူး။ဒါေတြကလႊတ္ေတာ္နဲ႔ပတ္သက္လို႔ေလ့လာေနတဲ့အတြက္ ျမင္ေနရတယ္” ဟု ဦးကိုကိုႀကီး ကေျပာသည္။

ထို႔ေၾကာင့္ လႊတ္ေတာ္၏ ပင္မတာဝန္မ်ားကို လုပ္ေဆာင္ႏိုင္ျခင္းမ႐ွိပါက လႊတ္ေတာ္တာဝန္ကို ပ်က္ကြက္ေနျခင္းျဖစ္ေၾကာင္း ဦးကိုကိုႀကီး ကေျပာသည္။

ထိုသို႔ ပ်က္ကြက္ေနျခင္းသည္ လႊတ္ေတာ္က ပ်က္ကြက္တာလား လႊတ္ေတာ္က လုပ္ခြင့္မရေအာင္ တားဆီးထားလို႔ အခက္အခဲမ်ားျဖစ္ေပၚေနသည္ကိုလည္း သံုးသပ္ၾကရန္ ဦးကိုကိုႀကီးကတိုက္တြန္းေျပာၾကားခဲ့သည္။

ျပည္သူ႔ပါတီသည္ ပါတီတည္ေထာင္ခြင့္မွတ္ပံုတင္ၿပီး သည့္အခ်ိန္မွစတင္၍ ယေန႔ အခ်ိန္အထိ တိုင္းေဒသႀကီးႏွင့္ျပည္နယ္႐ွိ ၿမိဳ႕နယ္မ်ားတြင္ ပါတီရံုးခန္းေပါင္း ၅၀ ေက်ာ္ဖြင့္လွစ္ထားၿပီး ပါတီဝင္ဝင္အင္အားသည္ ၁ ေသာင္းေက်ာ္႐ွိေနၿပီျဖစ္ေၾကာင္းသိရသည္။

———————————————

(Unicode)

“အစိုးရနဲ့လွှတ်တော်က ပုလင်းတူ၊ ဘူးစို့ဖြစ်သွားရင် အဲ့ဒါ ဒီမိုကရေစီ ပျက်သွားပြီ ”

စက်တင်ဘာ ၂၉
ယဉ်ကေနွယ်

အစိုးရနှင့် လွှတ်တော်မှ ပုလင်းတူ ဘူးစို့လုပ်နေအည်ဆိုပါက ဒီမိုကရေစီ ပျက်မည်ဟု ပြည်သူ့ ပါတီဥက္ကဌ ဦးကိုကိုကြီးကပြောဆိုလိုက်သည်။

”သမ္မတနဲ့ လွှတ်တော်နဲ့ အစိးုရနဲ့ လွှတ်တော်နဲ့က ပုလင်းတူဘူးစို့ဖြစ်သွားပြီဆိုရင် အဲ့ဒါဒီမိုကရေစီပျက်ပြီ ။ဘာကြောင့်လဲဆိုတော့အစိုးရကိုလွှတ်တော်ကထိန်းကျောင်းရမယ့်အစား ယောက္ခမနို့သားမတ်မစို့ဝံ့ ဆိုတာရှိတယ်မြန်မာစကား ။မပြောရဲအဆိုရဲ၊ဒီကြားထဲမှာမှအစိုးရကိုအကြပ်အတည်ဖြစ်အောင်မလုပ်ပါနဲ့ ၊အကြပ်အတည်းဖြစ်မယ့်မေးခွန်းတွေမမေးပါနဲ့ဆိုတော့ တကယ်ကအကြပ်အတည်းဖြစ်အောင်လုပ်နေတာမဟုတ်ဘူး။လွှတ်တော်ကလွှတ်တော်အလုပ်ကိုလုပ်ကိုလုပ်ရမှာ၊အဲ့ဒီအလုပ်တာဝန်ပျက်သွားပြီဆိုရင်အဲ့ဒါဒီမိုကရေစီပျက်တာပဲ၊ ”ဟုပြောကြားခဲ့သည်။

ယနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ ပြည်သူ့ပါတီရုံးသစ်ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းပြောကြားရာတွင် ဦးကိုကိုကြီး မှ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်လွှတ်တော်၏ ပင်မတာဝန်သည် အစိုးရကိုစိစစ်ထိန်းကျောင်းရမည်ဖြစ်ကြောင်း ဘတ်ဂျက်များကိုလည်း စီမံခန့်ခွဲရမည်ဖြစ်ကြောင်း ထို့အတူ သတ်မှတ်ထားသည့် ဥပဒေနည်းဥပဒေများအတိုင်း သမ္မတ အနေဖြင့်လည်း ပါဝင်လိုက်နာရမည်ဖြစ်ကြောင်း အကြံပြုပြောဆိုခဲ့သည်။

“အစိုးရလုပ်နေတဲ့ဟာတွေ အစိုးရရဲ့ကတိကဝတ်တွေ ဘာတွေပေးထားသလဲ ဘာတွေကိုအကောင်အထည်ဖော်ထားပြီးပြီလဲဘာတွေကိုမလုပ်နိုင်ဘူးလဲ။မအောင်မြင်ဘူးလဲဆိုတာတွေကိုပြောရမှာ၊နောက်တစ်ခုကလည်းဝန်ကြီးဌာနအလိုက်ကိစ္စတွေဆိုရင်လည်းလွှတ်တော်က ခေါ်ပြီးကြားနာရမှာ။ကြားနာတဲ့အခါမှာတစ်ခါတလေကျလို့ရှိရင် မေးခွန်း တစ်ခုပဲ မေးပြီးတော့နောက်ဆက်တွဲမေးခွန်းတွေမေး ရမယ့်ကိစ္စတွေမှာမမေးနိုင်တဲ့အခါကျတော့မေးသာမေးလိုက်တယ်အဖြေကမထွက်ဘူး။ဒါတွေကလွှတ်တော်နဲ့ပတ်သက်လို့လေ့လာနေတဲ့အတွက် မြင်နေရတယ်” ဟု ဦးကိုကိုကြီး ကပြောသည်။

ထို့ကြောင့် လွှတ်တော်၏ ပင်မတာဝန်များကို လုပ်ဆောင်နိုင်ခြင်းမရှိပါက လွှတ်တော်တာဝန်ကို ပျက်ကွက်နေခြင်းဖြစ်ကြောင်း ဦးကိုကိုကြီး ကပြောသည်။

ထိုသို့ ပျက်ကွက်နေခြင်းသည် လွှတ်တော်က ပျက်ကွက်တာလား လွှတ်တော်က လုပ်ခွင့်မရအောင် တားဆီးထားလို့ အခက်အခဲများဖြစ်ပေါ်နေသည်ကိုလည်း သုံးသပ်ကြရန် ဦးကိုကိုကြီးကတိုက်တွန်းပြောကြားခဲ့သည်။

ပြည်သူ့ပါတီသည် ပါတီတည်ထောင်ခွင့်မှတ်ပုံတင်ပြီး သည့်အချိန်မှစတင်၍ ယနေ့ အချိန်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ မြို့နယ်များတွင် ပါတီရုံးခန်းပေါင်း ၅၀ ကျော်ဖွင့်လှစ်ထားပြီး ပါတီဝင်ဝင်အင်အားသည် ၁ သောင်းကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

Leave a Reply